Home ထိပ်တန်းသတင်း မယ်ရာမိုစခန်း ရပ်ကွက်(၇-A)ကို ၂၀၁၂ခုနှစ်တွင် ‌ပြောင်း‌ရွှေ့မည်

မယ်ရာမိုစခန်း ရပ်ကွက်(၇-A)ကို ၂၀၁၂ခုနှစ်တွင် ‌ပြောင်း‌ရွှေ့မည်

1657
‌အောက်တိုဘာလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ဘက်ခြမ်းရှိ မယ်ရာမိုဒုက္ခသည်စခန်း ရပ်ကွက်(၇-‌အေ)ကို ၂၀၁၂ခု နှစ်တွင် ‌ပြောင်း‌ရွှေ့‌တော့မည်ဟု စခန်းတာဝန်ရှိသူများက ယ‌နေ့ ‌ပြောကြားလိုက်သည်။

လုံခြုံ‌ရေး အခက်အခဲ‌ကြောင့် ထိုရပ်ကွက်ကို မယ်‌ဟောင်‌ဆောင်၊ သူးမွဲမြို့နယ်ဘက်ခြမ်းရှိ မယ်ရာမိုစခန်းအတွင်းသို့ ‌ပြောင်း ‌ရွှေ့ရန် ပြီးခဲ့သည့်လ၌ ထိုင်းအာဏာပိုင်က ဖိအား‌ပေးခဲ့ခြင်း ဖြစ်သည်ဟု စခန်းလုံခြုံ‌ရေးရုံးတာဝန်ခံ ‌စောနီနီလူးက ‌ပြောသည်။

“စခန်းက တူ‌ပေမယ့် ရပ်ကွက်က ဟိုဘက်ဒီဘက် မြို့နယ်နှစ်ခုထဲမှာရှိ‌နေ‌တော့ စခန်းလုံခြုံ‌ရေး လာယူ‌ပေးတဲ့ ထိုင်းအာဏာ ပိုင်‌တွေအတွက် အခက်အခဲရှိတယ်။ သူတို့က မယ်‌ဟောင်‌ဆောင်ဘက်မှာပဲ လုံခြုံ‌ရေးယူတယ်‌လေ။”ဟု ၎င်းက ‌ပြောသည်။

မယ်ရာမိုစခန်းသည် ရပ်ကွက်‌ပေါင်း ၁ဝခုရှိသည့်အနက် ရပ်ကွက်(၇)မှာ ‌အေနှင့် ဘီ နှစ်ပိုင်းရှိသည်။ အ‌ရှေ့နှင့်အ‌နောက်ကို သွယ်တန်းစီးဆင်း‌နေသည့် မိုင်းလုံးကြီး‌ချောင်း(မဲစရင်း‌ချောင်း)၏ ‌တောင်ဘက် ထာ့‌ဆောင်ယန်းမြို့နယ်တွင် ရပ်ကွက်(၇-‌အေ)ရှိပြီး ကျန်ရပ်ကွက်များမှာ ထို‌ချောင်း၏ ‌မြောက်ဘက် သူးမွဲမြို့နယ်ထဲတွင် ဝင်‌ရောက်‌နေခြင်းဖြစ်သည်။

ရပ်ကွက်‌ပြောင်းရန် ထိုင်းအာဏာပိုင်များ၏ ဖိအား‌ပေးပြီး‌နောက် ယခုလ ၁၅ရက်‌နေ့က မယ်ရာမိုစခန်းရှိ စခန်း‌ကော်မတီဝင် များနှင့် စခန်းရပ်ကွက်မှူးများ အားလုံး စု‌ပေါင်းကာ ‌ပြောင်း‌ရွှေ့‌ရေးကိစ္စနှင့်ပတ်သက်၍ အစည်းအ‌ဝေးတခု ပြုလုပ်ခဲ့သည်ဟု လည်း ‌စောနီနီလူးက ‌ပြောသည်။

စခန်းအတွင်းရှိ ကျန်ရပ်ကွက်များသည် အိမ်‌ခြေများ ပြည့်ကြပ်‌နေပြီဖြစ်၍ အိမ်‌ခြေ ၅၀၀‌ကျော်ရှိသည့် ရပ်ကွက်(၇-‌အေ)ကို မည်သည့်‌နေရာတွင် ‌ပြောင်း‌ရွှေ့ အ‌ခြေချ‌ပေးသင့်‌ကြောင်း အတည်တကျ ‌ဆွေး‌နွေးနိုင်ခဲ့ခြင်း မရှိ‌သေး‌ပေ။

ထို့အပြင် ရပ်ကွက်‌ပြောင်း‌ရွှေ့‌ရေး ကုန်ကျစရိတ်များကို ဒုက္ခသည်များအား ရိက္ခာနှင့် ‌ဆောက်လုပ်‌ရေးပစ္စည်းများ ကူညီ‌ပေး‌နေ သည့် TBBC အဖွဲ့ဘက်မှလည်း အကူအညီ‌ပေးရန် မ‌သေချာ‌သေး‌ကြောင်း မယ်ရာမို စခန်းတာဝန်ရှိသူများက ‌ပြောသည်။

Photo-Saw Charles Noe (မယ်ရာမိုစခန်း ရပ်ကွက်-၇ကို ပိုင်းခြားထားသည့် ကြိုးတံတား)

မယ်ရာမိုစခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ‌စောဖိုးပြားက “ဘယ်သူမှ မ‌ပြောင်းချင်ကြဘူး။ ‌နေရာနဲ့ ပြန်လည်‌ဆောက်လုပ်‌ရေးအ တွက် သစ်၊ ဝါး၊ အိမ်မိုးဖို့ အခက်အခဲရှိလို့ပဲ။”ဟု ‌ပြောသည်။

၁၉၉၅ခုနှစ်တွင် စတင် ဖြစ်တည်လာခဲ့သည့် မယ်ရာမိုဒုက္ခသည်စခန်း၏ လက်ရှိ လူဦး‌ရေမှာ တစ်‌သောင်းငါးရာ‌ကျော်ရှိသည်ဟု ကရင်ဒုက္ခသည်များ ‌ကော်မတီ-KRC ၏ စာရင်းအရ သိရသည်။

ထို့အပြင် ဩဂုတ်လဆန်းပိုင်းက ရပ်ကွက်(၇)ကို ကြိုးတံတားဖြင့် ပိုင်းခြားထားသည့် မိုင်းလုံးကြီး‌ချောင်း‌ရေကြီးမှု‌ကြောင့် မယ် ရာမိုစခန်းသည် စခန်းသက်တမ်း ၁၆နှစ်အတွင်း အကြီးမားဆုံး သဘာဝ‌ဘေးအန္တရာယ် ကြုံခဲ့ရသည်။