Home သတင်း ထိုင်းနှင့် မြန်မာသတင်း‌ထောက် များကိုJATမှ ဖိတ်‌ခေါ် မိတ်ဆက်ပွဲပြုလုပ်

ထိုင်းနှင့် မြန်မာသတင်း‌ထောက် များကိုJATမှ ဖိတ်‌ခေါ် မိတ်ဆက်ပွဲပြုလုပ်

1827
ဇူလိုင်လ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်းနိုင်ငံတာ့ခ်ခရိုင် သတင်း‌ထောက်များအသင်း (Journalist Association of Thailand-JAT)မှ ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် မဲ‌ဆောက်မြို့ နှင့် မြဝတီမြို့ရှိထိုင်းသတင်း‌ထောက်နှင့် မြန်မာ သတင်း‌ထောက်များကိုဖိတ်‌ခေါ်၍ ယ‌နေ့‌နေ့လည် ၁၂နာရီ မှ ၁နာရီအထိမဲ‌ဆောက်မြို့တွင် ပထမဦးဆုံး‌တွေ့ဆုံမိတ်ဆက်ပွဲပြုလုပ်ကျင်းပခဲ့သည်။

“ထိုင်းနဲ့ မြန်မာဆိုတာနီးစပ်မှု‌တွေ ရှိ‌နေတယ်။ဒါ‌ပေမယ့် ကျ‌နော်တို့အချင်းချင်းက‌တော့ တခါမှဒီလိုမ‌တွေ့ဆုံဖူးဘူး။ဒါ‌ကြောင့်တ‌ယောက်နဲ့တ‌ယောက် ‌ဖေးမကြပြီးသတင်း‌တွေကိုပိုမို ကျယ်ပြန့်‌အောင် ‌ရေးနိုင်ဖို့ အတွက် ‌တွေ့ဆုံကြတာပါ။” ဟုJAT ဥက္ကဌAumnatYuwaphan က‌ပြောသည်။

ဆက်လက်၍ လာမည့် ၂၀၁၅ခုနှစ်တွင် အာဆီယံနိုင်ငံများရှိ သတင်း‌ထောက်များပါဝင်သည့် The Union Media of Asean (UMA) ကွန်ယတ်အဖွဲ့ကိုဖွဲ့စည်း သွားရန်ရှိပြီးအာရှနိုင်ငံရှိသတင်းများကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ‌ရေးသားနိုင်ရန်‌အောင် လုပ်‌ဆောင်ရန် ရှိသည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

‌တွေ့ဆုံမိတ်ဆက်ပွဲတွင် မြန်မာသတင်းဌာနဘက်မှ မြန်မာ့အလင်း၊Weekly Eleven၊ ‌ပေါ်ပြူလာနယူးစ် ဂျာနယ်၊ ဒီဗွီဘီ၊ ဗွီအို‌အေ၊ အာရ်အက်ဖ်‌အေနှင့် ထိုင်းသတင်းဌာနဘက်မှ အမှတ်(၇)၊(၅)၊ Mae Sot Post၊ Morden and TV စသည့် သတင်းဌာနများမှ သတင်း‌ထောက်များအပါအဝင် ပရိဿတ်စုစု‌ပေါင်း ၂ဝ ‌ကျော်တက်‌ရောက်ခဲ့သည်။

မိတ်ဆက်ပွဲတွင် စကားပြန်လုပ်‌ပေးသည့် ‌ပေါ်ပြူလာနယူးစ်ဂျာနယ်မှကိုရဲရင့်‌မောင်က “ဒီ‌တွေ့ဆုံမှုအ‌ပေါ်ကိုကျ‌နော်အ‌နေနဲ့က‌တော့ ကြိုဆိုပါတယ်။ဘာဖြစ်လို့လည်းဆို‌တော့ ကျ‌နော်တို့ နှစ်နိုင်ငံမှာရှိတဲ့ သတင်း‌ထောက်‌တွေအချင်းချင်းသတင်း‌တွေဖလှယ်လို့ရမယ်။ သက်ဆိုင်ရာထိုင်းတာဝန်ရှိသူ‌တွေနဲ့လည်း ရင်းနှီးမှု ‌တွေရ‌တော့ မြန်မာသတင်း‌ထောက်‌တွေအ‌နေနဲ့ သတင်းယူရတာအရင်ကထက် ပိုအဆင်‌ပြေလာတာ‌ပေါ့။”ဟု‌ပြောသည်။

ထို့အပြင် ရင်းနှီးမှုနှင့်အတူလက်တွဲသွားကာ ပြီးပြည့်စုံပြီးမှန်ကန်သည့် သတင်းများဖြစ်‌အောင် ‌ရေးသားနိုင်ရန်‌တွေ့ဆုံခြင်းဖြစ်သည်ဟုလည်းထိုင်းအမှတ်(၇) ကသတင်း‌ထောက် မစ္စတာဖီးချယ်ရှ်က ‌ပြောသွားခဲ့သည်။ တဆက်တည်းမှာပင် မိတ်ဆက်ပွဲတွင် အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံရသည့် မဲ‌ဆောက်မြို့စည်ပင်သာယာ‌ရေးရုံးဥက္ကဌ TeardkietChinsoranantကလည်း မဲ‌ဆောက်မြို့ကိုစီးပွား‌ရေးဇုံအဖြစ် တည်‌ထောင်ပြီး နှစ်နိုင်ငံလမ်းပမ်းဆက်သွယ်‌ရေးများ၊ ပူး‌ပေါင်းလုပ်‌ဆောင်မှုများ ပိုမိုကျယ်ပြန့်လာ‌အောင် ကြိုးပမ်းသွားမည်ဟုလည်း‌ပြောဆိုခဲ့သည်။

အလားတူသတင်း‌ထောက်များအားဖိတ်‌ခေါ်မိတ်ဆက်ပွဲမျိုးကိုလာမည့် ၂၀၁၃ နှစ်၌လည်းက‌မ္ဘောဒီးယားနိုင်ငံတွင် သွား‌ရောက်ကျင်းပသွားမည်ဟုသိရသည်။