Home ထိပ်တန်းသတင်း ‌ကေအဲန်အယ်လ်‌အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့

‌ကေအဲန်အယ်လ်‌အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့

1803
နိုဝင်ဘာလ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ အပလုံ‌ကျေး ရွာတွင် နအဖ စစ်တပ်၏ ရိက္ခာဆန်အိတ် ၅ဝကို ယမန်‌နေ့ည‌နေက ဝင်‌ရောက်သိမ်းဆည်းခဲ့သည်ဟု သိရသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)မှ တပ်ခွဲ-၂ ဒု-ခွဲမှူး ဗိုလ်ကြီးဘူ့‌ဂေက “မ‌နေ့က မနက် ည‌နေ ၅နာရီ‌ကျော်‌လောက်မှာ ကျ‌နော်တို့တပ်ရင်း(၁၆) တပ်ခွဲ(၂)က ဝင်သိမ်းတာဖြစ်တယ်။ အပလုံ‌ကျေးရွာက‌နေ ဘုရားသုံးဆူကို စက်‌လှေနဲ့ တင်ပို့ဖို့်အ လုပ်မှာ ကျ‌နော်တို့အဖွဲ့က ဝင်သိမ်းတာ။”ဟု အတည်ပြု ‌ပြောဆိုသည်။

နအဖတပ်ဖွဲ့ဝင်များသည် ‌ရှေ့မှ ကြိုသွားနှင့်ခဲ့သည့်အတွက် ‌ကေအဲန်အယ်လ်‌အေနှင့် တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်း မရှိ ‌သော်လည်း ဘုရားသုံးဆူ အ‌နောက်ဘက်ခြမ်းရှိ တမိ‌ချောင်းတွင် သွားလာ‌နေသည့် စက်‌လှေများကို ၎င်းတို့၏ရိက္ခာများ သယ် ‌ဆောင်ခိုင်းခဲ့ရာမှ ယင်းသို့ သိမ်းဆည်းခံရခြင်းဖြစ်သည်။

အဆိုပါ ဆန်အိတ်များသည် နအဖ စစ်တပ် နည်းဗျူဟာ(၁)နှင့် ခမရ(၄၀၂)တပ်ရင်းမှ ‌ကေအဲန်ယူ တပ်မဟာ(၆)ကို ထိုးစစ် ဆင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် ရိက္ခာများဖြစ်‌သော‌ကြောင့် ထိုကဲ့သို့ ဝင်‌ရောက်သိမ်းဆည်းလိုက်ခြင်းဖြစ်သည်ဟု ဒု-ခွဲမှူးက ဆက်‌ပြောသည်။

ယင်းသို့ ဆန်အိတ်များ သိမ်းဆည်းခံရ‌သော‌ကြောင့် အဆိုပါ နည်းဗျူဟာ(၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီးသိန်း‌ဇော်သည် အလွန် ‌ဒေါသထွက်‌နေ‌သော်လည်း အပလုံရွာသူရွာသားများအား ပြန်‌လျော်ခိုင်းခြင်းကိုမူ ယ‌နေ့အချိန်ထိ ပြုလုပ်ခြင်းမရှိ‌သေး‌ကြောင်း ရွာခံတဦးက ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်‌နေ့ကလည်း ၎င်းနအဖ နည်းဗျူဟာ(၁)တပ်ဖွဲ့အား ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)မှ အပလုံ ‌ကျေးရွာ ရွာပြင်တ‌နေရာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၂ဦး ကျဆုံးခဲ့သည်။