Home သတင်း ကချင်‌ဒေသထိုးစစ်‌ကြောင့် စစ်မှန်‌သောငြိမ်းချမ်း‌ရေး ဦးတည်နိုင်မည် မဟုတ်ဟု TSYO ‌ပြောဆို

ကချင်‌ဒေသထိုးစစ်‌ကြောင့် စစ်မှန်‌သောငြိမ်းချမ်း‌ရေး ဦးတည်နိုင်မည် မဟုတ်ဟု TSYO ‌ပြောဆို

1718
ဇန်နဝါရီလ ၄ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

မြန်မာအစိုးရသည် ကချင်နယ်‌မြေ‌ဒေသအတွင်း စစ်တိုက်‌လေယာဉ်များအသုံးပြုကာ စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်‌နေခြင်းမှာ စစ်မှန်‌သောငြိမ်းချမ်း‌ရေးဆီသို ့ ဦးတည်နိုင်မည် မဟုတ်‌ကြောင်း တအာင်း(ပ‌လောင်) ‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး- TSYO မှ ယ‌နေ့ ‌ပြောကြား လိုက်သည်။

TSYO ဗဟိုအလုပ်မှု‌ဆောင် ‌ကော်မတီဝင် မိုင်ပန်လှက “အစိုးရရဲ့လုပ်တဲ့ ငြိမ်းချမ်း‌ရေး အစက ထင်သာမြင်သာရှိခဲ့‌ပေမယ့် အခု ကချင်ကို အပြင်းအထန် ထိုးစစ်ဆင်မှု‌တွေကို ကြည့်ခြင်းအားဖြင့် ဒါကဘယ်လိုမှ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းမှုနဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်မှသာ စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို ဦးတည်နိုင်မှာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကချင်‌ဒေသအား ‌လေယာဉ်အသုံးပြု၍ အစိုးရစစ်တပ်၏ အပြင်းအထန် ထိုးစစ်ဆင်‌နေမှုသည် မြန်မာအစိုးရမှ ၁၉၉၂ခုနှစ်၊ ဩဂုတ်လ ၂၅ရက်‌နေ့တွင် လက်မှတ်‌ရေးထားခဲ့သည့် နိုင်ငံတကာ လူသားဖြစ်မှုကာကွယ်သည့် ဥပ‌ဒေ (International Humanitarian Law ‌ခေါ် ၁၉၄၉ Geneva Convention) ဂျီနီဗာသ‌ဘောတူစာချုပ်ကို ချိုး‌ဖောက်ရာ‌ရောက်သည်ဟုလည်း ယမန်‌နေ့က ထုတ်ပြန်သည့် TSYO ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ကချင်ပြည်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA နှင့် မြန်မာအစိုးရအကြား စစ်‌ရေးပဋိပက္ခ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၂နှစ်နီးပါးရှိ‌နေပြီဖြစ်သည့်အတွက် ယခုအချိန်တွင် ဒုက္ခသည်‌ပေါင်း တစ်သိန်းနီးပါခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၎င်းတို့သည် စားနပ် ရိက္ခာ၊ ‌ဆေးဝါးနှင့် အဝတ်အထည် စသည်တို့ လိုအပ်လျှက်ရှိ‌ကြောင်း TSYO က ဆိုသည်။

မိုင်းပန်လှက “စစ်ပွဲ‌တွေ‌ကြောင့် ဒုက္ခသည်‌တွေလည်း သိန်းနဲ့ချီရှိ‌နေပြီဆို‌တော့ အခက်အခဲရှိလာပြီ။ ဒါ‌တောင်မှ အကူအညီ ‌ပေး ချင်‌နေတဲ့လူ‌တွေ သွားပြီး‌တော့ကူညီလို့ရ‌အောင်လည်း အစိုးရက‌နေပြီး‌တော့ ကူညီခွင့်မ‌ပေးဘူး။ ‌နောက် ပြည်သူလူထု‌တွေကို ထိခိုက်‌စေတဲ့ ဓာတုလက်နက်‌တွေကို သုံးလာတယ်လို့ သတင်းထွက်‌နေတယ်။ ‌လေယာဉ်နဲ့ပစ်ခတ်တဲ့အချိန်မှာ လူ‌နေအိမ်‌တွေ ကို ထိမှန်သွားတာ‌တွေမျိုးလည်း ‌တွေ့ရတယ်။ ဒါမျိုး အစိုးရက ဒါကို လုံးဝကို ချိုး‌ဖောက်ပြီး‌တော့ လုပ်‌နေတယ်”ဟု ဆိုသည်။

ဆက်လက်၍ မြန်မာ့နိုင်ငံ‌ရေး အသွင်ကူး‌ပြောင်း‌ရေးကာလတွင် အစိုးရ၏ မှုဝါဒလမ်းစဉ်များသည် အမျိုးသား ပြန်လည်သင့်မြတ် ‌ရေးကို ဆန့်ကျင်ရာသို့ ဦးတည်‌နေပြီး လူမျိုးစုတိုင်းရင်းသားများအား ‌ချေမှုန်းသုတ်သင်‌ရေး လုပ်‌နေသည်ဟု TSYO ၏ သ‌ဘော ထား ထုတ်ပြန်ချက်က ‌ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲ‌ရေး ဖြစ်‌ပေါ်လာ‌ရေးနှင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု ဖြစ်‌ပေါ်လာ‌ရေး ကို အခြားတိုင်းရင်းသားအဖွဲ့များနှင့်ပူး‌ပေါင်းကာ TSYO အ‌နေဖြင့် တတ်နိုင်သည့်ဘက်က ပါဝင် လုပ်‌ဆောင်သွားမည်ဟုလည်း မိုင်ပန်လှက ဖြည့်စွက်‌ပြောဆိုသည်။

TSYO ကို ၂၀၀၈ခုနှစ်က ဖွဲ့စည်းခဲ့ပြီး တအာင်းလူငယ်များနှင့် တအာင်းတမျိုးသားလုံး၏ ဘဝဖွံ့ဖြိုးတိုးတက်မြင့်မား‌ရေးအပြင် ငြိမ်းချမ်း‌ရေး၊ တရားမျှတ‌ရေး၊ တန်းတူညီမျှ‌ရေးနှင့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု ဒီမိုက‌ရေစီနိုင်ငံ ‌ပေါ်‌ပေါက်လာ‌ရေးကို ဦးတည်လုပ်‌ဆောင်‌နေ‌သော အဖွဲ့ဖြစ်သည်။