Home ရင်ဖွင့်သံများ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်‌အောင်ဆန်းစုကြည် ‌နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်‌မြောက်လာမှုအ‌ပေါ် ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်အချို့၏ ကြိုဆိုနှုတ်ခွန်းဆက်စကား

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်‌အောင်ဆန်းစုကြည် ‌နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်‌မြောက်လာမှုအ‌ပေါ် ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်အချို့၏ ကြိုဆိုနှုတ်ခွန်းဆက်စကား

2172
ကရင်သတင်းဌာန(‌ကေအိုင်စီ)

နန်း‌စေအွာ (ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်၊

ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်-၂၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP))
‌ဒေါ်စု အခုလို ပြန်လွှတ်လာတာ ကျမတို့ ဝမ်းသာတယ်။ လူထု‌ခေါင်း‌ဆောင်ဖြစ်တဲ့အတွက် ပြည်သူလူထု‌တွေလည်း သူ့ကို ‌မျှော်လင့်‌နေကြတယ်။ အခု သူလွှတ်ပြီး‌တော့ လူထု‌ကောင်းကျိုးအတွက် ကြိုးစားလုပ်‌ဆောင်သွားမှာပဲ။ အဲဒီအတွက် ကြိုဆိုတယ်။ ဒါ‌ပေမယ့် ဘယ်‌လောက်လုပ်နိုင်မယ်ဆိုတာ‌တော့ အခု စစ်အစိုးရအ‌ပေါ်မူတည်‌နေ‌သေးတယ်။ ဘာဖြစ်လို့လဲဆို ‌တော့ အမိန့်အာဏာက စစ်အစိုးရလက်ထဲမှာ ရှိတယ်‌လေ။ ‌ဒေါ်စုကို အချိန်မ‌ရွေး သူတို့ အန္တရာယ်‌ပေးနိုင်တယ်။ ဒါ‌ပေမယ့် အခု မီဒီယာ‌တွေက ဖိအား‌ပေးရင်‌တော့ နည်းနည်း‌တော့ သူတို့ ရှိန်တယ်။ မီဒီယာ‌တွေက တအားများလာ‌တော့‌လေ။ သူတို့ လုပ်ချင်တိုင်း သိပ်မလုပ်သလို‌တော့ ရှိလာတယ်။ ဒါ‌ပေမယ့် သိပ်ယုံလို့‌တော့ မရဘူး။

တကယ်လို့များ စစ်အစိုးရက ‌ဒေါ်စုကို အ‌နှောက်အယှက်မ‌ပေးဘဲ လွတ်လွတ်လပ်လပ် သူ လှုပ်ရှားလို့ရရင်‌တော့ ကျမတို့ ကရင်ပြည်နယ်ရဲ့ အ‌ခြေအ‌နေက နည်းနည်းရှုတ်တယ်။ အထူးသဖြင့် နယ်စပ်‌ဒေသက ဒုက္ခ‌ရောက်‌နေတဲ့ လူထု‌တွေ အတွက်ကို နည်းနည်း စဉ်းစားပြီး ကူညီလုပ်‌ပေး‌စေချင်တယ်။ စစ်‌ဘေးစစ်ဒဏ်‌တွေ ရှိ‌နေတုန်းပဲ။ မတရားပြုတာ‌တွေ ခံ‌နေရ တယ်။ အမြဲတမ်း ‌ပြေးလိုက်လွှားလိုက်နဲ့ဆို‌တော့‌လေ။ အဲဒါ ပြသနာ‌တွေကို ဝိုင်းဝန်ုး‌ဖြေရှင်း‌စေချင်တယ်။ တိုင်းပြည်တည်ငြိမ် ‌အေးချမ်းမှပဲ ဖွံ့ဖြိုးတိုးတက်‌အောင် လုပ်လို့ ရမယ်‌လေ‌နော်။

KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်

‌ဒေါ်စုဟာ ‌နေအိမ်အကျယ်ချုပ်က‌နေ လွတ်‌မြောက်လာပြီး နိုင်ငံ‌ရေးထဲကို ပြန်ဝင်လာတဲ့အတွက် ကျမတို့ ဝမ်းသာ တယ်။ သူ့ကို အပြည့်အဝ ‌ထောက်ခံပြီး သူနဲ့အတူ ရပ်တည်မယ်။ မြန်မာနိုင်ငံ ‌ပြောင်းလဲ‌ရေးအတွက် ဒီမိုက‌ရေစီရရှိဖို့ ကြိုးပမ်း ‌နေတဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့အတူ ကျမတို့ ရှိ‌နေပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးအတွက်ဆိုရင် ကျမတို့ရဲ့ သ‌ဘောထား နဲ့ ရပ်တည်ချက်ဟာလည်း သူ့နဲ့ တစ်ထပ်တည်း ရှိ‌နေပါတယ်။ ကျမတို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံ တိုင်းရင်း သားအားလုံး တန်းတူအခွင့်အ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်ရရှိဖို့၊ ဒီမိုက‌ရေစီရရှိဖို့၊ ဖယ်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်ဖို့‌လေ။

