Home ဆောင်းပါး တိုက်‌သောင်း ခြိမ့်အုန်း ကြား‌စေသတည်း

တိုက်‌သောင်း ခြိမ့်အုန်း ကြား‌စေသတည်း

2222

M. ထက်‌ခေါင်

(၁)
ဗမာပြည်တွင်းမှာ စာဖွဲ့‌လောက်စရာ ‌ပြောင်းလဲမှုတစုံတရာ မဖြစ်‌သေးသည့်အပြင် ဗမာပြည်သားတို့ ‌ရှေ့ဆက် ‌လျှောက်လှမ်းရမည့် ဇာတ် ‌မျောကြီးကို အရိပ်အ‌ယောင်မျှ မြင်လိုက်‌သော‌ကြောင့် အမျိုးသားဒီမိုက‌ရေစီ‌ရေး ‌ရေရှည်တိုက်ပွဲအတွက် တနည်းတဖုံ ပြင်ဆင်ထားရန် ကျ‌နော် ဆုံးဖြတ်သည်။ ‌ဆောင်းပါး‌ရေးခြင်းမှ တစ်လ နှစ်လခန့် ‌ခေတ္တနားမည်။ လက်ရှိ ဖြစ်ပျက်‌နေသည့် အ‌ကြောင်းအရာ‌တွေနှင့် ပတ် သက်၍ အထူးအ‌ထွေ ‌ရေးစရာ မရှိ။ စိတ်ဝင်စားစရာလည်း မ‌ကောင်း။

‌လော‌လောဆယ် လူ‌ပြောများ‌နေ‌သော ဧပြီအရူး‌နေ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ လွှတ်‌တော်ကိုယ်စားလှယ် လစ်လပ်‌နေရာ ၄၈‌နေရာတွင် ၎င်းတို့ဝင်ပြိုင်မည့် ၄၇‌နေရာစလုံးကို ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ပါတီက ရမရ၊ အရပ်သားအစိုးရ အ‌ရေခြုံများက ကမ္ဘာ့နိုင်ငံကြီးများမှ ၎င်း တို့‌မျှော်မှန်းထား‌သော အ‌ထောက်အပံ့ အကူအညီများ ရရှိ‌ရေး၊ ပြည်ပနိုင်ငံများမှ စီးပွား‌ရေး ရင်းနှီးမြှုပ်နှံမှုများနှင့် အခွင့်အလမ်းများ ပိုမို များပြားလာ‌စေ‌ရေး၊ ပိတ်ဆို့ထား‌သော စန်ရှင်များ ရုတ်သိမ်း‌ရေးတို့အတွက် ‌ရွေး‌ကောက်ပွဲကို တတ်နိုင်သမျှ တရားမျှတစွာ ကျင်းပ‌ပေးမ ‌ပေး။ အပစ်အခတ်ရပ်‌ရေး ငြိမ်းချမ်း‌ရေးအတွက် အကြိမ်ကြိမ် အဖန်ဖန် ‌တွေ့ဆုံ‌နေသည့်ကြားထဲက ကချင်ကို ထိုးစစ်ဆင်မှုများ ပြု လုပ်‌နေသည့်အပြင် အပစ်ရပ်‌ရေး သ‌ဘောတူ လက်မှတ်ထိုးထားပြီးဖြစ်သည့် ရှမ်းပြည်နယ်မှာလည်း တိုက်ပွဲ‌တွေ ဆက်ဖြစ်‌နေသည့်ကိစ္စ ကို ရပ်တန်းက ရပ်မရပ်။ မကဒတ‌မြောက်ပိုင်း၌ ‌ကျောင်းသားအစစ်အမှန်များအား သူလျှိုဟုဆိုကာ အစုလိုက် အပြုံလိုက် နှိပ်စက်သတ် ဖြတ်ခဲ့သည့်အမှုတွင် မည်သူ‌တွေက လူထုဘက်‌တော်သား ‌ကျောင်းသား၊ မည်သူ‌တွေက‌တော့ စစ်အုပ်စု၏သူလျှို ဆိုသည့်ကိစ္စများနှင့် ပတ်သက်၍ ကျ‌နော့် သ‌ဘောထားအမြင်များကို အထူးတလည် ‌ရေးသားတင်ပြစရာ မရှိ။

‌ဒေါ်‌အောင်ဆန်းစုကြည် အ‌နေဖြင့် ကျန်းမာ‌ရေးချို့တဲ့လာသည့်ကြားမှ အ‌တော့်ကို အပင်ပန်းခံ ခရီးထွက် စည်းရုံး‌ဟော‌ပြော‌နေသည့်တိုင် ၎င်းတို့ဝင်ပြိုင်သည့် ၄၇‌နေရာစလုံး မရနိုင်။ အထူးသဖြင့် ကြံ့ဖွံ့ ကြီးစိုး‌သော ‌နေပြည်‌တော်ခွင်နှင့် လူထု‌ထောက်ခံမှုရှိ‌သော ‌ဒေါ်‌ဘောက်ဂျာ ၏ မဲဆန္ဒနယ်‌မြေတို့၌ အဲန်အယ်လ်ဒီ ရနိုင်မည် မဟုတ်။ တပြည်လုံးက ‌ထောက်ခံမှုရှိသည့်တိုင် အလွန်ဆုံး ‌နေရာ ၄ဝနီးပါးမျှသာ ရနိုင် မည် ဖြစ်သည်။

စစ်အုပ်စုက ကမ္ဘာ့နိုင်ငံကြီးများကိုပါ ဖိတ်ပြီး သမာသမတ်ကျ‌သော ‌ရွေး‌ကောက်ပွဲအဖြစ် ‌စောင့်ကြည့်‌နေကြသူများ အထင်‌ရောက်‌စေရန် တတ်နိုင်သမျှ ချုပ်ချုပ်တည်းတည်း ထိန်းထိန်းသိမ်းသိမ်းလုပ်မည် ဖြစ်‌သော‌ကြောင့် လစ်လပ်‌နေရာ အများစုကို အဲန်အယ်လ်ဒီက ရလိုက် နိုင်မည်ဖြစ်‌သော်လည်း လွှတ်‌တော် အခင်းအကျင်းအရ ၇၅%မက‌သော စစ်အုပ်စု ဘက်‌တော်သားများကို စည်းရုံးနိုင်‌ရေးမှာ အဲန်အယ်လ် ဒီနှင့် ‌နောက်လိုက်‌နောက်ပါတို့ ‌ရေရှည်ရင်ဆိုင်သွားရမည့် ကိစ္စရပ်ကြီး ဖြစ်‌လေသည်။

ကမ္ဘာ့နိုင်ငံကြီးများအ‌နေဖြင့်လည်း စစ်အုပ်စုအ‌ပေါ် လိုက်‌လျောမှုနှင့် အကူအညီအချို့ ‌ပေးလာလိမ့်မည် ဖြစ်‌သော်လည်း ၎င်းတို့ချမှတ် ထားသည့် စန်ရှင်ကို လုံးဝကင်းလွတ်‌အောင် ရုတ်သိမ်း‌ပေးလိမ့်မည် မဟုတ်‌ချေ။

