Home သတင်း ‌ရွှေ့‌ပြောင်းပညာ‌ရေးအလှူ‌ငွေ ဆက်လက် ရရှိရန် ထိုင်းဝန်ကြီး ချုပ်‌ဟောင်း စည်းရုံးလှုံ့‌ဆော်မည်

‌ရွှေ့‌ပြောင်းပညာ‌ရေးအလှူ‌ငွေ ဆက်လက် ရရှိရန် ထိုင်းဝန်ကြီး ချုပ်‌ဟောင်း စည်းရုံးလှုံ့‌ဆော်မည်

1735
ဒီဇင်ဘာလ ၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့နယ်အတွင်း ရှိ ‌ရွှေ့‌ပြောင်းပညာ‌ရေးအတွက် နိုင်ငံတကာမှ ‌ငွေ‌ကြေး အကူအညီများ ဆက်လက်ရရှိရန် အလှူရှင် များကို စည်း ရုံးလှုံ့‌ဆော်‌ပေးသွားမည်ဟု ထိုင်းဝန်ကြီး ချုပ် ‌ဟောင်း အဘီစစ် ‌ဝေ့ချာချီဝ က ‌ပြောသည်။

ယမန့်‌နေ့ ‌နေ့လည်ပိုင်းက မဲ‌ဆောက်မြို့ရှိ ဆာ့သူး‌လေ စာသင်‌ကျောင်းသို့ ထိုင်းဝန်ကြီးချုပ်‌ဟောင်း အဘိစစ် သွား‌ရောက်လည်ပတ်စဉ် ‌ရွှေ့‌ပြောင်းမြန် မာနိုင်ငံသားများ ရသင့်ရထိုက်သည့် လူသားချင်းဆိုင်ရာ အခွင့်အ ‌ရေးများကို ရရှိ‌အောင် ပူး‌ပေါင်းလုပ်‌ဆောင်ကြရ မည်ဖြစ်‌ကြောင်းနှင့် လက်ရှိ‌လျှော့ နည်း‌နေသည့် အလှူ ‌ငွေများကိုလည်း ဆက်လက်ရရှိ‌အောင် ကြိုးပမ်း‌ပေး သွားမည်ဟု ‌ပြောသွား‌ကြောင်း မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ (BMWEC) မှ ဥက္ကဌ ‌နော်‌ဖော‌ရေ က ‌ပြောသည်။

‌နော်‌ဖော‌ရေက “ဒီနယ်စပ်က‌နေ အထက်တန်းပညာ ‌အောင်မြင်ပြီးသွားတဲ့ က‌လေး‌တွေ ထိုင်း၊ မြန်မာ နှစ်နိုင်ငံက အသိအမှတ်ပြုပြီး တက္ကသိုလ်‌တွေဆက်တက်ခွင့်ရဖို့၊ က‌လေး‌တွေကိုလည်း နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ အခုဆိုရင်မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုပြီး အလှူရှင်‌တွေက အထဲကို‌ပေး‌နေတာများတယ်။ ‌ပြောင်းလဲတယ် ဆို‌ပေမယ့် အစပိုင်းပဲရှိ‌သေးတာမို့ ဒီကလူ‌တွေက မပြန်နိုင်‌သေးတဲ့အတွက် အကူအညီ လိုအပ်‌နေ‌သေး တဲ့အ‌ကြောင်း‌ပြောဖြစ်ပါတယ်” ဟု ‌ပြောသည်။

ထို့အပြင် ထိုင်းဝန်ချုပ်‌ဟောင်း အဘီစစ်သည် မကြာမီ အဂင်္လန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပပြုလုပ်‌တော့မည့် The Children Trust အဖွဲ့၏ နှစ် ၃ဝပြည့်အခမ်းအနားသို့ တက်‌ရောက်မည်ဖြစ်ပြီး သူ့အ‌နေဖြင့် ထို‌ဆွေး‌နွေးပွဲ တွင် ထိုင်းနယ်စပ် ပညာ‌ရေးအတွက် နည်းလမ်းများ ရှာ‌ဖွေပြီး အတက်နိုင်ဆုံး စည်းရုံးလှုံ့‌ဆော် ‌ပေးသွား မည်ဟု ‌နော်‌ဖော‌ရေ က ဆက်လက်ရှင်းပြသည်။

