Home သတင်း ‌ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်း ထားဝယ်‌ဒေသခံ ၁၀၀‌ကျော် တက်‌ရောက်

‌ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်း ထားဝယ်‌ဒေသခံ ၁၀၀‌ကျော် တက်‌ရောက်

1789
‌အောက်တိုဘာလ ၈ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

တနသင်္ာရီတိုင်း ထားဝယ်ခရိုင်ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်-ကရခ ၏ စစ်ဗျူဟာ(၂) ကွပ်ကွဲမှုလက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း (၁၀၄)ဌာနချုပ် အ‌ခြေစိုက်သည့် ထားဝယ်မြို့ပြင်ပတွင် ‌ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်းကို ယခုလ ၅ရက်‌နေ့မှစ၍ စတင် သင်ကြား‌ပေးခဲ့ရာ ‌ဒေသခံ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကရခ လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်းများဖြစ်ကြသည့် (၁၀၄)၊ (၂၇၃)၊ (၂၈၂)၊ (၂၈၀) နှင့် (၂၅)တို့မှ နည်းပြစုစု‌ပေါင်း ၁ဝဦး က ထားဝယ်ခရိုင်ရှိ မြင်းခံ‌ဘော်၊ ‌တောင်သုံးလုံး၊ ‌ဖောင်း‌တော၊ သပြု‌ချောင်နှင့် ဝါ့ကုန်း‌ကျေးရွာအုပ်စု စသည့် ‌ကျေးရွာအုပ်စုများ မှ ‌ဒေသခံများကို ပြည်သူ့စစ်များအတွက် ‌မြေပြင်‌ပြောက်ကျားတိုက် စစ်သင်တန်းသင်ကြား‌ပေးခြင်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် နီးစပ်သူတစ်ဦးက “အရင်က သင်တန်းတက်ဖူးတဲ့သူ‌တွေပဲ ပြန်တက်ကြတာပါ။ ရန်သူနဲ့‌တွေ့ရင် ဘယ်လိုပစ် ခတ်ရတယ်နဲ့ ဘယ်လိုလှုပ်ရှား‌ဆောင်ရွက်ရတယ်ဆိုတာ‌တွေကို သင်ပြ‌ပေးတယ်။ အဓိက‌တော့ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက် တာ‌တွေကို သင်‌ပေးပါတယ်”ဟု ‌ပြောသည်။

ယခု သင်ကြား‌ပေးသည့် စစ်သင်တန်းသည် ၂၀၁၂ခုနှစ်၊ ‌အောက်တိုဘာလ ၅ရက်မှ စတင်ကာ ဒီဇင်ဘာလကုန်ပိုင်းအထိ သုံးလတာ ကြာမြင့်ပြီး သင်တန်းကာလအတွင်း သင်တန်းသားများ၏ စား‌ရေး‌သောက်‌ရေးကိစ္စများကို ခလရ(၁၀၄)တပ်ရင်းမှစီစဉ်‌ပေးပြီး လစာ‌ကြေး‌ငွေ ‌ပေး‌ဆောင်ခြင်းမရှိ‌ကြောင်းလည်း သိရသည်။

အမည်မ‌ဖော်လိုသူ ထားဝယ်မြို့ခံတစ်ဦးကလည်း “ဒီသင်တန်းဆင်းပြီးရင် ရွာမှာပဲ ပြန်ပြီး‌နေရတယ်‌လေ။ ပြည်သူ့စစ်ဆို ‌တော့ ရွာကိုပဲ လုံခြုံ‌အောင် ကာကွယ်‌စောင့်ကြည့်ဖို့ပဲခိုင်းတာပါ။ လက်နက်‌တွေလည်း စစ်တပ်က‌ပေးထားတယ်။ တချို့ဆို ‌သေနတ် ပစ်တတ်‌နေကြပြီ”ဟု ‌ပြောသည်။

သင်တန်းတက်‌ရောက်ပြီးသည့် ‌ဒေသခံများအ‌နေဖြင့် ကိုယ့်‌ကျေးရွာများတွင် ပြည်သူ့စစ် တာဝန်ထမ်း‌ဆောင်ရာ၌ အချိန်အကန့် အသတ်မရှိဘဲ ရွာသူကြီးများကသာ ဦးစီး‌ဆောင်ရွက်ပြီး အကယ်၍ ကျန်းမာ‌ရေးမ‌ကောင်းလာပါက အနားယူခွင့်ရှိ‌ကြောင်းလည်း သိရသည်။

၎င်းပြည်သူ့စစ်သင်တန်းတွင် အမျိုးသားများကိုသာ ‌ခေါ်ယူပြီး လူလွတ်ဖြစ်‌စေ၊ အိမ်‌ထောင်သည် ဖြစ်‌စေ အသက် ၂၀‌ကျော်မှ အသက် ၅ဝအထိကိုသာ ‌ခေါ်ယူကြ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယင်းပြည်သူ့စစ်သင်တန်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှစတင်ပြီး တစ်လတာကြာချိန်ဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ‌ဒေသခံ များကို သင်ကြား‌ပေးခဲ့ပြီး‌နောက် ယခုသင်ကြား‌ပေး‌နေသည့် ဒုတိယ အကြိမ်‌မြောက်သင်တန်းတွင် ယခင်တက်‌ရောက်ပြီးသူများ နှင့် နာမကျန်းဖြစ်၍ လူအစားထိုး တက်‌ရောက်လာသူများကို သင်ကြား‌ပေး‌နေခြင်း ဖြစ်‌ကြောင်း သိရသည်။