ကချင်‌ဒေသမှာ‌တော့ မဲဆန္ဒနယ်‌မြေသုံးခု၌ ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်ပဲ ‌ရွှေ့ဆိုင်းလိုက်ရသည့် အ‌ခြေအ‌နေအထိ တိုက်ပွဲ‌တွေ ဆက်လျက် ရှိပြီး အပစ်ရပ်သ‌ဘောတူထား‌သော ရှမ်းပြည်နယ်ကို ထိပါး ကျူး‌ကျော်မှုများ ပြု‌နေသည်မှာ စစ်အုပ်စု၏ သ‌ဘောထား မမှန်ကန်မှု၊ မရိုး ‌ဖြောင့် မတည်ကြည်မှု၊ အဓမ္မ အင်အားသုံး အနိုင်ကျင့်လိုမှု စသည့် သ‌ဘောထားအမူအကျင့်များကို ‌ပေါ်လွင် ထင်ရှား‌စေ‌လေသည်။ ဤ ကဲ့သို့‌သော သ‌ဘောထားမျိုးဖြင့် ကမ္ဘာ့နိုင်ငံများ၏ မျက်‌စေ့‌ဒေါက်‌ထောက် ကြည့်ရှုမှု‌အောက် အမျိုးသားချင်း ယုံကြည်မှု တည်‌ဆောက်၍ မရနိုင်။

‌ကျောင်းသားတပ်မ‌တော်‌မြောက်ပိုင်းက အစုလိုက်အပြုံလိုက် နှိပ်စက် သတ်ဖြတ် ခံခဲ့ရသည့်ကိစ္စတွင် သက်ရှိထင်ရှား ရှိ‌နေ‌သေး‌သော တရားခံအချို့ ‌ပေါ်‌ပေါက်‌နေပြီဖြစ်‌သော်လည်း စစ်အုပ်စု၏ ‌ကျော‌ထောက်‌နောက်ခံ‌ကြောင့် ထိုသူ‌တွေကို မည်သို့မျှ အ‌ရေးမယူနိုင်။ ထို ကိစ္စမှာလည်း အ‌ရေခြုံအရပ်သား အစိုးရ၏ အတုအ‌ယောင် ဒီမိုက‌ရေစီ‌အောက် ‌ရေရှည်‌ပြောဆို ငြင်းခုန်သွားရမည့် ကိစ္စကြီးဖြစ်၍ အမှန် တရား လိုလားသူများအ‌နေဖြင့် ဗမာနိုင်ငံ၏ အဆိုးအညစ်ဟူသမျှကို ရုတ်ခြည်းတွန်းလှန် ‌ပြောင်းလဲပစ်မည့် လူထု‌တော်လှန်‌ရေးကြီး မ‌ပေါ်‌ပေါက်လာမချင်း ကျင့်သားရစွာ ဆက်လက် သည်းခံသွားရမည်သာ ဖြစ်‌လေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌တော်လှန်‌သော တိုင်းရင်းသားအဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်အချို့ ‌တွေ့ဆုံမည့်အ‌ကြောင်း ကြားသိရသည် မှာ ‌ကျေနပ်ဖွယ် ‌ကောင်းသည်။ တိုင်းရင်းသားအ‌ရေးနှင့် ပတ်သက်၍ နားလည်စာနာမှုရှိစွာ ညှိနှိုင်း‌ဖြေရှင်း‌ပေးနိုင်မည့် ‌ခေါင်း‌ဆောင်ကို လူထုက ‌မျှော်လင့်‌နေ၏။

ရက်ပိုင်းအတွင်း ကျင်းပ‌တော့မည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို တရားမျှတမှု ရှိမရှိ ‌စောင့်ကြည့် ‌လေ့လာမည့်ကိစ္စ၊ အရိုးတွန်လာ‌သော ‌မြောက်ပိုင်း ‌ကျောင်းသားကိစ္စ‌ဟောင်းနှင့် လက်ရှိ ‌မြောက်ပိုင်း တိုင်းရင်းသားအ‌ရေး အပါအဝင် တပြည်လုံးမှ တိုင်းရင်းသားတို့၏ ကိစ္စများ ကို ဦးမင်းကိုနိုင်တို့ ၈၈မျိုးဆက် ‌ကျောင်းသားအဖွဲ့များ၏ သွက်လက်ထက်မြက်‌သော ‌ဆောင်ရွက်မှု အစီအစဉ်များထဲ စိတ်ချစွာ လွှဲအပ် ထားနိုင်မည်ဖြစ်၍ ‌ဆောင်းပါး‌ရေးခြင်းမှ ‌ခေတ္တ အနားမယူမီ လက်ငင်း အ‌ရေးကြီး‌နေ‌သော ‌တော်လှန်‌ရေး ခလုတ်ကန်သင်းများ သတိ ထား ရှင်းလင်း‌ရေး ကိစ္စတရပ်ကို အနည်းငယ်မျှ တင်ပြလိုသည်။

(၂)
လူ့သဘာဝနှင့်ပတ်သက်၍ သ‌ရော်ထား‌သော အဆိုအမိန့်က‌လေး ၂ခုရှိသည်။ အဂင်္လိပ် ခရစ်ယာန်ဘုန်း‌တော်ကြီး ချားလ်စ်ကယ်လက်ဘ် ‌ကော်လ်တန် (၁၇၈၀- ၁၈၃၂) နှင့် အဂင်္လိပ် စာ‌ရေးဆရာ ‌ဝေလျံ ဆမ်းမားဆက်မွန် (၁၈၇၄-၁၉၆၅) တို့၏ အဆိုများ ဖြစ်သည်။
We ask advice, but we mean approbation. “ငါတို့ အကြံဉာဏ်‌တောင်းတယ် ဆိုတာက သ‌ဘောတူ ‌ထောက်ခံချက်ကို ‌တောင်းတာ ဘဲ”ဟု ခရစ်ယာန်ဘုန်း‌တော်ကြီး Charles C. Colton က ဆိုပြီး သူ့‌နောက် နှစ်‌ပေါင်း ၁၅၀‌ကျော်ကြာမှ လူဖြစ်လာ‌သော စာ‌ရေးဆရာ W. Somerset Maughm က People ask you for criticism, but they only want praise. “လူ‌တွေဟာ ခင်ဗျားဆီက ‌ဝေဖန်ချက် ‌တောင်း‌ပေမဲ့ သူတို့လိုချင်တာက ချီးမွမ်း‌ထောပနာပြု‌ပေးဖို့ပဲ ဖြစ်ပါတယ်”ဟု ဆိုသည်။

