Home သတင်း တမျိုးသားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် KNU သတိပြုသင့်‌ကြောင်း KPC ‌ပြောဆို

တမျိုးသားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် KNU သတိပြုသင့်‌ကြောင်း KPC ‌ပြောဆို

1820
မတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)အ‌နေဖြင့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်ရာတွင် ကရင်တမျိုးသားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် သတိပြု သင့်‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး‌ကော်မတီ- KPC ‌ခေါင်း‌ဆောင်များက မတ်လ ၂ဝရက်‌နေ့က ‌ဆွေး‌နွေး‌ပြောဆိုခဲ့ကြသည်။

ထို‌နေ့ည‌နေတွင် ကရင်ပြည်နယ် ဘားအံမြို့၊ ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း၌ ကျင်းပပြုလုပ်သည့် KPC ဆရာ‌တော်များ၏ အထူး အစည်းအ‌ဝေးတွင် KNU ‌ဖော်‌ဆောင်‌သော ငြိမ်းချမ်း‌ရေးကို အပြုသ‌ဘော ကြိုဆို‌သော်လည်း KNU အ‌နေဖြင့် သမိုင်းစာမျက်နှာ၌ တစ်မျိုး သားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် သတိပြုသင့်သည်ဟု ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုအစည်းအ‌ဝေးတွင် ‌တောင်ပတ်ဆရာ‌တော်၊ ‌တောင်က‌လေးဆရာ‌တော်၊ ဘီး‌ရှော့ဖိုး‌ရေ၊ ဘီး‌ရှော့ ဒီဝှိုက်ကျင်း၊ သိက္ခာ‌တော်ရ ဆရာ ‌တော် ‌ဒေါက်တာဂျိမ်း(စ်) ‌ကေဘန်တို့ စသည့် KPC ၏ ဦး‌ဆောင်ဆရာ‌တော် ၅ပါး ပါဝင်ခဲ့ကြသည်။

ကရင့်အ‌ရေးသည် ကရင်အမျိုးသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အတွက် ကရင်လူထုအင်အား တစ်ရပ်လုံး မပါဘဲ ‌ဖော်‌ဆောင်‌သော ငြိမ်းချမ်း‌ရေးသည် ‌ရေရှည်တည်တံ့‌သော ငြိမ်းချမ်း‌ရေးဖြစ်မည်မဟုတ်‌ကြောင်း ခံယူသကဲ့သို့ အမှန်တရားကို အ‌ခြေမခံ‌သော ငြိမ်းချမ်း‌ရေး သည် ထာဝရ ငြိမ်းချမ်း‌ရေး မည်သို့မျှ မဖြစ်နိုင်ဟု KPC ဆရာ‌တော်များက ရှုမြင်သုံးသပ်ကြသည်။

၎င်းအပြင် ကရင်အမျိုးသား၏ စီးပွားကို ပျက်ပြား‌စေမည့် ငြိမ်းချမ်း‌ရေးမျိုးမဖြစ်‌စေရန်နှင့် တစ်ပါးသူတို့၏ ချယ်လှယ်‌သော ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုမျိုး မဖြစ်‌စေရန် အထူးသတိပြုသင့်သည့်အတွက် KNU အ‌နေဖြင့် အစိုးရနှင့် ထပ်မံ ‌တွေ့ဆုံရာတွင် ကရင်ပြည်သူအားလုံး၏ အကြံဉာဏ်များကို ရယူသွားမည်ဟု KPC ၏ အစည်းအ‌ဝေး မှတ်တမ်းတွင် ‌ဖော်ပြပါရှိသည်။

KNU ၏ ဒု ဥက္ကဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက “ဒါ တစ်မျိုးသားလုံးကိစ္စဆို‌တော့ အားလုံးရဲ့ အကြံအဉာဏ်‌တွေကို ယူမှာပါ။ ကရင်ပြည် နယ်တင်မကဘူး။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်းမှာရှိ ကရင်ပြည်သူ‌တွေရဲ့ အကြံဉာဏ်‌တွေ ယူမယ်။ ‌နောက် တစ်‌ခေါက်သွားရင်‌ပေါ့‌လေ”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်တို့နှင့် သွား‌ရောက်‌ဆွေး‌နွေးခဲ့‌သော KNU ကိုယ်စားလှယ်အ ဖွဲ့သည် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် KPC ကို သီးသန့် သွား‌ရောက် ‌တွေ့ဆုံနိုင်ခြင်းမရှိ‌သော်လည်း ‌နောက်တစ်‌ခေါက် ခရီးစဉ်တွင် မဖြစ် ဖြစ်‌အောင် သွား‌ရောက်‌တွေ့ဆုံမည်ဟု KNU ဘက်က ‌ပြောဆိုသည်။

နှစ်‌ပေါင်း (၆၀)‌ကျော်ကြာ တိုက်ပွဲဝင်ခဲ့သည့် KNU အဖွဲ့သည် မီးရထားဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌ရေးအဖွဲ့နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီစာချုပ်ကို ယခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့က ချုပ်ဆိုခဲ့ သည်။

ထိုကာလ‌နောက်ပိုင်း KNU အဖွဲ့သည် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် ခရိုင်၊ တပ်မဟာ ‌ခေါင်း ‌ဆောင်များက အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြပြီး လာမည့် ဧပြီလဆန်းပိုင်းတွင် အစိုးရနှင့် ဒုတိယအကြိမ် သွား‌ရောက်‌တွေ့ဆုံနိုင်ရန်အ တွက် ပြင်ဆင်ထားသည်ဟုလည်း ပဒို‌ဒေးဗစ်သက‌ဘောက ဆက်‌ပြောသည်။

ဘားအံမြို့အ‌ခြေစိုက် Karen Peace Committee-KPC ကို ကရင်လူမျိုးများအချင်းချင်း စည်းလုံးညီညွှတ်‌ရေးနှင့် မြန်မာပြည်ငြိမ်းချမ်း‌ရေး အတွက် ၂၀၀၄ခုနှစ်က ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဗုဒ္ဓဘာသာ သံဃာ‌တော် ၅ပါးနှင့် ခရစ်ယာန်ဆရာ‌တော် ၄ပါးဖြင့် စတင် ဖွဲ့စည်းခဲ့ သည်။

အစိုးရနှင့် KNU တို့ ပဏာမ ငြိမ်းချမ်း‌ရေးသ‌ဘောတူ လက်မှတ်မထိုးခင် ဒီဇင်ဘာလ ၇ရက်‌နေ့တွင် KPC ၏ ဦး‌ဆောင်အဖွဲ့ဝင် ၃ဦးသည် ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ KNU ဗဟို‌ကော်မတီဝင်တချို့နှင့် လာ‌ရောက်‌တွေ့ဆုံခဲ့ဖူးသည်။