Home သတင်း လက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေအ‌ပေါ် NMSP ပြည်သူလူထုနှင့်‌တွေ့ဆုံ‌ဆွေး‌နွေး

လက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေအ‌ပေါ် NMSP ပြည်သူလူထုနှင့်‌တွေ့ဆုံ‌ဆွေး‌နွေး

1883
ဇွန်၂၆၊၂၀၁၂ခုနှစ်။ နန်းယဉ်(အလွတ်သတင်း‌ထောက်)

လက်ရှိမြန်မာအစိုးရသစ်နှင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု အ‌ခြေအ‌နေနှင့်ပတ်သက်ပြီး မွန်ပြည်သူလူထုတို့၏ ဆန္ဒသ‌ဘောထားကို သိရှိရန်မွန်ပြည်သစ်ပါတီ-NMSP က ‌တွေ့ဆုံပွဲများကျင်းပလျှက်ရှိသည်။

ယခုရက်သတ္တပတ်အတွင်း မွန်ပြည်သစ်ပါတီအ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေး အပါအဝင်လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် ပတ်သက်၍ပြည်တွင်း၊ နယ်စပ်နှင့် ထိုင်းနိုင်ငံရှိမွန်ပြည်သူလူထုတို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများကျင်းပခဲ့ပြီး အကြံဉာဏ်များ‌တောင်းခံလျှက်ရှိသည်။

“ကျ‌နော်တို့အဓိကလက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေကိုရှင်းပြပြီး‌တော့ သူတို့ (ပြည်သူ)‌တွေဆီက အကြံဉာဏ်‌တောင်းခံတယ်။ အခုလို‌တွေ့ဆုံတာကို ပြည်သူ‌တွေကလည်းကြိုဆိုတယ်။ အကြံဉာဏ်‌တွေလည်း‌ပေးကြပါတယ်။ ကျ‌နော်တို့အတွက်လည်းအားရစရာရှိပါတယ်။” ဟုNMSPအ‌ထွေ‌ထွေ အတွင်း‌ရေးမှူးနိုင်ဟံသာက‌ပြောသည်။

ထို့အပြင် လက်ရှိအစိုးရသည် အပစ်ခတ်ရပ်စဲ‌ရေး‌ဆွေး‌နွေး‌နေ‌သော်လည်း တိုင်းရင်းသား လက်နက်ကိုင်တို့လိုလားသည် ့နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး လုပ်‌ဆောင်လိုသည့်အ‌နေအထားမျိုး မရှိ‌ကြောင်းလည်းလူထုနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ် နိုင်ဟံသာက‌ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည့်NMSP ၏ ‌ဆွေး‌နွေးပွဲတရပ်တွင် တက်‌ရောက်ခဲ့သူတဦးက “မွန်ပြည်သစ်ပါတီက လက်ရှိအစိုးရနဲ့‌တွေ့ဆုံခဲ့တဲ့အ‌ပေါ် လူထု‌တွေကိုရှင်းပြတယ်။ လူထု‌တွေဘက်ကလည်းအစိုးရနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေတာကိုကြိုဆိုပါတယ်။ ဒါ‌ပေမယ့်တဘက်မှာလည်း သတိရှိဖို့‌တော့လိုတယ်ဆိုတာကို ‌တော့အကြံပြု‌ဆွေး‌နွေးကြတာပဲ”ဟု ‌ပြောသည်။

NMSP ၏ပြည်သူလူထုနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ‌မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် နယ်စပ်‌ဒေသ တ‌လျှောက်တွင်ပြုလုပ်လျှက်ရှိသည်။

‌ဖေ‌ဖော်ဝါရီလ၂၅ရက်‌နေ့က မွန်ပြည်သစ်ပါတီသည် ပြည်‌ထောင်စုအဆင့် အစိုးရငြိမ်းချမ်း‌ရေးကိုယ်စား လှယ်တို့သည်အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ပြီး၊ ၄၅ရက်အတွင်း နိုင်ငံ‌ရေး‌ဆွေး‌နွေး‌ပေးရန် မွန်ပြည်သစ်က‌တောင်းဆိုထားခဲ့‌သော်လည်း တပ်တည်‌နေရာချထား‌ရေး၊ ဆက်ဆံ‌ရေးရုံးဖွင့်လှစ်‌ရေးနှင့် စီးပွား‌ရေးလုပ်ငန်းများ လုပ်‌ဆောင်နိုင်‌ရေးမှလွဲပြီး ယ‌နေ့အထိနိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ခြင်း မရှိ‌သေး‌ကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် မြန်မာစစ်အစိုးရနှင် ့အပစ်အခတ်ရပ်စဲ‌ရေးပြုလုပ်ခဲ့ပြီး ၂၀၁ဝခုနှစ်တွင်အစိုးရ၏ နယ်ခြား‌စောင့်တပ်‌ပြောင်းလဲ‌ရေးကို လက်မခံသည့်အတွက် အပစ်ခတ်ရပ်စဲ‌ရေးပြန်လည်ပျက်ပြယ်သွားကာ ၂၀၁၂ခုနှစ်‌ဖေ‌ဖေါ်ဝါရီလတွင် အပစ်ခတ်ရပ်စဲ‌ရေးပြန်လည် သ‌ဘောတူခဲ့သည်။