အခု နိုင်ငံတကာက သူ့ကို ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင်အဖြစ် ‌လေးစား အသိအမှတ်ပြုထားတာ ကျမတို့ ဝမ်းသာတယ်။ မြန်မာပြည်သူ‌တွေကလည်း သူ့ကို ‌ထောက်ခံတယ်‌လေ။ ကျမတို့နိုင်ငံ ‌ပြောင်းလဲ‌ရေးနဲ့ ဒီမိုက‌ရေစီရရှိဖို့အတွက် သူတ‌ယောက် တည်း လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး ပါဝင်မှ ရမှာပါ။ သူ့အ‌နေနဲ့ မြန်မာနိုင်ငံ ‌ပြောင်းလဲ‌ရေးအတွက် တိုင်းရင်းသားအားလုံးနဲ့ အလုပ်အတူတွဲလုပ်ဖို့ ကျမ တိုက်တွန်းချင်ပါတယ်။
‌နောက်ဆုံး ‌ပြောချင်တာက‌တော့ တိုင်းရင်းသား ပြည်သူလူထု အားလုံး ‌ဒေါ်စုနဲ့အတူ ရှိကြဖို့ တိုက်တွန်းချင်ပါတယ်။

‌ဒေါက်တာစင်သီယာ‌မောင် (မယ်‌တော်‌ဆေးခန်း တာဝန်ခံ)

ကျမတို့ ဖြစ်‌စေချင်တာက‌တော့ တခြားနိုင်ငံ‌ရေးအကျဉ်းသား‌တွေအားလုံး လွတ်‌မြောက်‌ရေးအတွက် သူ ဆက်လက် ပြီး‌တော့ ကြိုးစားသွား‌အောင်‌ပေါ့။ ပြီး‌တော့ မြန်မာနိုင်ငံ ပြန်လည်ထူ‌ထောင်‌ရေး၊ အမျိုးသားရင်ကြား‌စေ့‌ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း‌တွေ‌ကော၊ လက်နက်မကိုင်တဲ့ အဖွဲ့အစည်း‌တွေ၊ တခြားဒီမိုက‌ရေစီအင်အားစု‌တွေ၊ စစ်အစိုးရနဲ့ ‌ပေါ့‌နော်။ ဆက်လက် ညှိနှိုင်း‌ရေးမှာ ဆက်လက် ဦး‌ဆောင်သွားနိုင်မယ်လို့ သူ့ရဲ့ ‌ဆွေး‌နွေးပွဲ ‌ဟော‌ပြောပွဲမှာလည်း ပြန်ကြား ထားပြီးသား ဖြစ်တဲ့အတွက် အဲဒါ‌တွေကို ကျမတို့ ဝိုင်းဝန်းပြီး‌တော့ ပံ့ပိုးသွားဖို့ပဲရှိပါတယ်။

သူ့ဘက်က‌တော့ ဆက်ပြီးလုပ်‌ဆောင်ရမယ့် ကိစ္စ‌တွေအားလုံးဟာ သူ့ဘက်က အဆင်သင့်ပဲ။ အခုပဲ စလုပ်ရမယ်။ ထိထိ‌ရောက်‌ရောက်လုပ်ရမယ်။ ပူး‌ပေါင်းလုပ်ရမယ်ဆိုတာ သူ အတိအလင်း ‌ပြောပြီးသားပဲ‌ပေါ့‌နော်။ တခုပဲရှိတာက‌တော့ စစ် တပ်ဘက်က‌တော့ သူ့အ‌ပေါ်မှာ ဘယ်‌လောက်အထိ အ‌လျှော့အတင်း လုပ်ပြီး‌တော့ လက်ခံမလဲ။ ဒီလိုပဲ ဆက်ပြီး‌တော့ တင်း မာ‌နေမယ်ဆိုရင် ‌ရေရှည်ဒီမိုက‌ရေစီတိုက်ပွဲကို ဘယ်လိုပြင်ဆင်မလဲဆိုတာ သူ့မှာ အစီအစဉ်ရှိပြီးသားဖြစ်မှာပါ။ တခုပဲရှိတာက စစ်အစိုးရရဲ့ အာဏာသိမ်းမှု‌တွေ၊ ဆက်လက်ဖြစ်‌ပေါ်လာမှာကိုပဲ။

တချိန်တည်းမှာပဲ နယ်စပ်‌ဒေသအ‌ခြေအ‌နေ‌တွေမှာ အမျိုးသားရင်ကြား‌စေ့‌ရေးကို နအဖအ‌နေနဲ့ကလည်း ‌စေတနာ ‌တွေ၊ ဆန္ဒ‌တွေ မရှိဘူးဆိုရင် ဒီတိုက်ပွဲ‌တွေ ပိုမိုဖြစ်လာမှာကိုပဲ စိုးရိမ်တယ်။ သူ့အ‌နေနဲ့က‌တော့ အချိန်ကာလတခုယူပြီး‌တော့ ‌လေ့လာရမှာတို့ တိုင်ပင်နှီး‌နှောရမှာ၊ ဆက်စပ်ရမှာ‌တော့ ရှိတာ‌ပေါ့။ ဒီတပတ်အတွင်းမှာ ‌လေ့လာသင်ယူနိုင်တဲ့ အ‌ခြေအ‌နေ တခုက‌တော့ လက်လှမ်းမမှီ‌သေးတာ‌တော့ အများကြီးရှိတာ‌ပေါ့။ ‌နောက်တချက်က သူ့ရဲ့ကျန်းမာ‌ရေး ‌ကောင်းမွန်တာရယ်။ လူထု‌တွေနဲ့ သူရဲ့ထိ‌တွေ့မှု‌ပေါ်မှာ လူထုဘက်က ဝမ်းသာအားရမှု‌တွေ‌ကော၊ သူ့ဘက်က ဝမ်းသာရအားမှုဖြစ်တာ‌တွေ လူထု ‌ပေါ်မှာ အား‌ပေးတဲ့ စကားသံ‌တွေကအစ ကျမတို့အားလုံးအတွက်ကို အင်မတန်မှ အားရစရာဖြစ်ပါတယ်။