Home သတင်း ရန်ကုန် လျှပ်စစ်မီးရရှိ‌ရေး စတုတ္ထ‌နေ့ ဆန္ဒထုတ်‌ဖော်ခဲ့

ရန်ကုန် လျှပ်စစ်မီးရရှိ‌ရေး စတုတ္ထ‌နေ့ ဆန္ဒထုတ်‌ဖော်ခဲ့

1753
‌မေလ ၂၆ရက်၊ ၂၀၁၂။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

လျှပ်စစ်မီး အပြည့်အဝ ရရှိ‌ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်ပွဲကို ယမန်‌နေ့(‌မေလ ၂၅ရက်‌နေ့)က စတုတ္ထ‌နေ့အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် စီတန်းလှည့်လည်ခဲ့ကြသည်။

ဆူး‌လေဘုရားလမ်းရှိ လက်‌ရွေးစင် လက်ဖက်ရည်ဆိုင်‌ရှေ့မှ ည ၇နာရီတွင် လူ ၂၀၀‌ကျော်ခန့်မှ ‌ဆောင်ပုဒ်များ၊ ဖ‌ယောင်းတိုင်မီးများ ကိုင် ‌ဆောင်ကာ မီးပွိုင့်ကို ဖြတ်‌ကျော်ပြီး ဆူး‌လေးမီးသတ်အ‌ရှေ့မှ ဆူး‌လေအဝိုင်းပတ်လမ်းသို့ နှစ်‌ယောက်တစ်တွဲစီဖြင့် လက်ဝဲရစ် သုံးပတ် လှည့်လည်ကြပြီး‌နောက် ကြာသပ‌တေးနံ ဂြိုလ်‌ထောင့်သို့ သွား‌ရောက်ကာ ဆီမီးပူ‌ဇော်ခဲ့ကြသည်။

“ကျမတို့အတွက် လုပ်‌နေတာ မဟုတ်ပါဘူး။ ပြည်သူ‌တွေအားလုံးအတွက် လုပ်‌ပေး‌နေတာပါ။ အားလုံး ပါဝင်နိုင်ပါတယ်”ဟု ဆန္ဒထုတ် ‌ဖော်ပွဲတွင် ကိုယ်တိုင်ပါဝင်သူ ‌နော်အုန်းလှက ‌ပြောသည်။

အခြားဦး‌ဆောင်သူတစ်ဦးဖြစ်‌သော ကိုဟန်ဝင်း‌အောင်ကလည်း “ကျ‌နော်တို့ ဒီလိုလုပ်‌နေတာဟာ ဘယ်ပါတီ၊ ဘယ်နိုင်ငံ‌ရေးကမှ မဟုတ် ပါဘူး။ ကျ‌နော်တို့ ပြည်သူ‌တွေရဲ့အသံကို ‌တောင်းဆို‌နေတာပါ။ ငြိမ်းချမ်းစွာနဲ့ ‌တောင်းဆိုတာကို အကြမ်းမဖက်ကြပါနဲ့။ မဖမ်းဆီးကြပါနဲ့” ဟု ဆိုသည်။

ထို့‌နောက် ဦး‌ဆောင်သူများက စည်းကမ်းရှိရှိဖြင့် ဆန္ဒ‌ဖော်ထုတ်ကြရန်နှင့် အကြမ်းဖက်မှုများရှိလာပါက တားမြစ်ရန်လည်း‌ပြောပြီး ည ၈နာရီခွဲ‌ကျော်တွင် ဆူး‌လေဘုရားရင်ပြင်‌တော်‌ပေါ်မှ ပြန်လည် ထွက်ခွာသွားကြသည်။

လျှပ်စစ်မီးရရှိ‌ရေး ဆန္ဒ‌ဖော်ထုတ်ရာ လမ်းတစ်‌လျှောက်တွင် ရန်ကုန်အ‌နောက်ပို်င်း တာဝန်ကျ တပ်ဖွဲ့ဝင်များက လမ်းပိတ်ဆို့မှု မရှိ‌စေရန် ပါဝင်ကူညီခဲ့ကြသည်။