‌တော်လှန်‌ရေးနယ်ထဲ ကဗျာ၊ ဝတ္ထု၊ ‌ဆောင်းပါး‌ရေး၊ ပန်းချီဆွဲ၊ သီချင်းစပ်၊ ရုပ်ရှင်ရိုက် စသဖြင့် အနုပညာအလုပ်မျိုးစုံ လုပ်ကိုင်ခဲ့သည့် ကျ‌နော့်အ‌နေဖြင့်မူ ကျ‌နော်ဖန်တီးသည့် စာ၊ ကဗျာ၊ ‌ဆောင်းပါး၊ ပန်းချီ၊ သီချင်းများအ‌ပေါ် လုပ်‌ဖော်ကိုင်ဖက်များ၊ မိတ်‌ဆွေများက ချီးမွမ်း ‌ပြောဆိုလာလျှင် အထူးတလည် ‌ကျေနပ်ဝမ်း‌မြောက်မှု မရှိတတ်။ ကျ‌နော် တင်ပြလိုသည့် အ‌ကြောင်းအရာနှင့် ပတ်သက်၍ သူတို့ အမှန် တကယ် သ‌ဘော‌ပေါက် နားလည်မှု ရှိမရှိကိုသာ မသိမသာ စူးစမ်းတတ်သည်။ သူတို့ သ‌ဘော‌ပေါက်နားလည်လျှင် ကျ‌နော့် တင်ပြမှု ‌အောင်မြင်သည်ဟု ကျ‌နော့်ဟာကျ‌နော် ‌ကျေနပ်တတ်ပြီး သူတို့ တကယ်ပင် သ‌ဘောမ‌ပေါက်မှန်း သိရလျှင်‌တော့ မည်သူက မည်မျှပင် ချီးမွမ်း‌စေကာမူ ကျ‌နော့်တင်ပြမှု၌ လိုအပ်ချက် ရှိ‌နေသည့်အ‌ပေါ် ဘဝင်မကျ ဖြစ်ရသည်။

တဦးတ‌ယောက်တည်း ‌နေ၍မရ‌သော လူ့‌လောကတွင် မိမိကိုယ်မိမိ ‌ဝေဖန်‌ရေးနှင့် မိမိပတ်ဝန်းကျင် လုပ်‌ဖော်ကိုင်ဖက်များကို ‌ဝေဖန်‌ရေး မှာ မရှိမဖြစ် လိုအပ်သည်။ လုပ်‌ဖော်ကိုင်ဖက် မိတ်‌ဆွေများအ‌နေဖြင့် ဘုတ်ကျီး‌မြှောက် ကျီးဘုတ်‌မြှောက်ကာ တဦးနှင့်တဦး ဝမ်းထဲက မပါပဲ အ‌ကောင်း‌တွေချည်း ထုတ်‌ဖော်ချီးမွမ်း ဟိတ်ဟန်ထုတ်‌နေဖို့ မဟုတ်။ တဦး၏ အားသာချက်‌တွေကို တဦးက အသိအမှတ်ပြု ‌ပြော ဆိုသလို အားနည်းချက်‌တွေကိုလည်း အပြန်အလှန် ‌ဝေဖန်‌ထောက်ပြနိုင်ရမည် ဖြစ်သည်။ ထိုသို့‌ထောက်ပြမှသာ ကိုယ့်ဟာကိုယ် ဟုတ် လှပြီထင်လျက် ကာလကြာမြင့်စွာ အရိုးစွဲလာခဲ့သည့် အမူအကျင့်ဆိုးများကို ပြင်နိုင်မည် ဖြစ်သည်။ လူ့အဖွဲ့အစည်းအ‌နေဖြင့် ‌ဝေဖန်‌ရေးရှိ မှလည်း တိုးတက်မည် ဖြစ်သည်။ တဆင့်ထက်တဆင့် ပိုမို‌ကောင်းမွန်‌စေရန် ကြိုးစားနိုင်မည် ဖြစ်သည်။

ရိုးရိုးသားသား ‌ကောင်း‌ကြောင်း၊ ‌တော်‌ကြောင်း၊ နှစ်သက်သ‌ဘောကျ‌ကြောင်း ချီးမွမ်း‌ပြောဆိုမှုနှင့် အ‌ပေါ်ယံ‌ကြော ဟန်‌ဆောင်ပန်‌ဆောင် ‌ပေါ့ပျက်ပျက် ‌မြှောက်ပင့်ချီးမွမ်းမှုမှာ အ‌တော်ပင် ကွာခြားသည်။ ‌ဝေဖန်‌ရေးမှာလည်း ထို့အတူပင် ဖြစ်သည်။ စည်းကမ်းမဲ့စွာ ‌ပေါက်တတ် ကရ အတင်း‌ပြောခြင်းများနှင့် အစွန်း‌ရောက် မုန်းတီးမှုအ‌ပေါ် အ‌ခြေခံကာ ဖျက်လိုဖျက်ဆီး အပျက်သ‌ဘောသက်သက် ဆဲ‌ရေးတိုင်းထွာ ခြင်းများကို ‌ဝေဖန်‌ရေး စာရင်းထဲ သွင်း၍ မရ။

မိတ်‌ဆွေအချို့ကို ကျ‌နော့်စာများနှင့် ပတ်သက်ပြီး အကြံပြု ‌ဝေဖန်စာ‌တွေ ‌ရေးနိုင်ပါတယ်ဟု ကျ‌နော် ‌ပြောခဲ့သည်။ ‌ဝေဖန်မှု‌တွေကို ကျ‌နော် ကြိုဆိုသည်။ သို့ရာတွင် မိတ်‌ဆွေမဟုတ်သူအချို့ထံမှ ‌ဝေဖန်ချက် ကွန်မဲင့်‌တွေ ‌ရေးလာသည့်အခါမှာ‌တော့ ကျ‌နော် စိတ်မချမ်းမ သာ ဖြစ်ရသည်။ ကျ‌နော် ‌မျှော်လင့်သည့် ကွန်မဲင့်မျိုးမှာ ဤသို့ ထိကပါးရိကပါး ပုတ်ခတ် ဆဲ‌ရေးတတ်သည့် အဆင့်အတန်း နိမ့်ကျ‌သော ကွန်မဲင့်မျိုးများ မဟုတ်။ အ‌ကောင်း‌ပြောသည်ဖြစ်‌စေ၊ မ‌ကောင်း‌ပြောသည်ဖြစ်‌စေ အကျိုးသင့် အ‌ကြောင်းသင့် ‌ထောက်ပြ ‌ဝေဖန်‌သော ကွန်မဲင့်မျိုး‌တွေကိုသာ ကျ‌နော် လိုလားသည်။ အဓိပ္ပာယ်မရှိ ‌တော‌ရောက် ‌တောင်‌ရောက် ဝါကျတိုနန့်နန့်က‌လေးများ ‌ရေးကာ ကိုယ့်ဆိုလို ချက်ကို ကိုယ်တိုင်ပင် မရှင်းပြတတ်သည့် ဟန်‌ဆောင်ညာဝါး တတ်‌ယောင်ကား ကွန်မဲင့်‌တွေကို မလိုလား။ ထိုအရာ‌တွေကို ဖတ်ရလျှင် အ‌တော်ပင် ‌ဒေါသ ဖြစ်ရသည်။

‌ဝေဖန်‌ရေးဟု ဆို‌သော်လည်း လူတိုင်းထံက ‌ဝေဖန်‌ရေးကို ကျ‌နော် မ‌မျှော်လင့်။ ‌ဝေဖန်‌ရေးနှင့် ပတ်သက်၍ ကျ‌နော့်မိတ်‌ဆွေ ပန်းချီဆရာ တဦး ‌ပြောပြဖူး‌သော ပုံပြင်က‌လေးမှာ မှတ်သားဖွယ် ဖြစ်သည်။

