Home သတင်း ဩစ‌တြေးလျား‌ရောက် ကရင်ဘုန်း‌တော်ကြီးတစ်ပါး ပျံလွန်‌တော်မူ

ဩစ‌တြေးလျား‌ရောက် ကရင်ဘုန်း‌တော်ကြီးတစ်ပါး ပျံလွန်‌တော်မူ

2126
‌အောက်တိုဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံ Victoria ပြည်နယ် Melbourne မြို့Werribee ရပ်ကွက် ဖှူံထုင်ယဲပြာထါ့(အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း)တွင် သီတင်းသုံး‌နေထိုင်သည့် သက်‌တော် ၄၅နှစ်၊ ဝါ‌တော် ၂၅ဝါရှိ အရှင်ပညာဝံသ (‌နောင်ဘို)သည် ပြီးခဲ့သည့်အပတ်က ပျံလွန်‌တော်မူသွားခဲ့သည်။

အရှင်ပညာဝံသသည် ယခုလ ၂ဝရက်‌နေ့က ဩစ‌တြေးလျားနိုင်ငံ၊ Melbourne (မဲလ်ဘမ်း)မြို့၊ Werribee Mercy Hospital ‌ဆေးရုံတွင် ‌ဒေသစံ‌တော်ချိန် နံနက် ၆နာရီ ၅ဝမိနစ်၌ အသည်းကင်ဆာ‌ရောဂါဖြင့် ပျံလွန်‌တော်မူခဲ့ခြင်းဖြစ်သည်။

မဲလ်ဘမ်းအ‌ခြေစိုက် Melbourne Karen Buddhist Association-MKBA ဗဟို‌ကော်မတီဝင် ‌စောစန်း‌မောင်က “အရှင်ပညာဝံသရှိရင် ဆိုးတိုင်ပင် ‌ကောင်းတိုင်ပင်နဲ့ ပြည်ပဗုဒ္ဓသာသနာအတွက် ‌ဆွေး‌နွေးညှိနှိုင်းလို့ရတယ်။ ခု‌တော့ အရိပ်အာဝါသ‌ကောင်းတဲ့ ‌ညောင် ပင်ကြီးတပင် ‌ခြောက်‌သွေ့ပြိုလဲသွားသလို ခံစားလိုက်ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရဟန်း‌တော် အရှင်ပညာဝံသ၏ ဈာပနကို MKBA (Melbourne Karen Buddhist Association)မှ ဦး‌ဆောင်၍ အဆင့် (၂)ဆင့်ခွဲ ကာ ကျင်းပသွားမည်ဖြစ်ပြီး Funeral service တွင် သပိတ်သွတ်ကာ ‌အောက်တိုဘာလ ၂၉ရက်၊ မွန်းလွဲ ၁နာရီတွင် Altona Memorial Park ၌ မီးသၤဂြိုလ်မည်ဟု သိရသည်။

အရှင်ပညာဝံသသည် ၂၀၀၈ခု၊ ဇန်နဝါရီလတွင် ဩစ‌တြေးလျားနိုင်ငံသို့‌ရောက်ရှိပြီး ပိုးကရင်ဘာသာ (ဖှူံထုင်ယဲ ပြာထါ့)‌ခေါ် မြန်မာဘာသာဖြင့် (အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း) ဖြစ်‌မြောက်‌ရေးအတွက် သက်‌စေ့‌မြေကွက် ‌မြေ ကွက် ၄၅ကွက်ကို ‌ထောက်ပံ့လှူဒါန်းခဲ့သည်။

ထို့အပြင် ‌မွေးရပ်ဇာတိ‌မြေဖြစ်‌သော ‌နောင်ဘိုတွင် ‌ဝေဠုဝံ‌ကျောင်း သာသနာ့အ‌ဆောက်အဦးများနှင့် အထက်တန်း စာသင် ‌ကျောင်းပညာ‌ရေး foundation ကို ‌ထောက်ပံ့ကူညီလှူဒါန်းခြင်း၊ ‌မော်လမြိုင်မြို့ ပြည်‌ကျောင်းပရိယတ္တိ စာသင်တိုက်အတွက် ပလာ‌ရေး ‌ဖောင်‌ဒေးရှင်းကို ကူညီလှူဒါန်းခြင်း၊ ထိုင်းနိုင်ငံမြို့ ဇွဲကပင် ပညာဒါနအသင်း(KDA)တွင် နာယကတစ်ပါးအဖြစ် ထမ်း ‌ဆောင်၍ နှစ်စဉ် ‌ထောက်ပံ့လှူဒါန်းခဲ့သူ ရဟန်း‌တော်တစ်ပါးလည်း ဖြစ်သည်။

ငယ်မည် ‌စောမြင့်ကြည်ဖြစ်သူ အရှင်ပညာဝံသကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌နောင်ဘိုကြီး‌ကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၃၃ဝခုနှစ်၊ တန်ခူးလပြည့်‌ကျော် ၆ရက် ကြာသပ‌တေး‌နေ့တွင် ခမည်း‌တော် ဦး‌အောင်လှစိန်၊ မယ်‌တော် ‌ဒေါ်‌ရွှေမြိုင်တို့မှ ဖွားမြင် ခဲ့ပြီး ‌မွေးချင်းနှစ်‌ယောက်အနက် အကြီးဆုံး သားဦးရတနာ ဖြစ်သည်။