Home ထိပ်တန်းသတင်း ထိခိုက်မှုမရှိသည့် မြဝတီ ဗုံး‌ပေါက်ကွဲမှု လုပ်ကြံမှုသာဖြစ်နိုင်

ထိခိုက်မှုမရှိသည့် မြဝတီ ဗုံး‌ပေါက်ကွဲမှု လုပ်ကြံမှုသာဖြစ်နိုင်

1692
‌အောက်တိုဘာလ ၆ရက်။ ‌ကေအိုင်စီ

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တီဗီထပ်ဆင့်လွှင့်ဌာန(မိုက်ခရို‌ဝေ့ဗ်)အနီးတွင် ယမန်‌နေ့ည မြန်မာစံ‌တော်ချိန် ၁ဝနာရီ‌ကျော်၌ ဗုံး‌ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့‌သော်လည်း လူများ ထိခိုက်‌သေ‌ကြေမှုမရှိ‌ကြောင်း သိရသည်။

မျက်မြင်သက်‌သေတစ်ဦးက “ဗုံးက ‌ပေါက်ကွဲသံ အ‌တော်ကျယ်တယ်။ ဒါ‌ပေမဲ့ ယမ်းအားပဲရှိပြီး ယမ်းစာမပါဘူး‌လေ။ ‌နောက်တ ‌ကြောင်းက ညဘက် လူအသွားအလာပြတ်ချိန်ဆို‌တော့ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ ဗုံး‌ပေါက်တဲ့‌နေရာတဝိုက်က မြက်ပင်‌တွေ ပဲ သုံး‌လေး‌ပေ‌လောက် ‌ပြောင်ရှင်းသွားတာ။ ‌မြေကြီး‌တောင် မလွှင့်ပါဘူး။ ကြည့်ရတာ ချိန်ကိုက်ဗုံးဖြစ်မယ် ထင်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ဗုံးမ‌ပေါက်မီ တရက်အလိုက မြဝတီမြို့တွင် ‌ဖောက်ခွဲ‌ရေးသမား ဝင်‌ရောက်‌နေသည်ဟူ‌သော သတင်း‌ကြောင့် ဘုရင့် ‌နောင်လမ်း‌ပေါ်ရှိ ‌မေတ္တာမွန်‌ဆေးခန်း လမ်းဆုံတွင် ရဲနှင့် ယာဉ်ထိန်းရဲများ ပါဝင်သည့် အဖွဲ့အချို့ လမ်းသွားလမ်းလာ ဆိုင် ကယ်များ၊ ကားများကို လှန်‌လှောစစ်‌ဆေးမှုများရှိခဲ့ပြီး ‌နောက်တစ်ညတွင် ယခုလို ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။

“အဲဒီ‌နေ့က ကား‌တွေ၊ ဆိုင်ကယ်‌တွေ စစ်တာက လိုင်စင်ကို မဟုတ်ဘူး။ ဆိုင်ကယ်‌နောက်ဖုံးကို ဖွင့်ပြီး အကုန်ရှာတယ်။ ကား ဆိုလည်း ကားထဲဖွင့် အကုန်‌လျှောက်ရှာတာ‌လေ။ အစမှာ‌တော့ ဘာရှာမှန်း ကျ‌နော်တို့ မသိဘူး။ ‌နောက်မှ ‌ဖောက်ခွဲ‌ရေးသမား မြို့ထဲ‌ရောက်‌နေတယ်ကြားလို့ ‌ပေါက်ကွဲနိုင်တဲ့ပစ္စည်း ရှာတာတဲ့။ အခုလည်း သူတို့(အာဏာပိုင်)‌တွေ သတင်းရထားတဲ့အတိုင်း ‌ပေါက်ကွဲမှု တကယ်ဖြစ်‌ကြောင်း ဖန်တီးတဲ့သ‌ဘောပဲလို့ ကျ‌နော်ထင်တယ်။”ဟု မြဝတီမြို့ခံတစ်ဦးက ဆိုသည်။

ဗုံး‌ပေါက်ကွဲသည့်‌နေရာသို့ ‌ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်း နယ်‌မြေခံ ရဲများ ‌ရောက်ရှိလာကာ ဓာတ်ခဲ အပါအဝင် ‌ပေါက်ကွဲပစ္စည်း အစအန အနည်းငယ်ကို ‌ကောက်ယူပြီး ၎င်းတို့၏အထက်အရာရှိထံ ချက်ချင်း သတင်းပို့လိုက်‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ဗုံး‌ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားခဲ့‌သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ အ‌နေဖြင့် တရားခံကို ဖမ်းဆီးရမိခြင်း မရှိခဲ့‌ချေ။

‌ပေါက်ကွဲမှုဖြစ်ပွားသည့်‌နေရာသည် ယခင် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော ဗျူဟာမှူး ဗိုလ်မုတ်သုန်၏ အိမ်‌ရှေ့ လမ်းမတစ်ဖက်ရှိ တီဗီထပ်ဆင့်လွှင့် (မိုက်ခရို‌ဝေ့ဗ်)ရုံးအ‌ရှေ့တွင်ဖြစ်ပြီး အိမ်တွင်းမှုသင်တန်း‌ကျောင်းနှင့်လည်း နီးကပ်လျှက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်‌နေ့ညကလည်း ဘုရင့်‌နောင်လမ်းမရှိ ည‌ဈေးတန်း သစ်သီးဆိုင်‌ရှေ့တွင် ပြင်းအား‌ကောင်းဗုံးတစ် လုံး ‌ပေါက်ကွဲမှု‌ကြောင့် လူ ၂ဦး‌သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။