Home သတင်း ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲရန် မန်း‌ဂျော်နီ လိုလား

ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲရန် မန်း‌ဂျော်နီ လိုလား

1543
ဧပြီလ ၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ဧရာဝတီတိုင်း၊ ‌မြောင်းမြမြို့နယ်တွင် ဝင်‌ရောက် အ‌ရွေးခံပြီး ပြိုင်ဘက်ပါတီများအား မဲအနိုင်ရရှိခဲ့သည့် NLD ပါတီမှ လွှတ်‌တော် ကိုယ်စား လှယ်ဖြစ်သူ ကရင်အမျိုးသားမန်း‌ဂျော်နီသည် မြန်မာနိုင်ငံတွင် ဖြစ်ပွား‌နေသည့် ပြည်တွင်းစစ် အမြန်ဆုံးရပ်စဲရန် လိုလားလျှက်ရှိသည်ဟု သိရသည်။

မန်း‌ဂျော်နီသည် ပြည်တွင်းစစ်၏ စစ်‌ဘေးစစ်ဒဏ်ကို ကိုယ်တိုင်ကြုံ‌တွေ့ခဲ့သူဖြစ်၍ ၎င်းအ‌နေဖြင့် ပြည်တွင်းစစ်ကို အမြန်ရပ်စဲပြီး စစ်မှန် သည့် ငြိမ်းချမ်း‌ရေးရရှိရန်အတွက် လိုလားကာ ဆန္ဒပြင်းပြခြင်းဖြစ်‌ကြောင်း မန်း‌ဂျော်နီ၏ အကြံ‌ပေးပုဂိ္ဂုလ် စခင်‌ဇော်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“Civil War ကို သူ လုံးဝ မကြိုက်ဘူး။ ဒီမှာ ဖြစ်‌နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ‌တွေကို အမြန်ဆုံးရပ်စဲပြီး‌တော့ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို ရပ်ဖို့က‌တော့ သူရဲ့ ကြီးမားတဲ့ ဆန္ဒတစ်ခုရှိတယ်ဆိုတာ ကျ‌နော် အပြည့်အဝ ‌ပြောချင်တယ်‌ပေါ့‌နော်”ဟု ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ အနိုင်ရရှိခဲ့သည့် မန်း‌ဂျော်နီအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲ မတိုင်ခင် ပြည်သူတို့အား ၎င်း‌ပေးထားသည့် ကတိကဝတ်အတိုင်း လူထုအတွက် အကျိုးရှိမည့် လုပ်ငန်းမှန်သမျှကို လွှတ်‌တော်ထဲတွင် တင်ပြသွားမည်ဟုလည်း စခင်‌ဇော်လင်းက ‌ပြောသည်။

“ပြည်သူလူထုက‌နေပြီး‌တော့ သူ့ကို လွှတ်‌တော်ထဲ‌ရောက်‌အောင် ပို့‌ပေးပါ။ လွှတ်‌တော်ထဲ‌ရောက်လို့ရှိရင် လူထုက လိုချင်တဲ့ဆန္ဒ‌တွေကို လူထုပဲ့တင်သံအဖြစ်နဲ့ လွှတ်‌တော်ထဲမှာ သူ‌ပြော‌ပေးမယ်‌ပေါ့‌နော်”ဟု ၎င်းက ထပ်‌ပြောသည်။

‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ဘက်က မဲရလဒ်အတိအကျကို တရားဝင် ထုတ်ပြန်နိုင်ခြင်း မရှိ‌သေး‌သော်လည်း NLD၏ ရရှိထားသည့် မဲအ‌ရေ အတွက်အရ ‌မြောင်းမြမြို့နယ်တစ်ခုလုံးတွင် NLD မှ ၈၀,၅၇၃မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ၄၀,၉၇၃မဲ ရရှိသည်ဟု သိရသည်။

မဲရုံ‌ပေါင်း (၂၇၇)ရုံရှိပြီး မဲ‌ပေးနိုင်သူဦး‌ရေ တစ်သိန်းရှစ်‌သောင်း‌ကျော်ရှိသည့် ‌မြောင်းမြမြို့နယ် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ် NLD မှ မန်း ‌ဂျော်နီ အပါအဝင် ACE ကုမ္ပဏီအကြီးအကဲ၊ ‌နေပြည်‌တော် ယူနိုက်တက်‌ဘောလုံးအသင်းပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ‌ဒေါက်တာဖြိုးကိုကိုတင့်ဆန်းနှင့် အမျိုးသား ဒီမိုက‌ရေစီအင်အားစုပါတီက ဦး‌အောင်မျိုးလှိုင်တို့ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။