Home သတင်း ၁၈နှစ်‌မြောက် DKBA တပ်မ‌တော်‌နေ့ ကျင်းပပြီးစီး

၁၈နှစ်‌မြောက် DKBA တပ်မ‌တော်‌နေ့ ကျင်းပပြီးစီး

3488
ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ဒီဇင်ဘာလ ၂၁ရက်‌နေ့ ကျ‌ရောက်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) တည်‌ထောင်ခြင်း ၁၈နှစ်‌မြောက် နှစ်ပတ် လည်‌နေ ့အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကွင်း (‌ကော်သူးမွဲးခီး)တွင် ယမန် ‌နေ့ မနက်ပိုင်းက ကျင်းပပြီးစီးခဲ့သည်။

အခမ်းအနားကို နံနက် ၇နာရီအချိန်ခန့်တွင် DKBA ဂုဏ်ပြုစစ်‌ရေးပြတပ်ဖွဲ ့အပါအဝင် စစ်‌ကြောင်း ၁ဝ ‌ကြောင်းကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်မှ စစ်‌ဆေးခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်း‌နောက် နာယက ဆရာ‌တော်ဘုရားကြီး မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇနမှ ဩဝါဒကထာ မြွက်ကြားခြင်း၊ ဗိုလ်ချုပ်ကြီး‌စောလားပွယ်နှင့် Kaloo-htoo-baw Karen Organization (KKO) ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စောမို‌ရှေးတို့က မိန့်ခွန်းစကားများ အသီးသီး ‌ပြောကြားခဲ့ကြသည်။

“အခုလို DKBA ‌နေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပတာဟာ အဖွဲ ့အစည်း မ‌ပျောက်ပျက်သွား‌အောင် ‌နောင်လာမယ့် တပ်သား ‌တွေကို ထိန်းသိမ်း‌စေချင်တယ်။ ကျ‌နော်တို့အဖွဲ့တစ်ခုထဲ ကိုယ်စားပြုပြီး လုပ်တာမဟုတ်ဘူး။ ကရင်လူထုအတွက်‌ရော၊ အစိုးရ ကို ‌တော်လှန်‌နေတဲ့ တိုင်းရင်သားအဖွဲ့‌တွေကိုပါ ကိုယ်စားပြုပြီး‌တော့ လုပ်တာဖြစ်တယ်။ ဒါ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့ အစဉ်အ လာကို ဆက်လက် ထိန်းသိမ်းသွားဘို့ လိုမယ်”ဟု ဗိုလ်ချုပ်ကြီး ‌စောလားပွယ်က ‌ပြောသည်။

စစ်အစိုးရက DKBA တပ်ဖွဲ့၏ အစိတ်အပိုင်းအချို့ကို နယ်ခြား‌စောင့်တပ်အဖြစ် ၂၀၁ဝခုနှစ်၊ ဩဂုတ်လတွင် အသွင်‌ပြောင်း ဖွဲ့ စည်း‌စေခဲ့ရာ လက်မခံသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဗိုလ်ချုပ်ကြီး‌စောလားပွယ်က ဦး‌ဆောင်ကာ ၂၀၁ဝခုနှစ်၊ နိုဝင်ဘာ လတွင် အစိုးရအား ပြန်လည်‌တော်လှန်ခဲ့သည်။

“ဒီ‌ကေဘီ‌အေကို ပ‌ပျောက်‌အောင် ကြိုးစားလုပ်‌ဆောင်‌နေတဲ့ အဖွဲ ့‌တွေထဲမှာ မြန်မာအစိုးရသာမက တခြားအဖွဲ့အစည်း‌တွေ လည်း ရှိကြပါတယ်။ ကျ‌နော်တို့လည်းပဲ နိုင်ငံနှင့် လူမျိုးအတွက် ရပ်တည်တဲ့ အဖွဲ့အစည်းတခုပဲ။ ဒါ‌ကြောင့် ဘယ်သူ‌တွေဘာပဲ လုပ်လုပ် ဒီ‌ကေဘီ‌အေကို ဆက်လက်ရှင်သန်‌အောင် လုပ်ရမယ်။ ရှင်သန်ဘို့အတွက်လည်း ကျ‌နော်တို့အ‌နေနဲ့လည်း တာဝန်ရှိ တယ်”ဟု ကလို့ထူးဝါး စစ်ဗျူဟာမှူး ဗိုလ်မှူးချုပ်‌စော‌ကျော်သက်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားသည်။