ပန်းချီဆရာတ‌ယောက်သည် ‌နေရာတ‌နေရာ၏ ရှုခင်းပန်းချီကားတချပ်ကို ‌ရေးဆွဲပြီး‌နောက် တမနက်တွင် လူအများသွားလာ‌သော ပလက်‌ဖောင်း‌ဘေး၌ အများကြည့်ရှု‌စေရန် ‌ဒေါက်‌ထောက် ‌ထောင်ထားလျက် ထိုပန်းချီကားအနီးမှာ စာတမ်းတခု ချိတ်ထားလိုက်သည်။ စာတမ်း၌ “ဤပန်းချီကားကို ရှုမြင်သူများအ‌နေဖြင့် ပန်းချီကားတွင်းမှ သဘာဝမကျသည့်‌နေရာ၊ မှားယွင်းချွတ်‌ချော်‌နေသည့်‌နေရာ၊ လိုအပ်‌နေသည့် ‌နေရာတခုခုကို ‌ဆေးအနီတစက်ချ၍ ‌ထောက်ပြ‌ပေးပါရန်”ဟု ‌ရေးထားပြီး ‌ဘေးတွင် ‌ဆေးနီဘူးတစ်ဘူးနှင့် စုတ်တံကို လည်း ချထားသည်။ ည‌နေပိုင်း၌ ပန်းချီဆရာသည် မိမိပန်းချီကားအ‌ပေါ် ရှုမြင်သူတို့၏ ‌ထောက်ပြမှုများကို သွား‌ရောက်ကြည့်ရှုရာတွင် ပန်းချီကားတချပ်လုံး ‌ဆေးအနီစက်များဖြင့် ရဲရဲနီ‌နေသည်ကို ‌တွေ့ရ‌လေသည်။

ရက်များမကြာမီ ပန်းချီဆရာသည် ထိုပန်းချီကား ‌ရေးဆွဲခဲ့‌သော ‌နေရာမှာပင် ယခင်ရှုခင်းပန်းချီနှင့် တထပ်တည်း တူ‌သော ပန်းချီကား တချပ်ကို ထပ်မံ ‌ရေးဆွဲကာ ယခင် ပလက်‌ဖောင်းလမ်း‌ဘေး၌ပင် ‌ဒေါက်‌ထောက်‌ထောင်ကာ စာတမ်းတခုပါ ချိတ်ထားလိုက်သည်။ ဒီတခါ စာတမ်းမှာ‌တော့ “ဤပန်းချီကားကို ရှုမြင်သူများအ‌နေဖြင့် ပန်းချီကားမှ မှားယွင်းချွတ်‌ချော်‌နေ၊ လိုအပ်‌နေသည့် ‌နေရာများကို ပြင်ဆင်‌ပေး ပါရန်”ဟု ‌ရေးထားသည်။ ‌ဘေးနားမှာလည်း ‌ဆေးဘူးအစုံအလင်နှင့် စုတ်တံများပါ ချထားသည်။ ည‌နေပိုင်း သွား‌ရောက်ကြည့်ရှုသည့်အ ခါမှာ‌တော့ ပန်းချီကားမှာ မည်သည့် ‌ဆေးစက်မျှ မစွန်းပဲ မိမိ ‌ရေးဆွဲခဲ့သည့်အတိုင်း မပျက်မယွင်း ရှိ‌နေသည်ကို ‌တွေ့ရ‌လေသည်။

‌ဝေဖန်ပါဟု ‌ပြောလျှင် လူတိုင်းလိုလို ‌ဝေဖန်တတ်ကြသည်။ “ခင်ဗျားဥစ္စာက တခုခု လို‌နေသလိုဘဲ” “ဟိုဟာကြီးက‌တော့ မ‌ကောင်းဘူး ဗျ” စ‌သောစကားများကို လူတိုင်းလိုပင် ‌ပြောတတ်ကြသည်။ ‌ထောက်ပြတတ်ကြသည်။ “အဲဒါကို ‌ကောင်း‌အောင်ဘယ်လို ပြင်မလဲ” ဆို သည်ကို‌တော့ အကြံမပြုနိုင်ကြ။ အနည်းဆုံးအားဖြင့် “ဘယ်‌နေရာကို ဘယ်လိုလုပ်လိုက်ရင်‌တော့ ပို‌ကောင်းမယ်ထင်တယ်” “ဒီ‌နေရာကို ‌တော့ ဒီလိုလုပ်သင့်တယ်” စသည့် ‌ဝေဖန်အကြံပြုစကား ‌ပြောဆိုတတ်သူမှာ အ‌တော်ပင် ရှားပါးသည်။

‌ဝေဖန်‌ရေးနှင့် ကပ်လျက်ပါလာ‌သော အကြံပြု‌ရေးမှာ ‌စေတနာထားတတ်‌သော ကျွမ်းကျင်သူတို့၏ အလုပ်ဖြစ်၏။ အကြံပြု‌ရေးမပါ‌သော ‌ဝေဖန်‌ရေးမှာ အပြစ်‌ပြောခြင်းသာ ဖြစ်နိုင်‌လေသည်။ ‌ဝေဖန်အကြံပြုနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍတွင် နိုင်နင်း ကျွမ်းကျင်မှု ရှိရမည် ဖြစ်သည်။ လူတိုင်းမှာ ကဏ္ဍတိုင်း၌ မကျွမ်းကျင်နိုင်။ ထို့‌ကြောင့် လူတိုင်းထံက ‌ဝေဖန်‌ရေး‌တွေကို ‌မျှော်လင့်စရာ မလို။

(၃)
ယခင်က ရယ်စရာ‌မောစရာ အ‌လေးမထား‌လောက်ဖွယ် အဆင့်သာ ရှိခဲ့‌သော စည်းကမ်းပျက် ကွန်မဲင့်က‌လေးများမှာ ယခုအချိန်မှာ‌တော့ “ကွန်မဲင့်‌တွေ … ကွန်မဲင့်‌တွေ…”ဟု မ‌ကျေမနပ် ‌ရေရွတ်ရင်း မ‌ပြောမပြီး မတီးမမြည် ဆိုသလို ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ ပြည်သူလူထုကြီး ကြားသိ‌စေ‌ရေး မတင်ပြ မ‌ဆွေး‌နွေး၍ မရနိုင်‌တော့သည့် အ‌ခြေအ‌နေသို့ ဆိုက်‌ရောက်လာခဲ့ပြီ ဖြစ်၏။

ပြီးခဲ့သည့် နှစ်များအတွင်း မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဟူ‌သော ရန်သူ့ကြုံးဝါးမှု၏ ‌နောက်ဆက်တွဲအဖြစ် ကွန်ပြူတာများကို ဟက်(က်) လုပ်ပြီး အချက်အလက် ခိုးယူခြင်းများ၊ ဂျီ‌မေးလ် ခိုး‌ဖောက်ခြင်းများ၊ ဂျီ‌တော့များနှင့် ဖုန်းလိုင်းများကို ကြားဝင်‌နှောက်ယှက်ခြင်းများ၊ အများသုံး ဘ‌လော့ဂ်များ၊ ဝက်ဘ်ဆိုက်များကို ဖွင့်မရ‌အောင် ပိတ်ပင်ခြင်းများ၊ ‌ရေဒီယို အသံလှိုင်းကို ‌နှောက်ယှက်ခြင်းများအပြင် ၎င်းတို့ ၏ အွန်လိုင်းဘ‌လော့ဂ်များမှ‌နေ၍ အတိုက်အခံ ‌တော်လှန်‌ရေးသမားများ၊ ဒီမိုက‌ရေစီ‌ရေးသမားများကို အပုပ်ချ ‌ဝေဖန်‌သော ‌ဆောင်းပါး များ၊ ‌တော်လှန်‌သော ဘ‌လော့ဂ်များ ဝက်ဘ်ဆိုက်များသို့ ဝင်‌ရောက် ‌နှောက်ယှက်ခြင်းများ ‌ပေါ်‌ပေါက်လာခဲ့သည်။

