Home ထိပ်တန်းသတင်း မြဝတီဗုံးတလုံး ထပ်မံ ‌ပေါက်ကွဲ

မြဝတီဗုံးတလုံး ထပ်မံ ‌ပေါက်ကွဲ

2513
ဧပြီလ ၇ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှိ အထက်တန်း‌ကျောင်းဝင်း၌ ယ‌နေ့ည မြန်မာစံ‌တော်ချိန် ၈နာရီ‌ကျော်တွင် ဗုံးတစ်လုံး ‌ပေါက် ကွဲခဲ့ရာ ထိခိုက်မှုမရှိဟု မြို့ခံတစ်ဦးက ‌ပြောသည်။

“ဒီည ၈နာရီ ၁၅မိနစ်မှာ ဗုံးတစ်လုံး‌ပေါက်တယ်။ အထက်တန်း‌ကျောင်းဝင်းထဲက အိမ်သာထဲက ‌ပေါက်တာ။ ‌ပေါက်ကွဲသံက အကျယ်ကြီးပဲ။ ဒါ‌ပေမဲ့ ညဘက်ဆို‌တော့ ဘယ်သူမှ‌တော့ ထိခိုက်တာမရှိဘူး။”ဟု အဆိုပါမြို့ခံက ဆိုသည်။

မြဝတီမြို့၊ ဘုရင့်‌နောင်လမ်းမ ဘယ်ဖက်ရှိ ၎င်းအထက်တန်း‌ကျောင်းမှာ ‌နေ့ခင်းဘက်တွင် ‌ကျောင်းဆရာ၊ ဆရာမများက စာ‌ဖြေလွှာများကို အမှတ်ခြစ်‌နေသည့်အချိန် ဖြစ်‌သော်လည်း ယခုဗုံး‌ပေါက်ကွဲမှုမှာ ညဘက်ဖြစ်၍ ထိခိုက်မှုမရှိခြင်းဖြစ်သည်။

အဆိုပါ အထက်တန်း‌ကျောင်းသည် မရကရုံးအနီးတွင်ရှိပြီး မြို့နယ်အာဏာပိုင်များ အစည်းအ‌ဝေးလုပ်‌နေကျ ‌သောင်ရင်းခမ်းမ နှင့် ကပ်လျက်တွင် ရှိသည်။