Home သတင်း ‌ဒေါက်တာစင်သီယာ‌မောင်ကို NLD ပညာ‌ရေးကွန်ယက်အဖွဲ့ လာ‌ရောက်‌တွေ့ဆုံ

‌ဒေါက်တာစင်သီယာ‌မောင်ကို NLD ပညာ‌ရေးကွန်ယက်အဖွဲ့ လာ‌ရောက်‌တွေ့ဆုံ

1524
ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ၏ ပညာ‌ရေးကွန်ယက်မှ ဦးဖြိုးမင်းသိန်း ဦး‌ဆောင်သည့် အဖွဲ့ဝင် ၁၉ဦးသည် ယ‌နေ့ည‌နေ ၅နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် ‌ဒေါက်တာစင်သီယာ‌မောင်အား လာ‌ရောက်‌တွေ့ဆုံ ခဲ့သည်။

NLD ၏ ပညာ‌ရေးကွန်ယက်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်း ၈‌ကျောင်းကို မြန်မာကျပ်‌ငွေ သိန်း ၁၂ဝ လှူဒါန်းရန် လာ‌ရောက်ရင်း ထိုင်းဘက်ခြမ်းအ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းထူ‌ထောင်သူ ‌ဒေါက်တာစင် သီယာ‌မောင်ကို လာ‌ရောက်‌တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“‌ငွေလာလှူရင်း ဒီ(ထိုင်း)ဘက်ကို လာတာက ဒီဘက်‌ကျောင်း‌တွေရဲ့ ရပ်တည်‌နေရတဲ့ အ‌ခြေအ‌နေ‌တွေ ဘယ်လိုအခက်အခဲ ‌တွေ ရှိလဲဆိုတာ လာကြည့်ဖို့ ဆရာမ ‌ဒေါက်တာစင်သီယာ‌မောင်နဲ့ လာ‌တွေ့တာပါ။ ဒီဘက်(ထိုင်း-မြန်မာနယ်စပ်)မှာရှိတဲ့ ‌ကျောင်း ၈‌ကျောင်းက ဆရာ‌တွေကို မနက်ဖြန် မြဝတီမှာ‌တွေ့ပြီး အလှူ‌ငွေ‌ပေးမယ်”ဟု NLD ပညာ‌ရေးကွန်ယက်မှ တာဝန်ခံ ဦးဖြိုးမင်းသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်နှင့် ‌တွေ့ဆုံစဉ် နယ်စပ်ထိစပ်‌နေသည့် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားတွင် ‌ရွှေ့‌ပြောင်းမြန်မာများ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး ကိစ္စရပ်များကို နှစ်ဘက်စလုံး ဆက်စပ်နိုင်‌ရေးနှင့် ‌ရွှေ့‌ပြောင်းမြန်မာများ မြန်မာနိုင်ငံအတွင်းသို့ ပြန်သွား နိုင်မည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများမှာ လက်‌တွေ့ကျရန် လိုအပ်‌ကြောင်းတို့ကို ‌ဆွေး‌နွေးခဲ့သည်ဟု သူက ဆက်‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “သူတို့(NLD ပညာ‌ရေးကွန်ယက်)နဲ့ ‌တွေ့ဆုံခဲ့ရာမှာ နယ်စပ်‌နေရာရဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေး အ‌ခြေအ‌နေနဲ့ ပြည်တွင်းနဲ့ ဆက်စပ်‌ဆောင်ရွက်နိုင်တဲ့ အ‌ခြေအ‌နေ‌တွေကို လမ်း‌ကြောင်းတစ်‌ကြောင်း ပွင့်လာ‌အောင် ကျမတို့ ဆက်လုပ်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဆက်တည်း၌ပင် ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်းများအတွက် ယခု လာ‌ရောက်လှူဒါန်းသည့် ကျပ်‌ငွေသိန်း ၁၂ဝသည် ပြီးခဲ့ သည့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလက NLD ပညာ‌ရေးကွန်ယက်၏ ၂နှစ်ပြည့် ပညာ‌ရေးရန်ပုံ‌ငွေ ပွဲ‌တော်မှ ရရှိခဲ့သည့် ‌ငွေများထဲမှ ဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ဆိုသည်။

ဦးဖြိုးမင်းသိန်းက “မြန်မာပြည်တွင်းရဲ့ ‌ပြောင်းလဲလာတဲ့ အ‌ခြေအ‌နေမှာ အလှူရှင်‌တွေဟာ ပြည်တွင်းဘက်ကိုပဲ ကူညီကြတာ များတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ရန်ပုံ‌ငွေ ရှာလို့ရတဲ့‌ငွေ‌တွေကို ကြည့်ပြီး စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါ အရင်က ခက်ခဲတဲ့ အ‌ခြေအ‌နေထဲမှာရှိတဲ့ ဒီ‌ရွှေ့‌ပြောင်းမြန်မာ‌တွေဟာ အကူအညီ‌တွေ ရတယ်။ အခု‌နောက်ပိုင်း ကူညီမှု‌တွေ နည်းလာလို့ လာကူညီတာ”ဟု ဖြည့်စွက်‌ပြောဆိုသည်။

NLD ပညာ‌ရေးကွန်ယက်မှ အဖွဲ့ဝင်များသည် ယမန်‌နေ့ (ဇန်နဝါရီလ ၂၅ရက်‌နေ့)ညက ရန်ကုန်မြို့မှ စတင်ထွက်ခွါ၍ မြဝတီမြို့ သို့‌ရောက်ရှိပြီး ယ‌နေ့ည‌နေတွင် ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ‌တွေ့ဆုံခဲ့သည်။ ၎င်းတို့အဖွဲ့သည် ဇန်နဝါရီလ ၂၇ရက် (မနက် ဖြန်)တွင် မြဝတီမြို့ရှိ မြဝတီဟိုတယ်၌ ‌ရွှေ့‌ပြောင်းမြန်မာစာသင်‌ကျောင်းများမှ ‌ကျောင်းဆရာ၊ ဆရာမများထံ အလှူ‌ငွေ‌ပေးအပ်ပွဲ ပြုလုပ်ပြီး ည‌နေပိုင်းတွင် မြဝတီမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။