Home ထိပ်တန်းသတင်း မြန်မာနိုင်ငံရှိ ‌ရေကာတာစီမံကိန်း များ ရပ်တန့်‌ပေးရန် BRN က ‌တောင်းဆို

မြန်မာနိုင်ငံရှိ ‌ရေကာတာစီမံကိန်း များ ရပ်တန့်‌ပေးရန် BRN က ‌တောင်းဆို

1940
မတ်လ ၁၄ရက်။ နန်းထူးစံ(‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် လက်ရှိ တည်‌ဆောက်ဆဲနှင့် တည်‌ဆောက်ရန်ရှိသည့် ‌ရေကာတာစီမံကိန်းများကို ရပ်တန့်‌ပေးရန် မြန်မာနိုင်ငံ မြစ် ‌ချောင်းများဆိုင်ရာကွန်ယက်(BRN)က မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများအား ယ‌နေ့ ကျ‌ရောက်လာသည့် နိုင်ငံ တကာ ‌ရေကာတာဆန့်ကျင်‌ရေး‌နေ့တွင် ‌ကြေညာချက်တ‌စောင် ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

‌ရေကာတာစီမံကိန်းများ‌ကြောင့် ဖြစ်‌ပေါ်လာသည့် ‌နေရာ‌ပြောင်း‌ရွှေ့မှု၊ လုပ်အားခိုင်း‌စေမှုများကို ‌ဒေသခံလူထုက ရင်ဆိုင်ခံစား‌နေ ရပြီး ‌ရေကာတာတည်‌ဆောက်မည့်‌ဒေသများတွင် စစ်မက်ဖြစ်ပွားမှုများ ရှိ‌နေသည့်အတွက်‌ကြောင့် ရင်းနီးမြှပ်နှံသူများအ‌နေဖြင့် ၎င်းတို့၏ စီမံကိန်းများကို ရပ်တန့်‌ပေးရန် ‌တောင်းဆိုရခြင်းဖြစ်သည်ဟု BRN အဖွဲ့မှ အားနန်က ‌ပြောသည်။

“အဓိက ‌ပြောချင်တာက ၂၀၁ဝ ‌ရွေး‌ကောက်ပွဲပြီးတဲ့‌နောက်ပိုင်းမှာ စစ်အစိုးရဘက်က ‌ရေကာတာ တည်‌ဆောက်တာ ‌တွေ့ရ တယ်။ ‌ရေကာတာ‌ကြောင့် ဖြစ်‌ပေါ်လာတဲ့ ဆိုးကျိုးဖြစ်တဲ့ အတင်းအဓမ္မ ‌ရွှေ့‌ပြောင်းခိုင်းတာတို့ကို ပြည်သူလူထု‌တွေ ခံစား‌နေရပါ တယ်။ ‌ရွေး‌ကောက်ပွဲပြီးတဲ့‌နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့ စစ်အစိုးရကြားမှာလည်း တင်းမာလာမှု‌တွေ ‌တွေ့မြင်ရ တယ်။ အဲဒီအတွက်‌ကြောင့် သံလွင်မြစ်‌ချောင်းက ကရင်‌ဒေသ‌တွေဆို တိုက်ပွဲဖြစ်ပွားတဲ့အတွက်‌ကြောင့် ‌ဒေသခံလူထု‌တွေ အများ အပြား ထိုင်းဘက်ကို ထွက်‌ပြေးခဲ့ရပါတယ်။ အဲဒီအတွက်‌ကြောင့် ရင်းနှီးမြှုပ်နှံသူ‌တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း ကုမ္ပဏီ‌တွေ ကို အဲဒီစီမံကိန်း‌တွေ ရပ်တန့်ဖို့ ‌တောင်းဆိုရတာဖြစ်တယ်။”ဟု သူမက ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာနိုင်ငံတွင် တည်‌ဆောက်ဆဲနှင့် တည်‌ဆောက်ရန်ရှိသည့် ‌ရေကာတာစီမံကိန်း‌ပေါင်း (၂၅)ခုရှိပြီး အဆိုပါစီမံကိန်း အများစု သည် တိုင်းရင်းသား‌ဒေသများတွင် တည်ရှိသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း ကရင်ပြည်နယ်ရှိ နယ်စပ်‌ဒေသများတွင် စစ်အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားသည့်အတွက် သံလွင်မြစ် ဟတ်ကြီး‌ရေကာတာ တည်‌ဆောက်မည့်‌နေရာတဝိုက်ရှိ ‌သောင်းနှင့်ချီ‌သော ဒုက္ခ သည်များ ထိုင်းနိုင်ငံဘက်ကို ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။

(ယမန်နှစ်က သံလွင်မြစ်ကမ်းတွင် ‌ဒေသခံများ ‌ရေကာတာဆန့်ကျင်‌ရေး ဝတ်ပြုဆု‌တောင်း‌နေကြစဉ်)

၎င်းအပြင် အခြား သျှမ်း၊ ကချင်နှင့် ကရင်နီ‌ဒေသများတွင် ‌ရေကာတာစီမံကိန်းများ တည်‌ဆောက်လျှက်ရှိ‌နေပြီး အဆိုပါ‌ဒေသများ တွင် စစ်အစိုးရက ထိုးစစ်များ အသစ်ဆင်နွဲရန် ပြင်ဆင်မှုများ ရှိ‌နေသည်ဟု ယ‌နေ့ ထုတ်ပြန်သည့် BRN ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အလားတူ ကရင်ပြည်နယ်‌မြောက်ပိုင်း သံလွင်မြစ်တ‌လျှောက်ရှိ ဟတ်ကြီး‌ရေကာတာတည်‌ဆောက်မည့် ‌ဒေသတဝိုက်ရှိ ‌ဒေသခံ လူထုများ စုစည်းကာ ‌ရေကာတာစီမံကိန်း ရပ်တန့်‌ရေးအတွက် ၎င်းတို့ကိုးကွယ်ယုံကြည်ရာ ဘာသာများဖြင့် ဆု‌တောင်းပွဲများ ယ‌နေ့ ပြုလုပ်ခဲ့ကြသည်။