Home သတင်း ပဒိုမန်းငြိမ်း‌မောင်အမှု တရားဥပ‌ဒေအရသာ အကာအကွယ်ယူသွားမည်

ပဒိုမန်းငြိမ်း‌မောင်အမှု တရားဥပ‌ဒေအရသာ အကာအကွယ်ယူသွားမည်

1611
‌ဖေ‌ဖော်ဝါရီလ ၁၄ရက်။ ၂၀၁၂။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီ ‌ခေါင်း‌ဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်း‌မောင်အား ပြစ်မှုကြီးများဖြင့် စွဲချက်တင်ထားရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို မ‌မျှော်ကိုးပဲ တရားဥပ‌ဒေအရသာ အကာအကွယ်ယူ ရင်ဆိုင်‌ဖြေရှင်းသွား မည်ဟု သူ၏အမှုကို လိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသူ ‌ရှေ့‌နေဦးကြီးမြင့်က ‌ပြောသည်။

“တရားဥပ‌ဒေအရ မဟုတ်တဲ့အရာကို ခုခံကာကွယ်ရမယ်။ မဟုတ်တဲ့ဟာနဲ့ အပြစ်‌ပေးမခံနိုင်ဘူး။”ဟု ‌ရှေ့‌နေ ဦးကြီးမြင့်က ‌ပြောသည်။

ယမန်‌နေ့က ရန်ကုန်မြို့ အင်းစိန်‌ထောင်တွင်း တရားရုံး၌ ပဒိုမန်းငြိမ်း‌မောင်အမှုကို စစ်‌ဆေးကြားနာပြီး‌နောက် ယင်းသို့ ‌ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပဒိုမန်းငြိမ်း‌မောင်အား နိုင်ငံ‌တော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ- ၁၂၂(၁)နှင့် မတရား အသင်း ပုဒ်မ- ၁၇(၁)တို့ဖြင့် စွဲချက်တင်ထားပြီး‌နောက်ပိုင်း ဒုတိယအကြိမ်‌မြောက် တရားလိုပြသက်‌သေ တရားရုံးထုတ် စစ်‌ဆေးခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ-၁၂၂(၁) သည် ‌သေဒဏ်မှ တသက်တကျွန်းအထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၇(၁)သည် ‌ထောင်ဒဏ် ၂နှစ်မှ ၃နှစ်အထိ ချ မှတ်နိုင်‌ကြောင်း ဦးကြီးမြင့်က ဆိုသည်။ လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့တွင် ပဒိုမန်းငြိမ်း‌မောင်အား ရုံးထုတ်စစ်‌ဆေးမည် ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက ‌ကေအဲန်ယူနှင့် အစိုးရတို့ကြား ငြိမ်းချမ်း‌ရေး ပဏာမ သ‌ဘောတူညီမှု ရရှိခဲ့ပြီး‌နောက် ပဒိုမန်းငြိမ်း‌မောင် အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးမည်ဟု သတင်းများ ထွက်‌ပေါ်‌နေ‌သော်လည်း ယင်းအ‌ပေါ် ယုံကြည်၍ မရနိုင်‌ကြောင်း လည်း ဦးကြီးမြင့်က ‌ပြောသည်။

၎င်းက “မ‌သေချာ‌သေးဘူး‌လေ။ မ‌သေချာတဲ့ဟာကို ကျ‌နော်တို့က သွားယုံလို့မရဘူး။”ဟု ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်ကမူ ၎င်းအ‌နေဖြင့် ငြိမ်းချမ်း‌ရေးအတွက် ‌ဆောင်ရွက်‌နေခြင်းဖြစ်‌ကြောင်း၊ မိမိပါဝင်‌ဆောင်ရွက်‌ပေးရန် အ ကူအညီ‌တောင်းပြီးမှ အဖမ်းခံရသဖြင့် ကတိဖျက်ခံရသကဲ့သို့ ခံစားရသည်ဟု ‌ပြောဆို‌ကြောင်း ပဒိုမန်းငြိမ်း‌မောင်၏ ‌ပြောပြ ချက်ကို ‌ရှေ့‌နေဦးကြီးမြင့်က ‌ကေအိုင်စီကို ပြန်လည် ‌ပြောဆို‌သော်လည်း မည်သို့အကူအညီ ‌တောင်းသည်ကိုမူ ရှင်းပြခဲ့ ခြင်း မရှိ‌ပေ။

ယမန်‌နေ့က ကြားနာမှုတွင် မြန်မာနိုင်ငံရဲ သတင်းတပ်ဖွဲ့မှ တရားလိုပြသက်‌သေ ၆ဦးအနက် ရဲမှူး‌အောင်‌ရွှေ၊ ဒုရဲမှူးမြင့် ကြည်နှင့် ရဲအုပ်‌ဝေဇင်တို့ ၃ဦးအား မနက် ၁၁နာရီမှ ‌နေ့လည် ၁နာရီအထိ ရုံးထုတ် စစ်‌ဆေးခဲ့သည်။

တရားလိုပြ သက်‌သေများဘက်မှ ‌ကေအဲန်ယူနှင့်ပတ်သက်သည့် မှတ်တမ်းများကို တင်ပြခဲ့ကြပြီး ထိုအထဲမှ မမှန်ကန် သည့် အချက်အလက်များ၊ မှားယွင်း‌နေသည့် ထွက်ဆိုချက်နှင့် တင်ပြချက်များကို မိမိတို့ဘက်မှ တရားဥပ‌ဒေအရ ပြန် လည် ‌ထောက်ပြခဲ့သည်ဟု ‌ရှေ့‌နေ ဦးကြီးမြင့်က ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ယမန်နှစ် ဇူလိုင်လက ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ သွား‌ရောက်ခဲ့သည့် ခရီးစဉ်တွင် ‌ပျောက် ဆုံးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့‌ဆောင်ခံရကာ အထက်ပါစွဲချက်များဖြင့် စွပ်စွဲခံရပြီး အမှုရင်ဆိုင်‌နေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၉ရက်‌နေ့တွင် ပဒိုမန်းငြိမ်း‌မောင်အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်‌သေများအား ရုံးထုတ် စစ် ‌ဆေးခဲ့ပြီးဖြစ်သည်။

ပဒိုမန်းငြိမ်း‌မောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)တွင် ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့ဖြင့် ပူး‌ပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UN-FC) တွင်လည်း ‌ကော်မတီဝင်တစ်ဦး ဖြစ်သည်။