မီဒီယာကို မီဒီယာနှင့် တိုက်သည့် အစီအစဉ်တွင် ရုရှသို့ သွား‌ရောက် ပညာသင်ကြားစရာမလိုပဲ အလွယ်တကူ လုပ်နိုင်သည့် အလုပ်က ‌တော့ အွန်လိုင်း‌ပေါ်တွင် ကွန်မဲင့်‌ရေးခြင်း ဖြစ်သည်။ ယခုအချိန်၌မူ ကွန်မဲင့်များအကြား ရန်သူလွှတ်ထား‌သော သပ်က‌လေးများကို ‌နေ့စဉ် နှင့်အမျှ ပလူပျံသလို တမိုးလုံး ‌ဖျောက်ဆိတ် ‌တွေ့မြင်‌နေရပြီ ဖြစ်‌လေသည်။

ကွန်မဲင့် (comment) ဆို‌သော အဓိပ္ပါယ်မှာ ‌ဝေဖန်ချက် မှတ်ချက်‌ပေးခြင်း ဖြစ်သည်။ criticism အပြစ်ရှာ‌ဝေဖန်ခြင်းနှင့် advisement အကြံပြု မှတ်ချက်‌ပေးခြင်း နှစ်မျိုးလုံး ပါဝင်သည်။ ‌ဝေဖန်ချက် မှတ်ချက်များ ‌ပေးခြင်းမှာ စဉ်းစားဆင်ခြင်တတ်သူတို့၏ အလုပ်ဖြစ်၏။
ကွန်မဲင့်ကို မြန်မာစာ အနည်းငယ် ‌ရေးတတ်ဖတ်တတ်ပြီး အင်တာနက် ဝက်ဘ်ဆိုက်များသို့ ‌လျှောက်‌မွှေတတ်ကြသူတိုင်း ‌ရေးနိုင်ကြမည် ဖြစ်သည်။ ‌ရေးသူအများစုမှာ ‌ပေါ့‌ပေါ့‌နေ ‌ပေါ့‌ပေါ့စား လူငယ်များနှင့် ‌ဘောင်ဘင်ခတ်တတ်‌သော လူကြီးများဖြစ်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှ ပြီဟူ၍ ဟိတ်ဟန်ထုတ် ဝါကြွားချင်‌သောသ‌ဘော၊ တဘက်သားအား ကျိုးယုတ်ရှက်ရ ဖြစ်‌စေလို‌သောသ‌ဘော၊ ပြည်သူလူထု အကျိုးအ တွက် လွတ်လပ်စွာ ‌ရေးသားမှုကို ‌နှောက်ယှက်ဖျက်ဆီးလို‌သောသ‌ဘော၊ ကိုယ့်ထက်သာ မနာလို ဝန်တိုတတ်‌သောသ‌ဘော၊ ဖတ်ရှုသူ များ စိတ်အ‌နှောက်အယှက် ဖြစ်‌စေလိုသည့် အ‌ပျော်သ‌ဘောမျိုးများဖြင့် ဝင်‌ရေး‌နေကြခြင်း ဖြစ်သည်။ အချို့က‌တော့ ရန်သူစစ်အုပ်စု အလိုကျ ဒီမိုက‌ရေစီ‌ရေး တိုင်းရင်းသားအ‌ရေးနှင့် ပတ်သက်‌သော အ‌တွေးအမြင် သ‌ဘောထားများ၊ စိတ်ကူး ‌မျှော်လင့်ချက်များကို ကဖျက်ယဖျက် ဝင်‌ရေးတတ်ကြ၏။

ကွန်မဲင့် အများအပြားမှာ မူရင်း‌ဆောင်းပါးအ‌ပေါ် ‌ဝေဖန်‌ရေးထက် ကွန်မဲင့်‌ပေး‌နေကြသူအချင်းချင်း ဘယ်သူက ဘာဖြစ်တယ် ဘယ်သူ ဘယ်ဝါက ဘယ်လို စသဖြင့် တဘက်နှင့်တဘက် အပြန်အလှန် ‌ထောက်ပြ‌ဝေဖန် အုပ်စုဖွဲ့ ဆဲ‌ရေးတိုင်းထွာ‌နေကြတာ‌တွေက ပို၍များ သည်။ ကွန်မဲင့်‌ရေးသူအများအပြားမှာ ရန်သူ့လက်ကိုင်တုတ် သပ်များဖြစ်ပြီး သူ့လူကိုယ့်ဘက်သားတို့၏ လုပ်နည်းလုပ်ဟန်အတိုင်း သူ့ ဘက်က အ‌ခြေအ‌နေ‌ကောင်းပါက သိသိသာသာ ထိုးနှက်ခြင်းဖြင့်လည်း‌ကောင်း၊ သူ‌တော်ချင်းချင်း သတင်း‌လွေ့‌လွေ့ ‌ပေါင်းဖက်‌တွေ့ကြ ပြီး ဆန့်ကျင်ဘက်ကို ဝိုင်းဝန်း ဆွမ်းကြီး‌လောင်းခြင်းဖြင့်လည်း‌ကောင်း၊ တဘက်က ထိထိ‌ရောက်‌ရောက် ‌ချေပလိုက်‌သော‌ကြောင့်ဖြစ်‌စေ သူ့ဘက်က ‌ထောက်ခံသည့်အင်အား နည်းပါး‌သော‌ကြောင့်ဖြစ်‌စေ အ‌ခြေအ‌နေ အဆင်မ‌ပြေပါက ရူးသလိုလိုလုပ်ကာ စကား‌ရော‌ဖော‌ရော လုံးတုတ်ခြင်းများဖြင့်လည်း‌ကောင်း၊ သူ့လူကိုယ့်လူ မျှ‌နေ‌သောအချိန်တွင် ‌လှေနံနှစ်ဘက်နင်း‌သော ဆုတ်သာတက်သာ အသုံးအနှုန်းများ ဖြင့်လည်း‌ကောင်း၊ ဟိုဘက်လိုလို ဒီဘက်လိုလို သ‌ဘောထားပြည့်ဝ‌သော ဆရာကြီးလိုလို ဩဝါဒ‌ပေးခြင်းများဖြင့်လည်း‌ကောင်း ဝင် ‌ရောက်‌ရေးသားတတ်ကြသည်။ ထိုကွန်မဲင့်မျိုးများကို ‌ဒေါက်တာလွဏ်း‌ဆွေဘ‌လော့ဂ်၊ ဧရာဝတီဘ‌လော့ဂ်နှင့် သစ်ထူးလွင်ဘ‌လော့ဂ်တို့ တွင် အများအပြား ‌တွေ့ရမည် ဖြစ်သည်။ သစ်ထူးလွင်ဘ‌လော့ဂ်က‌တော့ အဆဲအဆို‌တွေပါ ပါသည့် ခပ်ကြမ်းကြမ်း ဘ‌လော့ဂ် ဖြစ်သည်။ ဗမာပြည်တွင်းက ဖြစ်သည်။ ကဏ္ဍ‌ပေါင်းစုံ ပါဝင်သည့်အပြင် ယ‌နေ့‌ခေတ် မြန်မာမင်းသမီးအချို့၏ အ‌ဖော်အချွတ်ပုံများကိုပါတင်ပြီး လွတ် လပ်စွာ ‌ဝေဖန် ဆဲဆို‌စေ‌သော ဘ‌လော့ဂ်ဖြစ်၍ တလတလကို သိန်းနှင့်သန်းနှင့်ချီ၍ လာ‌ရောက် လည်ပတ် ဆဲဆိုသူများဖြင့် အထူးပင် စည်ကား‌သော ဘ‌လော့ဂ် ဖြစ်‌လေသည်။

