Home သတင်း မြန်မာအစိုးရနှင့် အဆင့်များစွာ ဆက်‌ဆွေး‌နွေးရန် လို‌နေ‌သေး‌ကြောင်း KNU သတင်းထုတ်ပြန်

မြန်မာအစိုးရနှင့် အဆင့်များစွာ ဆက်‌ဆွေး‌နွေးရန် လို‌နေ‌သေး‌ကြောင်း KNU သတင်းထုတ်ပြန်

1817
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ပြည်နယ်အဆင့် ဝန်ကြီးတို့ ကရင် ပြည်နယ်၏မြို့‌တော် ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီမှု ရရှိခဲ့‌သော်လည်း လိုအပ်သည့် အဆင့်များကို အဆင့်များစွာ ထပ်မံ ‌ဆွေး‌နွေးရန် လိုအပ်‌နေ‌သေး‌ကြောင်း KNU က ယ‌နေ့ သတင်းထုတ်ပြန်လိုက်သည်။

KNU ဒု-ဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “မြန်မာအစိုးရနဲ့ အခုသ‌ဘောတူညီမှုက ပဏာမအဆင့်ပဲ ရှိ‌သေးတယ်။ ‌နောက် ထပ် အ‌သေးစိတ် အများကြီး အ‌ကောင်အထည်‌ဖော်ရဦးမယ်။ ‌ခြေလှမ်းအ‌နေနဲ့‌ပြောရင် ‌ခြေလှမ်းဆယ်လှမ်းမှာ ‌ခြေတစ်လှမ်းပဲ ရှိ‌သေးတယ်။ အစိုးရဘက်က ကတိမတည်ရင် ပဏာမ သ‌ဘောတူညီမှုဟာ အချိန်မ‌ရွေး ပျက်သွားနိုင်တယ်။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ဆက်လက်၍ သူက KNU ကိုယ်စားလှယ်နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ သ‌ဘောတူညီချက် လက်မှတ်‌ရေးထိုးသည့် ‌နေ့တွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့်အ‌ပေါ် လုံးဝ မဖြစ်သင့်‌ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်း‌ရေး ရရှိ‌ရေးအ တွက် တိုင်းရင်းသား‌ဒေသအတွင်း အစိုးရတပ်အားလုံး ရုပ်သိမ်း‌ပေး၍ ဦးစွာ တတိုင်းပြည်လုံး ပစ်ခတ်ရပ်စဲ‌ရေးကာ နိုင်ငံ‌ရေး ဆက်‌ဆွေး‌နွေးရန် လိုအပ်‌ကြောင်း ဖြည့်စွက်‌ပြောဆိုသည်။

၎င်းတို့ ကိုယ်စားလှယ်အဖွဲ့များ အဆိုပါအချက် ၁၁ချက်ကို မြန်မာကိုယ်စားလှယ်များက မူအားဖြင့် သ‌ဘောတူသည့်အ ‌ပေါ် ကြိုဆိုပြီး နှစ်ဦးနှစ်ဖက် သ‌ဘောတူညီမှု စာချုပ်အရ လက်‌တွေ့ အ‌ကောင်အထည်‌ဖော်သွားရမည်နှင့် ပတ်သက်၍ KNU ကိုယ်စားလှယ်များ ဗဟိုဌာနချုပ်သို့ ပြန်လည်‌ရောက်ရှိလာသည့်အခါ အ‌သေးစိတ် ထပ်မံ ‌ဆွေး‌နွေးသွားမည်ဖြစ် ‌ကြောင်း သတင်းထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

အပစ်အခတ် ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီမှု လက်မှတ်‌ရေးထိုးပြီး‌နောက် နိုင်ငံ‌ရေး ဆက်လက် ‌ဆွေး‌နွေးရန် KNU ကိုယ်စားလှယ်အဖွဲ့များက တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲ‌ရေး၊ အထူးသဖြင့် တိုင်းရင်းသားနယ်‌မြေများ တွင် ဖြစ်ပွား‌နေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲ‌ရေး အပါအဝင် အဆိုပါ အချက် ၁၁ချက်ကို မြန်မာအစိုးရအား အဆိုပြု ထားခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁၂ရက်(ကြာသပ‌တေး‌နေ့)က ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ဦး‌ဆောင်သည့် KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ဦးနှင့် မီးရထားဝန်ကြီး ဦး‌ဆောင်သည့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ‌တွေ့ဆုံ ‌ဆွေး‌နွေးကာ အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့် များကို ဆက်လက် ‌ဆွေး‌နွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သ‌ဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ ကြသည်။

“ပဏာမ သ‌ဘောတူညီချက်အရ အစိုးရနဲ့ ဆက်‌ဆွေး‌နွေးဖို့ KNU အ‌နေနဲ့‌တော့ အပစ်ခတ်ရပ်စဲ‌ရေး‌ရော၊ ငြိမ်းချမ်း‌ရော မှန်မှန် ကန်ကန်ဖြစ်ဖို့ လိုလားတယ်။ မှန်မှန်ဖြစ်ဖို့ဆိုတာက တစ်ဘက်တည်း ကြိုးစားလို့ မရဘူး။ နှစ်ဘက်စလုံး ကြိုးစားမှရမယ်။”ဟု ပဒို‌စော‌ဒေးဗစ်သက‌ဘောက ထပ်မံ ‌ပြောဆိုလိုက်သည်။

အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံ‌ရေးအရ ‌တော် လှန်ခဲ့သည့် KNU သည် လက်ရှိအချိန်ထိ မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် ‌တွေ့ဆုံပြီး‌နောက် ပထမဆုံးအကြိမ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲ‌ရေး သ‌ဘောတူညီမှုကို ရရှိလာခဲ့ခြင်း ဖြစ်သည်။