Home သတင်း “ဇွတ်‌ခေါ်တဲ့ လွှတ်‌တော်” ဟာသဗီဒီယိုဇာတ်လမ်းတို WLB မှ မကြာမီ ဖြန့်ချိ‌တော့မည်

“ဇွတ်‌ခေါ်တဲ့ လွှတ်‌တော်” ဟာသဗီဒီယိုဇာတ်လမ်းတို WLB မှ မကြာမီ ဖြန့်ချိ‌တော့မည်

2381
စက်တင်ဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး ဖြစ်‌ပေါ်‌ပြောင်းလဲ‌နေမှု အ‌ခြေအ‌နေများကို ပြည်သူလူထုများသိရှိ‌စေရန်နှင့် လွှတ်‌တော်အ‌ရေး ပိုမို စိတ်ဝင်စားမှု ရှိ‌စေရန် နိုင်ငံ‌ရေးအရ ‌လှောင်‌ပြောင်သ‌ရော်ထားသည့် “ဇွတ်‌ခေါ်တဲ့လွှတ်‌တော်” အမည်ရှိ ရုပ်သံ ဗီဒီယို ဟာသဇာတ်လမ်းတိုကို အမျိုးသ မီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)က မကြာမီ ဖြန့်ချိသွားမည်ဖြစ်သည်။

WLB က အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “ကျမတို့ ဒီဇာတ်လမ်း‌ခွေကို ဒီဗွီဘီ သတင်းရုပ်သံက‌နေတဆင့် ဒီလအတွင်း ထုတ်လွှင့်ပြသသွားဖို့ ရှိတယ်။ ပြီးမှ စီဒီ‌ခွေ ပြန်ထုတ်မှာဖြစ်ပါတယ်။ ဒီဗွီဘီက လူ‌တွေနဲ့လည်း စကား‌ပြောထားပြီးပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြသချိန် ၄၃မိနစ်ခန့်ကြာသည့် ယင်းဇာတ်လမ်းတွင် အဓိကအားဖြင့် သရုပ်‌ဆောင် ၂၄ဦး ပါဝင်ပြီး ထိုင်းနိုင်ငံ- ချင်းမိုင်မြို့ Holiday Garden Hotal တွင် WLB မှ ဦးစီး၍ ယမန်‌နေ့က မိတ်ဆက်ပြပွဲအဖြစ် ထုတ်လွှင့်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပြည်သူလူထုများသည် လွှတ်‌တော်ကို ပထမဦးဆုံး ‌တွေ့ကြုံခံစား‌နေရသည့် အ‌နေအထားဖြင့် လွှတ်‌တော်ထဲတွင် မည်သည့် အ‌ကြောင်းအရာများ ‌ဆွေး‌နွေးတင်ပြကြသည်၊ ပြည်သူလူထုအတွက် ရပ်တည်၍ အတိုင်းအတာမည်မျှ ကိုယ်စားပြု‌ဆွေး‌နွေး‌နေသည်ကို ပြည်သူတစ်ရပ်လုံး သိ‌စေချင်‌သော‌ကြောင့် ၎င်းဇာတ်လမ်းကို ရိုက်ကူးစီစဉ်ခဲ့ခြင်း ဖြစ်‌ကြောင်း WLB က ‌ပြောဆိုသည်။

လတ်တ‌လောတွင် လွှတ်‌တော်သည် အရင်ကထက် ‌ရေပန်းစားလာပြီး အစည်းအ‌ဝေး ခဏခဏ‌ခေါ်ယူမှု၊ ‌ပြောဆို‌ဆွေး‌နွေးမှု၊ အတိုက်အ ခံများဘက်မှ အ‌ကြောင်းအရာ‌ပေါင်းစုံကို ‌ဆွေး‌နွေးတင်ပြကြမှု၊ ပယ်ချခံရမှုများကို အ‌ခြေခံကာ ယခု ဇာတ်လမ်းကို “ဇွတ်‌ခေါ်တဲ့ လွှတ် ‌တော်” အမည်‌ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း WLB က ‌ပြောသည်။