အများပြည်သူအကျိုးအတွက် ‌ဆောင်းပါး‌ရေးကြ၊ ‌ဝေဖန်အကြံပြုချက် ‌ရေးကြသူများအား ကြားဝင် တိုက်ခိုက်သည့် ကွန်မဲင့်များမှာ များ ‌သောအားဖြင့် စကားလုံးအသုံးအနှုန်း‌တွေ တူညီ‌နေသည်ကို အံ့ဩစွာ ‌တွေ့မြင်နိုင်ကြမည်ဖြစ်‌ကြောင်း ‌ဆောင်းပါးတပုဒ်တွင် ကျ‌နော် ‌ဖော်ပြခဲ့ပြီး ဖြစ်သည်။ တကယ်‌တော့ “plan ရှိရင် ချပြပါ ”ဆို‌သော အသုံးအနှုန်းမျိုး၊ “ မ‌ကျေနပ် ကိုယ့်လမ်းကိုယ်‌လျှောက်” ဆို‌သော အသုံးအနှုန်းမျိုး‌တွေကို အများအပြား ‌တွေ့ရှိရသည့်အ‌ပေါ် မည်သို့မျှ အံ့ဩစရာ မရှိ။ ထိုအသုံးအနှုန်းပိုင်ရှင်‌တွေမှာ စစ်အုပ်စု ပင်ရင်းဌာန တခုတည်းကလာ‌သော အစွယ်အပွားများသာ ဖြစ်‌ကြောင်းကို သံသယရှိစရာ မလို။

အ‌တွေးအ‌ခေါ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သူများ၊ ‌ဝေဖန်‌ထောက်ပြလို‌သော အ‌ကြောင်းအချက်၌ ဗဟုသုတနည်းပါးသူများ၊ လူ့ကျင့်ဝတ် သိက္ခာနှင့် ‌လျော်ညီစွာ ‌ရေးသား‌ပြောဆိုမှု မပြုတတ်ကြသူများမှာ ကွန်မဲင့် မ‌ရေးသားထိုက်သူများ ဖြစ်သည်။

ကွန်မဲင့်‌ရေးသူချင်း အပြန်အလှန် မိတ်ဆက်လျက်၊ ဘယ်သူ့သိလား ဘယ်ဝါ့သိလား၊ မှတ်မိလား၊ ဘယ်တုန်းက ဘယ်‌နေရာမှာ ဘယ်သို့ ဘယ်ညာဘယ်ချမ်းသာ စသဖြင့် ‌နောက်‌ကြောင်း‌ဖော် ‌ဆွေမျိုးစပ်‌နေကြသည့် ကွန်မဲင့်‌တွေလည်း ရှိသည်။ မူလအ‌ကြောင်းအရာအ‌ပေါ် သ‌ဘောထား‌ပေး ‌ဝေဖန် ‌ဆွေး‌နွေးမှုများမှ လမ်းလွဲ ‌ချော်ထွက်ကာ အလကား‌ရေး၍ ရ‌သော စာမျက်နှာများကိုလည်း အားမနာ၊ စာဖတ်သူ ‌တွေ၏ အချိန်ကိုလည်း အားမနာပဲ ကိုယ့်အခွင့်အ‌ရေးကိုကိုယ် အလွဲသုံးစား လုပ်ရင်း အများပြည်သူအ‌ပေါ် ‌စော်ကား‌နေကြသူ‌တွေလည်း အများအပြား ရှိ‌လေသည်။

အချို့ ကွန်မဲင့်အ‌ရေးအသားများမှာ အ‌တော်ပင် သိက္ခာရှိကြသည်။ ‌ကောင်းမွန်စွာ အကြံပြု ‌ဆွေး‌နွေးနိုင်ကြ၊ အား‌ပေး ‌ထောက်ခံနိုင်ကြ သည်။ မျှတ‌သောအမြင်ဖြင့် တည်ငြိမ်‌အေး‌ဆေးစွာ ‌ရေးလာသည့် ကွန်မဲင့်များမှာ နှစ်လိုဖွယ်‌ကောင်းသည်။ မူလ‌ဆောင်းပါးရှင်ကိုလည်း ‌ကောင်း ဖတ်ရှုသူများကိုလည်း‌ကောင်း စိတ်‌ကျေနပ်‌စေပြီး ဗဟုသုတလည်း ရ‌စေသည်။ သို့ရာတွင် အများတကာကို ‌နှောက်ယှက် ‌စော် ကားမှုမရှိ‌သော ထိုကွန်မဲင့်မျိုးများမှာ အ‌တော်ပင် ရှားသည်။

အချို့က‌တော့ အမြင်ချင်း ‌ဆွေး‌နွေးဖလှယ်သည့်သ‌ဘောဖြင့် စာကို အ‌တော်ရှည်ရှည် ‌ရေးနိုင်ကြသည်။ အချက်အလက်ကလည်း အ‌တော်က‌လေး စုံသည်။ သူတ‌ယောက်တည်း၏ သ‌ဘောထားအမြင်မှာ အွန်လိုင်းစာ‌စောင်တခုခုတွင် သီးခြား‌ဆောင်းပါးတပုဒ်အဖြစ် သူ့ဟာသူ ‌ရေးသားတင်ပြ၍ပင် ရသည့် အ‌နေအထား ရှိသည်။ ‌ဆောင်းပါးတခု၏‌အောက်၌ ဝင်‌ရေး‌နေစရာမလို။ မိမိ ‌ဝေဖန်‌ဆွေး‌နွေးလို ‌သော ‌ဆောင်းပါးအမည်ကို ‌ဖော်ညွှန်းကာ မိမိအမြင်ကို သီးခြား‌ဆောင်းပါး ‌ရေးလိုက်ရုံသာ ဖြစ်သည်။

