Home သတင်း သတ်မှတ်ချိန် အတွင်းမြန်မာအစိုးရ နှင့် ‌တွေ့ရန် မ‌သေချာဟု ‌ကေအဲန်ယူ‌ပြော

သတ်မှတ်ချိန် အတွင်းမြန်မာအစိုးရ နှင့် ‌တွေ့ရန် မ‌သေချာဟု ‌ကေအဲန်ယူ‌ပြော

1347
‌ဖေ‌ဖော်ဝါရီ ၁၅ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်း‌ရေး ပဏာမ သ‌ဘောတူညီမှု လက်မှတ်‌ရေးထိုးပြီး‌နောက် ၄၅ရက်အတွင်း ထပ်မံ ‌တွေ့ဆုံ ရန် သတ်မှတ် ထား‌သော်လည်း ယင်းသတ်မှတ်ချိန် အတွင်း ‌တွေ့ဆုံနိုင်ခြင်း ရှိမရှိ မ‌သေချာ‌သေးဟု ကရင်အမျိုးသားအစည်းအ ရုံး (KNU) က ‌ပြောသည်။

“ကျမတို့ မြန်မာအစိုးရနဲ့ ပြန်‌တွေ့ဖို့ ဒီ(‌ဖေ‌ဖော်ဝါရီ)လ‌တော့ ပြန်‌တွေ့ဖို့ သိပ်မ‌သေချာ‌သေးဘူး။ ‌လော‌လောဆယ် အစိုးရနဲ့ ထပ်မံ ‌တွေ့ဆုံဖို့ ကိုယ်စားလှယ်လည်း ‌ရွေးချယ်တာ မရှိ‌သေးပါဘူး။ ‌နောက်လ(မတ်လ)‌တော့ ‌တွေ့‌ကောင်း ‌တွေ့ဆုံနိုင် တယ်။”ဟု KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU သည် ၎င်းတို့အဖွဲ့အတွင်း တဆင့်ပြီးတဆင့် တိုင်ပင်‌ဆွေး‌နွေးကာ မြန်မာအစိုးရနှင့် ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန် ရှိ သည်ဟု သူမက ဆက်‌ပြောသည်။

ယခင်လ ဇန်နဝါရီလ ၁၂ရက်‌နေ့၌ KNU ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့သည် ပြည်နယ်အဆင့်ရှိ မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ‌တွေ့ဆုံကာ ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှု ရရှိသကဲ့သို့ ပြည်‌ထောင်စုအဆင့်ရှိ အစိုးရကိုယ်စားလှယ်များနှင့် ၄၅ရက်အတွင်း ထပ်မံ‌တွေ့ဆုံရန် သ‌ဘောတူခဲ့ကြခြင်းဖြစ်သည်။

ပဏာမ သ‌ဘောတူညီမှု အချိန်ကာလအတွင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများဖြစ်သည့် တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆)တို့တွင် မြန်မာအစိုးရစစ်တပ်ဘက်မှ ပြန်လည်ဆုတ်ခွာမှု မရှိခဲ့သည့်အပြင် တပ်အင်အားနှင့် တပ်ရိက္ခာများ တိုးချဲ့လာ လျှက်ရှိသည်။

သတ်မှတ်ထားသည့် ၄၅ရက်အတွင်း ပြန်လည်‌တွေ့ဆုံ‌ဆွေး‌နွေးရန် မ‌သေချာခြင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ ဘက်မှ အ‌ကြောင်းပြချက် အ‌သေးစိတ်ကို ‌ပြောဆိုခြင်းမရှိ‌ပေ။

ယခုလ ၈ရက်မှ ၁ဝရက်‌နေ့အထိ ‌ကေအဲန်ယူ အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းများက နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးဆိုင်ရာ အလုပ်ရုံ ‌ဆွေး‌နွေးပွဲတခုကို နယ်စပ်တ‌နေရာတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထို‌ဆွေး‌နွေးပွဲတွင် ပါဝင်သည့် တပ်ဖက်အရာရှိတစ်ဦးက “ဒီအလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ အစိုးရဆီ ‌တောင်းဆိုထားတဲ့ ကျ‌နော်တို့ရဲ့ အချက် ၁၁ချက်ကို အ‌သေးစိတ် အ‌ကျေအလည် ‌ဆွေး‌နွေးခဲ့ကြတယ်။ လာမဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှု မျိုး ဖြစ်တာမို့ အကျိုးရှိပါတယ်။”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အဂင်္လိပ်ကိုလိုနီ လက်‌အောက်မှ လွတ်လပ်‌ရေးရပြီး‌နောက်ပိုင်း KNU သည် အမျိုးသား တန်းတူ‌ရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့် ရရှိ‌ရေးအတွက် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ ‌ခေတ်အဆက်ဆက်ကို ဆန့်ကျင်‌တော်လှန်ခဲ့သည့် လက်နက် ကိုင်အဖွဲ့ ဖြစ်သည်။

သို့‌သော် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် KNU သည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပထမဆုံးအကြိမ် ပြည်နယ် အဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှုစာချုပ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ချုပ်ဆိုခဲ့သည်။