Home သတင်း အစိုးရနှင့်ဒုတိယအကြိမ်‌တွေ့ဆုံရန် ဧပြီလ ၄ရက်‌နေ့နံနက်တွင် KNU ကိုယ်စားလှယ်အဖွဲ့စတင်ထွက်ခွာမည်

အစိုးရနှင့်ဒုတိယအကြိမ်‌တွေ့ဆုံရန် ဧပြီလ ၄ရက်‌နေ့နံနက်တွင် KNU ကိုယ်စားလှယ်အဖွဲ့စတင်ထွက်ခွာမည်

1652
ဧပြီလ ၃ရက်။ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာ အစိုးရ ပြည်‌ထောင်စု အဆင့် ကိုယ်စားလှယ်တို့နှင့် ‌တွေ့ဆုံရန်အတွက် ကရင်အမျိုးသား အစည်းအရုံး(KNU)အဖွဲ့သည် လာမည့် ဧပြီလ ၄ရက်‌နေ့(မနက်ဖြန်)တွင် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမှ တစ်ဆင့် စတင်ထွက်ခွာမည်ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၄ရက်‌နေ့ နံနက်(၆)နာရီတွင် မြဝတီမှ တစ်ဆင့် ဘားအံမြို့သို့ စတင်ခွာမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ဘားအံမြို့၌ ပြည်နယ်အစိုးရ အဆင့်တို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမည်ဖြစ်သည်။

ဧပြီလ ၅ရက်‌နေ့နံနက်တွင် ဘားအံမြို့အ‌ခြေစိုက် ကရင်ပြည်နယ် ကိုယ်စားပြု ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KPCအဖွဲ့တို့နှင့် ‌တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ခရီးဆက်မည်ဖြစ်သည်။

ဧပြီလ ၆ရက်‌နေ့တွင် ရန်ကုန်မြို့၌ ရထားဝန်ကြီး ဦး‌အောင်မင်းဦး‌ဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ‌တွေ့ဆုံ‌နွေးမည်ဖြစ်ပြီး ‌ဆွေး‌နွေးမှုအပြီးတွင် ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဧပြီလ ၇ရက်‌နေ့တွင် ရန်ကုန်မြို့၌ ကရင်အဖွဲ့အစည်းများနှင့် ‌တွေ့ဆုံကြမည်ဖြစ်သည်။ (၈)ရက်‌နေ့တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ‌ရေးပါတီများနှင့်လည်း ‌တွေ့ဆုံမည်ဖြစ်သည်။

ဧပြီလ ၉ရက်‌နေ့တွင် ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်သို့ ခရီးဆက်မည်ဖြစ်ပြီး ၁ဝရက်နှင့် ၁၁ရက်‌နေ့တွင် နယ်စပ်‌ဒေသသို့ ပြန်လည်‌ရောက်မည်ဖြစ်သည်။

KNU၏ ယခု ခရီးစဉ်တွင် ပထမအကြိမ်‌တွေ့ဆုံမှုမှ သ‌ဘောတူညီထားသည့် ပဏာမ သ‌ဘောတူညီချက် ၁၁နှင့် KNUချမှတ်ထားသည့် လမ်းပြ‌မြေပုံ (၄)ရပ်ကို အဓိက‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

အစိုးရနှင့် ဒုတိယအကြိမ် သွား‌ရောက်‌တွေ့ဆုံ ‌ဆွေး‌နွေးမည့် KNU ကိုယ်စားလှယ်စာရင်း

၁။ ။ ‌နော်စီဖိုးရာစိန် (အဖွဲ့‌ခေါင်း‌ဆောင်)
၂။ ။ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး (ဒု-အဖွဲ့‌ခေါင်း‌ဆောင်)
၃။ ။ ပဒို‌စောကွယ်ထူးဝင်း
၄။ ။ ပဒို‌ရွှေ‌မောင်း
၅။ ။ ဗိုလ်မှူးချုပ် အဲကလူသိန်း (တပ်မဟာ-၃မှူး)
၆။ ။ ပဒို‌စောအားတိုး
၇။ ။ ပဒို‌စော‌ရောဂျာခင်
၈။ ။ ဗိုလ်မှူးထူးထူး‌လေး
၉။ ။ ပဒို‌စော‌သောသီဘွဲ (ရုံးတာဝန်ခံ)
၁၀။ ။ ပဒို‌စောလှထွန်း (ရုံး ဒုတာဝန်ခံ)
၁၁။ ။ ‌နော်ဘလူးမင်းနိုက်ဇန်
၁၂။ ။ ‌နော်‌မေဦး
၁၃။ ။ ‌နော်ထူး‌ဖော (ရုံးအဖွဲ့)
၁၄။ ။ ‌စော‌အောင်ဝင်း‌ရွှေ
၁၅။ ။ ဗိုလ်မှူးကြီး မိုးဖြူ
၁၆။ ။ ‌စောကြီး
၁၇။ ။ ‌စောတာဒို့မူး
၁၈။ ။ ‌စော‌ဘောဘိုး
၁၉။ ။ ‌စောဒူးဖ‌လော်စိုး (ရုံးအဖွဲ့အကူ)
၂၀။ ။ နန်း‌ဖော့‌ဂေ (သတင်းတာဝန်ခံ)
၂၁။ ။ ‌စောအဲနာ (သတင်းအဖွဲ့)