Home သတင်း ဒုက္ခသည်အ‌ရေးပကတိအ‌ခြေအ‌နေ UNHCR ‌ဆွေး‌နွေး

ဒုက္ခသည်အ‌ရေးပကတိအ‌ခြေအ‌နေ UNHCR ‌ဆွေး‌နွေး

1446
မတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်များ၏ ပကတိအ‌ခြေအ‌နေကို သိရှိရန်အတွက် ထိုင်း-မြန်မာ နယ်စပ် ကရင်ဒုက္ခသည်စခန်းများသို့ ယခုရက်ပိုင်းတွင် သွား‌ရောက်ကာ စခန်းတာဝန်ရှိသူများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် Mr. Hans နှင့် မဲ‌ဆောက် UN ရုံးမှ တာဝန်ရှိသူ Mrs. YOKO တို့သည် ယမန်‌နေ့ မွန်းလွဲ ၂နာရီခွဲ‌ကျော်မှ ည‌နေ ၄နာရီခွဲအထိ ‌တွေ့ဆုံခဲ့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ ‌ပြောင်းလဲမှုနှင့် ဒုက္ခသည်များ၏ အ‌ခြေအ‌နေများကို ‌ဆွေး ‌နွေးခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်းဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

၎င်းက “အခု အ‌ခြေအ‌နေမှာ မြန်မာအစိုးရနဲ့ ‌စေ့စပ်ညှိနှိုင်းလို့ရတယ်။ သူတို့အ‌နေနဲ့ အကာအကွယ်‌ပေး‌ရေးလုပ်ငန်း‌တွေ လုပ်ကိုင်ရတဲ့ ‌နေရာမှာ လွယ်ကူလာတယ်။ အခွင့်အ‌ရေး‌တွေ ပိုများလာတယ်။ ကျ‌နော်တို့‌တွေ အာရုံစိုက်စရာ ထူးခြားတဲ့ အချက်တစ်ချက်လို့‌တော့ အထူးပြုပြီး သူက ‌ဆွေး‌နွေးသွားတယ်”ဟု ‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေတွင် မြန်မာဒုက္ခသည်များကို ‌နေရပ်ပြန်ပို့‌ရေးကိစ္စနှင့်ပတ်သက်၍ UNHCR အ‌နေဖြင့် အားမ‌ပေးသဖြင့် ဒုက္ခသည်များ ကို ပြန်ပို့‌ရေး မပြန်ပို့‌ရေးမှာ အစီအစဉ်မရှိ‌သေး‌သော်လည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်‌ဆောင်ထားသင့်‌ကြောင်း Mr. Hans က အကြံပြုခဲ့သည်။

သို့‌သော် မြန်မာနိုင်ငံ၏ ‌ပြောင်းလဲမှုသည် အ‌ကောင်းဘက်သို့ ဦးတည်‌နေ‌သော်လည်း လက်ရှိ မြန်မာအစိုးရသည် လွတ်လပ်ပြီး တရားမျှ တသည့် ‌ရွေး‌ကောက်ပွဲမှ တက်လာသည့် အရပ်သားအစိုးရမဟုတ်သဖြင့် ဒုက္ခသည်များ ‌နေရပ် ပြန်‌နေထိုင်‌ရေးကို စဉ်းစားရဦးမည်ဟု ‌စောထွန်းထွန်းက ‌ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်နှင့် ‌တွေ့ဆုံခဲ့ကြသည့် လူမှုအဖွဲ့များမှာ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ် အစည်းအရုံး-KYO၊ ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG၊ ပိုးကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ-PKLCC တို့ဖြစ်ကြပြီး ၎င်းတို့ ကလည်း လက်ရှိ မြန်မာနိုင်ငံ ဖြစ်‌ပေါ်‌ပြောင်းလဲမှုကို အ‌ခြေခံပြီး အကယ်၍ ဒုက္ခသည်များ ‌နေရပ်ပြန်ပါက ဘဝလုံခြုံ‌ရေး၊ ‌မြေမြှုပ်မိုင်း အန္တရာယ်၊ မူးယစ်‌ဆေးဝါးပြဿနာ ‌ဖြေရှင်း‌ရေးတို့ကို အဓိက ‌ဆွေး‌နွေးတင်ပြခဲ့သည်ဟု သိရသည်။

မယ်လစခန်း KYO ဥက္ကဌ ‌စောအယ်ထီး‌ကော်က “လက်ရှိအစိုးရ ‌ပြောင်းလဲမှု‌တွေ လုပ်‌နေပြီဆိုတဲ့အ‌ကြောင်းကို လာချပြတာဟာ ဒုက္ခ သည်‌တွေကို ‌နေရပ် ပြန်‌စေချင်တဲ့သ‌ဘောပါ။ ကျ‌နော်တို့ တင်ပြ‌ဆွေး‌နွေးခဲ့တဲ့တာ‌တွေ အားလုံး သူ့အ‌နေနဲ့ အပြည့်အဝ လုပ်‌ပေးနိုင်မယ် မထင်ဘူး။”ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း မယ်လဒုက္ခသည်စခန်း‌နေထိုင်သူများကို တတိယနိုင်ငံသို့ ထွက်ရန်၊ ဒုက္ခသည်စခန်းရှိသည့် နယ်စပ် တွင် ဆက်‌နေထိုင်ရန် သို့မဟုတ် ‌နေရပ်သို့ပြန်ရန် စသည့်‌မေးခွန်းသုံးခုကို စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များက ဝင်‌ရောက်‌မေးမြန်းမှုများ ပြုလုပ်ခဲ့‌သေးသည်။

UNHCR ကိုယ်စားလှယ် Mr. Hans နှင့်အဖွဲ့သည် ယ‌နေ့မနက် ၁၁နာရီခွဲတွင် အုန်းဖျန်ဒုက္ခသည်စခန်းမှ စခန်းတာဝန်ရှိသူများနှင့် လူမှုအ ဖွဲ့အစည်းများကို အလားတူ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသကဲ့သို့ မနက်ဖြန်တွင်လည်း နို့ဖိုးဒုက္ခသည်စခန်းရှိ တာဝန်ရှိသူများနှင့် သွား‌ရောက် ‌တွေ့ဆုံရန် ရှိ‌သေးသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ကရင်ဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦး‌ရေ စုစု‌ပေါင်း တစ်သိန်း‌ကျော် ‌နေထိုင်လျှက်ရှိသည်ဟု ကရင် ဒုက္ခသည်‌ကော်မတီ-KRC ၏ မှတ်တမ်းအရ သိရသည်။