‌ဆွေး‌နွေးတင်ပြသည့် အ‌ကြောင်းအရာ‌ပေါ်လိုက်၍ မူလ ‌ဆောင်းပါးက ခပ်တိုတိုဖြစ်‌သော်လည်း ကွန်မဲင့်‌တွေက ရှည်လျား‌နေသည့် အဖြစ် မျိုးလည်း ရှိတတ်သည်။ အ‌ထောက်အထား၊ အကိုးအကားများ စုံလင်‌အောင် တင်ပြ‌သော ထိုကွန်မဲင့်များမှာ ဖတ်ရှုသူတို့၏ အချိန်ကို အလဟဿ မဖြစ်‌စေနိုင်‌သော်လည်း မလိုအပ်ပဲ ‌လေရှည်‌နေ‌သော ကွန်မဲင့်များအတွက်‌တော့ မသက်မသာ ဖြစ်ကြရသည်။ အချို့ ဝက်ဘ် ဆိုက်များ ဘ‌လော့ဂ်များက ကွန်မဲင့်ဝင်‌ရေးနိုင်မည့် စာလုံး‌ရေ သို့မဟုတ် စာ‌ကြောင်း‌ရေကို ကန့်သတ်ထားရှိသည်။ ဖတ်ရှုသူများ အချိန်မ ပုပ်ရန် ကျစ်လစ် တိကျစွာ လိုရင်းတိုရှင်း ‌ရေးကြ‌စေဖို့ ဖြစ်သည်။ ကွန်မဲင့်မှာ မှတ်ချက်ချ အကြံပြုရုံမျှသာဖြစ်၍ အလွန်ဆုံး စာဆယ် ‌ကြောင်းထက် မပိုသင့်။

အချို့က‌တော့ မြန်မာလို‌ရေးထား‌သော ‌ဆောင်းပါးကိုဖတ်ပြီး မြန်မာလိုကွန်မဲင့်‌ရေးလျှင် ရပါလျက် အဂင်္လိပ်လို ‌ရေးတတ်ကြသည်။ အဂင်္လိပ်လို‌ရေးကြ‌သော်လည်း များ‌သောအားဖြင့် စာလုံးအသုံးအနှုန်း‌တွေက ခွန်အားမရှိ။ သဒ္ဒါနည်းမကျ‌သော ဝါကျ တည်‌ဆောက်မှုများ ဖြင့် ၎င်းတို့၏ စာအ‌ရေးအသားညံ့မှုကို ‌ပေါ်လွင်‌စေသူများ ဖြစ်၏။ ထို‌တော့တီး‌တော့တ မပီကလာ ‌ထော့ကျိုး‌ထော့နင်း အဂင်္လိပ်စာများမှာ ဖတ်ရှုသူကို အ‌တော်ပင် စိတ်ဆင်းရဲ‌စေ‌လေသည်။

အချို့ကွန်မဲင့်‌တွေက‌တော့ မြန်မာလို အ‌ရေးအသားမှာပင် အဆင့်မရှိ။ စကားလုံးအသုံးအနှုန်း ‌ဝေါဟာရကို နားမလည်သည့်အပြင် သာ မန် စာလုံး‌ပေါင်း‌တွေကိုပင် အမှားမှားအယွင်းယွင်း ‌ရေးထားသည်ကို ‌တွေ့ရသည်။ သ‌ဘောထား‌တွေကလည်း အများလက်ခံနိုင်ဖွယ် မရှိ။ ထိုသို့‌သော ကွန်မဲင့်မျိုးများကို ဖတ်ရှုမိသူများအ‌နေဖြင့် မည်သည့် ‌ကောင်းကျိုးချမ်းသာမျှ မရပဲ အကျိုးဆုတ်ယုတ်မှု‌တွေသာ ဖြစ်ကြရ သည်။ စာ‌ပေကို ‌ရေးချင်သလို‌ရေး၊ စကားကို ‌ပြောချင်သလို ‌ပြောခြင်းဖြင့် စာ‌ပေစကား ထိန်းသိမ်းရမည်ဖြစ်‌သော အမျိုးသား ယဉ်‌ကျေးမှု ကိုပါ ထိခိုက်နိုင်သည်။ တဦးစီ၏ သ‌ဘောထားအမြင်များကို အမှီပြုကာ မိတ်‌ဆွေပွားများ တိုးတက်ရမည့်အစား မိတ်ပျက်‌ဆွေပျက် မုန်း တီးမှုများပင် တိုးပွား‌စေနိုင်သည်။

(၄)
တကယ်တမ်း ငြိမ်းချမ်း‌ရေးကို လူတိုင်းပင် လိုလားကြသည်။ မီးစ‌ရေမှုတ်‌ပေါ်လစီဖြင့် တိုင်းရင်းသား‌တွေကို ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး ‌ပြော ဆို၊ နိုင်ငံ‌ရေးအကျဉ်းသားအချို့ လွှတ်ပြ စသည့် အ‌ပေါ်ယံ‌ကြော ပြုပြင်‌ပြောင်းလဲမှုက‌လေး‌တွေ အနည်းငယ်လုပ်ပြပြီး တဖက်က‌တော့ တိုင်းရင်းသား နယ်‌မြေအချို့မှာ ထိုးစစ်ဆင်၊ မဆလ နဝတ နအဖ ‌ခေတ်တ‌လျှောက်လုံး သတင်းစာ‌ဆောင်းပါးများဖြင့် လူထုကို ဆဲ‌ရေး ‌စော်ကားခဲ့သူများအပါအဝင် ၎င်းတို့၏ ‌နောက်လိုက်များထဲမှ ‌နောက်‌ပေါက်အစွယ်အပွားက‌လေးများကို မီဒီယာလိုင်းမှာ ဆဲစာရဲစာ ‌ဆောင်းပါးများနှင့်၊ ၎င်းတို့ကို ဆန့်ကျင်သူများ ‌ရေးထားသည့် ‌ဆောင်းပါးများ‌အောက် ကွန်မဲင့်များ ဝင်‌ရောက်‌ရေးသား သပ်လျှို‌စေခဲ့သည်။

Yahoo! ဝက်ဘ်ဆိုက် အပါအဝင် အပြည်ပြည်ဆိုင်ရာ ဝက်ဘ်ဆိုက်များ၌ အဂင်္လိပ်ဘာသာဖြင့် ‌ရေးသား‌သော ‌ဆောင်းပါးတပုဒ်‌အောက်မှ ကွန်မင့်များမှာ ‌လေးငါး‌ထောင်ခန့် ရှိသည်။ အဂင်္လိပ်ဘာသာမှာ ကမ္ဘာသုံးဘာသာရပ်တခုဖြစ်၍ ကမ္ဘာအရပ်ရပ်မှ ဖတ်ရှုပြီး မှတ်ချက်ဝင် ‌ရေးကြခြင်း ဖြစ်သည်။ သို့ရာတွင် newmandalar.net လို အချို့‌သော ဝက်ဘ်ဆိုက်များက‌တော့ ‌ရေးလာသည့် ကွန်မဲင့်များအ‌ပေါ် အဆင့်အတန်း ရှိမရှိ စံနှုန်းသတ်မှတ်မှုများ လုပ်တတ်ကြသည်။ ထိုကဲ့သို့‌သော ဝက်ဘ်ဆိုက်တွင် ကွန်မဲင့်‌ရေးသူ‌တွေ များများစားစား မရှိ။ ဆယ်ဂဏန်းမျှသာ ရှိသည်။ သို့ရာတွင် ‌ရေးလာသည့် ကွန်မဲင့်များကို ဖတ်ရသည်မှာ စိတ်ချမ်းသာဖွယ်‌ကောင်းသည်။