ဒီ‌ကေဘီ‌အေ၏ အနာဂတ် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ ကလိုထူး‌ဘော အ‌ခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်း‌အောင်က “နိုင်ငံ‌ရေးနဲ ့ ပတ်သက်ရင်‌တော့ ကျ‌နော်တို့က မိခင် KNU အဖွဲ ့နဲ့ပဲ အတူလက်တွဲ ‌ဆောင်ရွက်သွား မယ်။ ဒါ‌ပေမဲ့ အရပ်သားအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို အမှန်တကယ် ‌ဖော်‌ဆောင်မယ်ဆိုရင် ကျ‌နော်တို့လည်း မ‌ထောက်ခံ စရာ အ‌ကြောင်းမရှိပါဘူး။ အခုဟာက ငြိမ်းချမ်း‌ရေးကို လိုလားတယ်လို့ ‌အော်ထားပြီး‌တော့ ကချင်ဘက်မှာ တိုက်ပွဲ‌တွေ ‌နေ့စဉ် လိုလို ဖြစ်‌နေကြတယ်။ ဒါ‌တွေက မဖြစ်သင့်တဲ့ကိစ္စပါ”ဟု သူက ‌ပြောသည်။

ဗိုလ်ချုပ်ကြီး‌စောလားပွယ်က “ကျ‌နော်တို့ DKBA က ကရင်‌ခေါင်း‌ဆောင်ကြီးများရဲ့ အဓိပ္ပာယ်ရှင်းလင်း ပြတ်သားပြီး တိကျခိုင် မာတဲ့၊ အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်တဲ့ မိန့်မှာချက်များကို ‌သေ‌သေချာချာ နာယူမှတ်သားပြီး‌တော့ မိမိတို့အဖွဲ့အ စည်းနဲ့ မိမိတို့အမျိုးသားထုတရပ်လုံးရဲ့ ဘဝ ဘက်‌ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မ‌မေ့မ‌လျှော့ မ‌လျှော့‌သောဇွဲနဲ့ မိမိတို့ရဲ့ ပန်းတိုင်ကို မ‌ရောက် မချင်း ဆက်လက်ချီတက်သွားကြမယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားသွားသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ ့ချုပ် (NLD)၊ ကရင်နီပြည် လူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက်‌ရေး တပ်မ‌တော်နှင့် ရှမ်းပြည်လူမျိုး‌ပေါင်းစုံလွတ်‌မြောက်‌ရေး အဖွဲ့မှ ‌ပေးပို့လာ‌သော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။

၁၈နှစ်‌မြောက် ဒီ‌ကေဘီ‌အေ တပ်မ‌တော် နှစ်ပတ်လည်‌နေ့ အခမ်းအနားသို့ ကရင်နီပြည် လူမျိုး‌ပေါင်းစုံ လွတ်‌မြောက်‌ရေးတပ်ဦး၊ ရှမ်းပြည်လူမျိုး‌ပေါင်းစုံ ပြည်သူ့ လွတ်‌မြောက်‌ရေးအဖွဲ့ ၊ KNU/ KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ရခိုင်ပြည်တပ်မ‌တော်၊ မြဝတီမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် အစိုးရ၏ ‌ဒေသဆိုင်ရာ စစ်တပ်အရာရှိများအပြင် ဗိုလ်ကြီး‌ဟောင်း‌နေမျိုးဇင် အပါအဝင် ဧည့်ပရိဿတ် ‌လေး‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ကိုသား‌ထွေး ဦး‌ဆောင်‌သော “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း”အဖွဲ့ကလည်း ငြိမ်းချမ်း‌ရေး ‌တေးဂီတ စင်တင်ပွဲ၊ ကရင်ဒုံးယိမ်းအကပြိုင်ပွဲ၊ ရိုးရာလက်‌ဝှေ့ပွဲ၊ ဇာတ်သဘင် အကတို့ဖြင့် ‌ဖျော်‌ဖြေ တင်ဆက်ကြ‌ကြောင်း သိရသည်။