ထိုင်းဝန်ကြီးချုပ်‌ဟောင်း အ‌နေဖြင့် မဲ‌ဆောက်မြို့သို့ လာ‌ရောက်လည်ပတ်ရခြင်း မှာ နယ်စပ်‌ဒေသရှိ က‌လေးငယ်များ၏ ပညာ‌ရေးနှင့် ‌ရွှေ့‌ပြောင်းမြန်မာနိုင်ငံသားများ၏ ကျန်းမာ‌ရေး အ‌ခြေအ‌နေများကို လာ‌ရောက်‌လေ့လာခြင်း ဖြစ်‌ကြောင်းလည်း သိရသည်။

မဲ‌ဆောက်မြို့သို့ ယမန်‌နေ့က ‌ရောက်ရှိခဲ့သည့် ဝန်ကြီးချုပ်‌ဟောင်းနှင့် ထိုင်းတာဝန်ရှိ ပုဂိ္ဂုလ်များသည် ဆာ့သူး‌လေ၊ SAW၊ CDC၊ BMWEC မှတာဝန်ရှိသူများ၊ Stars Flower Center မှ မိဘမဲ့က‌လေးငယ် များ နှင့် ‌တွေ့ဆုံခဲ့ပြီး‌နောက် မယ်‌တော်‌ဆေးခန်းသို့လည်း သွား‌ရောက်လည်ပတ်ခဲ့သည်။
မယ်‌တော်‌ဆေးခန်းကို ဦး‌ဆောင်တည်‌ထောင်ခဲ့သူ ‌ဒေါက်တာစင်သီယာ‌မောင်က “အထူးတလည် ဘာမှ‌တော့ မ‌ဆွေး‌နွေးဖြစ်ပါဘူး။ သူလာလည်တဲ့အတွက် ဒီနယ်စပ်ကျန်းမာ‌ရေးအ‌ခြေအ‌နေ‌တွေကို မဲ‌ဆောက် ‌ဆေးရုံးကြီးက တာဝန်ရှိသူ‌တွေနဲ့ ပူး‌ပေါင်းပြီး ရှင်းပြ‌ပေးတာမျိုးပါပဲ” ဟု‌ပြောသည်။

ယခင်က မဲ‌ဆောက်မြို့သို့ ထိုင်းအစိုးရတာဝန်ရှိသူများလာ‌ရောက် ‌တွေ့ဆုံမှုများရှိခဲ့‌သော်လည်း ထိုင်း ဝန်ကြီးချုပ်‌ဟောင်း အဘိစစ် အ‌နေဖြင့် နယ်စပ်ပညာ‌ရေးအဖွဲ့များနှင့် လာ‌ရောက်‌တွေ့ဆုံခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်‌ကြောင်း BMWEC ဥက္ကဌ ‌နော်‌ဖော‌ရေက ဆက်‌ပြောသည်။

၎င်းက “ထိုင်းဝန်ကြီးချုပ်‌ဟောင်းတစ်‌ယောက်အ‌နေနဲ့ လာ‌ရောက်‌တွေ့ဆုံပြီး အား‌ပေးနှစ်သိမ့်တဲ့ အတွက်‌ကော၊ ဒီဘက်မှာရှိတဲ့ အဖွဲ့အစည်း‌တွေရဲ့အ‌ခြေအ‌နေကိုလည်း သိရှိသွားတဲ့အတွက် သူ‌ပြောသလိုပဲ ကျမတို့ အတွက် အ‌ကောင်းဆုံးလုပ်‌ဆောင်‌ပေးနိုင်မယ်လို့‌မျှော်လင့်ပါတယ်” ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၈၀‌ကျော်ရှိသည့်အနက် တရားဝင် စာသင်‌ကျောင်း ၇၄‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၇‌သောင်းဝန်းကျင်ခန့် ရှိ‌ကြောင်း BMWEC ၏ မှတ်တမ်းများအရ သိရသည်။