ဗမာပြည်တွင်းက ဘ‌လော့ဂ်များ ဝက်ဘ်ဆိုက်များ‌ကော ပြည်ပနိုင်ငံများမှ မြန်မာဘ‌လော့ဂ် ဝက်ဘ်ဆိုက်များပါ ကွန်မဲင့်‌ရေးသားရန် ‌နေရာ ‌ပေးတတ်ကြသည်။ သို့ရာတွင် ဗမာပြည်သားများအ‌နေဖြင့် ကွန်မဲင့်‌ပေးခြင်းမှာ ‌ဆောင်းပါး‌ရေးတတ်စရာမလိုပဲ စာအနည်းအကျဉ်း‌ရေး တတ်လျှင်ပင် ဝင်‌ရောက်ဆဲ‌ရေးနိုင်သည်ဟု ခံယူထားသည်ဖြစ်၍ နာမည်ကြီး ဘ‌လော့ဂ်များ၊ ဝက်ဘ်ဆိုက်များမှာ ရန်သူ့သပ်များ အများ အပြား ဝင်‌အောင်း‌နေတတ်သည့် ‌နေရာ‌တွေ ဖြစ်‌လေသည်။

အချို့ ကွန်မဲင့်‌နေရာ (comment box)‌တွေက ‌ရေးပြီး‌နောက် (submit)နှိပ်၍ တင်လိုက်လျှင် ချက်ချင်း ‌ဖော်ပြခြင်းမခံရပဲ (admin)က စိစစ်ပြီးမှ ‌ဖော်ပြတတ်ကြ‌သော်လည်း အချို့က‌တော့ ‌ရေးပြီး တင်လိုက်သည်နှင့် ချက်ချင်း ‌ဖော်ပြပြီးသား ဖြစ်‌နေသည်။ ရန်သူ့သပ်‌တွေ က ထိုသို့‌သော ကွန်မဲင့်‌နေရာမျိုးကို ပို၍ သ‌ဘောကျ နှစ်ချိုက်ကြသည်။ ၎င်းတို့အတွက် ပွဲ‌တော်ကြီး‌တွေ့လိုက်သလို ဝင်‌ရောက် ပွားတတ်၊ ဆဲတတ်၊ ဆွမ်းကြီး‌လောင်းတတ်ကြသည်။

တစထက်တစ ပို၍ဆိုးဝါးစွာ အမြစ်တွယ်လာပြီဖြစ်‌သော ထိုကွန်မဲင့်‌ရေးသားသူများနှင့်ပတ်သက်၍ အမုန်းခံပြီး တိုက်မည့်သူ‌တွေ လိုအပ် သည်။ ၎င်းတို့ကို ထိထိ‌ရောက်‌ရောက် ထိုးနှက်နိုင်ဖို့လိုသည်။ တဘက်က နည်းနည်းက‌လေး ပြန်လည်‌ရေးသားလာ၊ ကြားဝင်‌ပြောဆိုလာ ကြသည်နှင့် မိမိဘက်က ‌နောက်တကြိမ်ထပ်၍ ‌ချေပ‌ပြောဆိုခြင်း ထိုးနှက်ခြင်း မပြု‌တော့ပဲ လက်‌ရှောင်လိုက်၍မရ။ အချို့မှာ ဤသို့ လက်‌ရှောင်ရင်း စကားနည်းရန်စဲလုပ်ကာ ‌နောက်ထပ် ‌ရေးလာကြသည့် ‌ဆောင်းပါးများ ကွန်မဲင့်များကိုပင် မဖတ်ရှုဖြစ်၊ မှန်ကန်‌သော သ‌ဘောထားမှတ်ချက်များ ဝင်‌ရောက်မ‌ရေးဖြစ်‌တော့ပဲ အွန်လိုင်း‌ပေါ်မှ ‌ပျောက်သွားတတ်ကြသည်။ ထိုသို့ ‌ပျောက်သွားခြင်းမှာ အမှန်တ ရား၏ ဘက်‌တော်သားတဦး ယုတ်‌လျော့သွားခြင်းဖြစ်၍ အမှန်တရားကို ကိုင်စွဲ တိုက်ပွဲဝင်‌နေသူတို့အတွက် မလိုလားအပ်ဖွယ် ဖြစ်သည်။

အ‌ကြောင်းအကျိုး ဆင်ခြင်တတ်မှု ဉာဏ်ပညာမဲ့၊ ရပ်တည်ချက်သ‌ဘောထားမမှန်ကန်၊ ရိုးသားမှု မရှိ၊ ရိုင်းပျ‌စော်ကားတတ်သူများနှင့် ဖက် ပြိုင်စကားနိုင်လုရမည်ကို ရွံရှာ‌သော‌ကြောင့် လျစ်လျူရှု ဥ‌ပေက္ခာပြုခြင်းမှာ မှန်ကန်သည်ဟု ဆိုနိုင်မည် ဖြစ်‌သော်လည်း တရားမျှတမှုနှင့် မတရားမှုတို့ ပြိုင်ပွဲတွင် မတရားမှုကို ဆက်လက်မ‌ချေဖျက်‌တော့ပဲ ‌ကျောခိုင်း‌ရှောင်လွှဲလိုက်သူတို့အ‌ပေါ် လူတကာက ယုံကြည်မှု မရှိ ‌တော့သည့်အဖြစ်မျိုး၊ အထင်အမြင်‌သေးခံရမည့်အဖြစ်မျိုးများ ‌ပေါ်‌ပေါက်နိုင်‌သော‌ကြောင့် ဓားမှန်းသိ‌အောင် ဓားအိမ်ချွတ်ပြသလို သတ္တိပြ သည့်လုပ်ရပ်ကို လုပ်ကြရမည်သာ ဖြစ်သည်။ မိမိဘက်က ထိထိ‌ရောက်‌ရောက် သယ်ပြီးမှသာ အသိဉာဏ်နုံနဲ့‌သော ရန်သူ၏ ပွစိပွစိ လုပ် မှုကို ‌ကျောခိုင်းချန်ရစ် ထားခဲ့နိုင်မည် ဖြစ်‌လေသည်။

မစင်လူး‌နေ‌သော ဝက်အား ခြ‌သေင့်္က ရွံရှာသည်ကို ခြ‌သေင်္ံ့‌ကြောက်ဟု အ‌ပြောခံလာရပါက ထိုဝက်ကို တနည်းနည်းဖြင့် မှတ်‌လောက် သား‌လောက်‌အောင် သယ်ရမည်သာ ဖြစ်သည်။ ခွင့်လွှတ် လျစ်လျူရှုခြင်းမှာ ‌အောင်ပွဲတစ်ရပ်ဟုဆို‌သော်လည်း အချို့‌နေရာများ၌ ခွင့် လွှတ်‌နေ၍မရ‌ချေ။ အမှန်တရားကို ကိုင်စွဲသူတို့အ‌နေဖြင့် မီဒီယာကို မီဒီယာဖြင့်တိုက်လာသည့် ရန်သူအား ထိ‌ရောက်စွာ နှိပ်ကွပ်ရ‌တော့ မည် ဖြစ်၏။