Home သတင်း ဗဟိုအထူးအ‌ရေး‌ပေါ် အစည်းအ‌ဝေး ကျင်းပရန် KNU ညှိနှိုင်း‌ဆွေး‌နွေးပြီးစီး

ဗဟိုအထူးအ‌ရေး‌ပေါ် အစည်းအ‌ဝေး ကျင်းပရန် KNU ညှိနှိုင်း‌ဆွေး‌နွေးပြီးစီး

2142
‌အောက်တိုဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒို‌ရောဂျာခင် အပါအဝင် ခရိုင် ‌ခေါင်း‌ဆောင်အချို့တို့သည် ‌ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် သ‌ဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်း‌ဆွေး‌နွေးပြီး လာမည့် ‌အောက်တိုဘာလ ၂၅ရက်‌နေ့တွင်ဗဟိုအထူးအ‌ရေး‌ပေါ် အစည်းအ‌ဝေးကျင်းပရန် သ‌ဘောတူညီမှု ရရှိခဲ့ သည်။

‌ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ ‌လေးဝါးတပ်စခန်း၌ ယမန်‌နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်း‌ဆွေး‌နွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌ဒေးဗစ်သာ့က‌ပေါ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စောလှ‌ငွေ၊ တွဲဘက်အတွင်း‌ရေးမှူး(၂)ပဒို‌စော‌ဒေါ့‌လေးမူတို့နှင့် တဘက်မှ ပဒို ‌စော‌ရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စော ကွယ်ထူးဝင်း၊ ပဒို‌စော‌လေး‌လော်‌ဆော၊ ဗိုလ်မှူးကြီး ‌စောထူးထူး‌လေးတို့က ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ကြားခံအဖြစ် ‌ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီ၊ တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ် ‌စော‌ဘော‌ကျော်ဟဲနှင့် အရံဗဟို‌ကော်မတီဝင် ‌စော‌စေး လယ်‌တောတို့က တက်‌ရောက်နား‌ထောင်ခဲ့သည်။

‌ဆွေး‌နွေးမှုတွင် ပါဝင်သည့် ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၁) ပဒို‌စောလှ‌ငွေက “ဗဟို‌ကော်မတီ ပုံမှန် အစည်းအ‌ဝေး ကျင်းပဖို့အတွက် အစည်းအ‌ဝေးမှာ လူ‌တွေစုံစုံလင်လင်နဲ့။ ‌နောက် ကျင်းပနိုင်‌အောင်ဆိုလို့ရှိရင် အထူးဗဟို‌ကော်မတီအစည်းအ‌ဝေး ‌ခေါ်မှဖြစ်မယ်ဆိုတာကို Agenda(အစီအစဉ်)ဆွဲပြီး ‌ဆွေး‌နွေးခဲ့ကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ‌ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာအ‌ပေါ် အား‌ကောင်းချက်၊ အားနည်းချက်များကို အ‌ကောင်းဆုံး ‌ဆွေး‌နွေးအ‌ဖြေရှာခဲ့ပြီး အာနည်းချက်များကို သင်ခန်းစာယူရန်နှင့် အား‌ကောင်းချက်များကို ‌ရှေ့ဆက် သယ်‌ဆောင်သွားကြရန် ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်များက ‌အောက်တိုဘာလ ၂၅ရက်တွင် ပြုလုပ်မည့် အထူးအ‌ရေး‌ပေါ်အစည်း အ‌ဝေးတွင် မကြာ‌သေးမီက ထုတ်ပယ်ခံရသည့် ထိပ်တန်း‌ခေါင်း‌ဆောင်တို့၏ ကိစ္စနှင့် အဖွဲ့အတွင်း ဖြစ်‌ပေါ်‌နေ သည့် အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးညှိနှိုင်းကြကာ ထိုမှတဆင့် ၁၄ ကြိမ်‌မြောက် ညီလာခံသက်တမ်း၏ ‌နောက်ဆုံးဗဟို‌ကော်မတီအစည်းအ‌ဝေးကို ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

၎င်း‌နောက် ၁၅ ကြိမ်‌မြောက် ‌ကေအဲန်ယူ ညီလာခံကို ဆက်လက် ကျင်းပပြီး လာမည့်သက်တမ်းအတွက် တာဝန်ယူမည့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်သစ်တို့ကို ‌ရွေးချယ်သွားမည်။