‌ဒေါ်တင်တင်ညိုက “ပြည်သူ‌တွေ ဒါ‌လေးကို ကြည့်လိုက်ခြင်းဖြင့် လွှတ်‌တော်ကို ပိုပြီး စိတ်ဝင်စားလာမယ်။ လွှတ်‌တော်ဟာ သူတို့အတွက် တကယ်ပဲ ကိုယ်စားပြုပြီး‌တော့မှ နိုင်ငံအ‌ပြောင်းအလဲအတွက် လုပ်‌ဆောင်‌ပေးတဲ့‌နေရာမှာ အ‌ရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ဆိုတာ မြင် လာ‌အောင် ပညာ‌ပေးမီး‌မောင်းထိုး ပြချင်တာပါ”ဟု ‌ပြောသည်။

ထို့အပြင် အစိုးရအ‌နေဖြင့် တဖက်နိုင်ငံသွားပြီး စီးပွား‌ရေးရင်းနှီးမြှုပ်နှံခြင်း၊ နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို တဖက်နိုင်ငံသို့ ‌ရောင်းစား ‌နေခြင်း၊ ‌ရေအားလျှပ်စစ်စီမံကိန်းများမှ ရရှိသည့် စွမ်းအင်များကို ပြည်သူများမရ ရှိနိုင်ခြင်း အပါအဝင် လက်ရှိ ဖြစ်ပွား‌နေသည့် စစ်ပွဲများ၊ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ကိစ္စရပ်များကို လွှတ်‌တော်ထဲတွင် မည်သို့မည်ပုံ ‌ဆွေး‌နွေးတင်ပြသည်များကို ထိုဗီဒီယိုဇာတ်လမ်းတွင် သရုပ် ‌ဆောင် ပုံ‌ဖော်ထားသည်။

ဇာတ်လမ်းတွင် လွှတ်‌တော်ဥက္ကဌအဖြစ် သရုပ်‌ဆောင်သူ ဦးသိန်းဝင်းကလည်း “ပြည်သူ‌တွေရဲ့ဆန္ဒ၊ သူတို့ရဲ့အသံကို တနည်းတလမ်း အားဖြင့်‌တော့ အစိုးရ သိ‌စေချင်တယ်။ ဒီဘက်‌ခေတ်မှာဆို ဗီဒီယို‌ရော၊ အသံ‌ရော၊ အင်တာနက်‌ခေတ်လည်း ဖြစ်တဲ့အတွက်‌ကြောင့် လွယ် လွယ်ကူကူနဲ့ ပြည်သူဆီ‌ရောက်‌အောင် ပို့ချင်တယ်”ဟု ‌ပြောသည်။

ဇာတ်လမ်းရိုက်ကူး‌ရေးအတွက် ၂၀၁၂ခုနှစ် ဩဂုတ်လမှစတင်ကာ စက်တင်ဘာလအထိ ပြီးဆုံး‌အောင် လုပ်‌ဆောင်ခဲ့ရပြီး လက်ရှိ DVB သတင်းဌာနတွင် ထုတ်လွှင့်ပြီး‌နောက် ဇာတ်လမ်း‌ခွေ ၃၀ဝခန့်ကို ဖြန့်ချိသွားမည်ဖြစ်သလို အလားတူ ဇာတ်လမ်း‌ခွေများကို WLB မှ ဆက်လက် ထုတ်‌ဝေသွားမည်ဖြစ်သည်။

WLB သည် ၂၀၁ဝခုနှစ်တွင် စစ်တပ်ကို သ‌ရော်ထားပြီး ‌ရွေး‌ကောက်ပွဲနှင့်ဆိုင်သည့် တပ်‌ဂေါ်လီသံချပ်‌ခွေ၊ အမျိုးသမီး လူရွှင်‌တော်များ ပါဝင်သရုပ်‌ဆောင်ထားသည့် ‌မော်ဒန်အငြိမ့်သဘင်‌ခွေ၊ ၂၀၁၁ခုနှစ်တွင် နှစ်သစ်အားမာန် သံချပ်‌ခွေနှင့် “ချွတ်‌ချော်တဲ့ လွှတ်‌တော်” အပါ အဝင် စုစု‌ပေါင်း ဇာတ်လမ်း‌ခွေ ၄‌ခွေ ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။