Home ထိပ်တန်းသတင်း ‌လှေ‌မှောက်၍ ထွက်‌ပြေးတိမ်း‌ရှောင် လာသည့် က‌လေးငယ် သုံးဦး ‌သေဆုံး

‌လှေ‌မှောက်၍ ထွက်‌ပြေးတိမ်း‌ရှောင် လာသည့် က‌လေးငယ် သုံးဦး ‌သေဆုံး

1673
ဇူလိုင်လ ၃ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွီးလယ့်ထု‌ကျေးရွာမှ လူထု(၄၂)ဦးသည် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ ဝင်‌ရောက်ခိုလှုံရန် ယမန်‌နေ့က ‌ရေလမ်းခရီးဖြင့် ‌သောင်ရင်းမြစ်(သူးမွဲကလိုး)အတိုင်း ဆင်းလာစဉ် စက်‌လှေ‌မှောက်ခဲ့သဖြင့် က‌လေးငယ်သုံးဦး ‌သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် နယ်ခြား‌စောင့်တပ် လက်မခံသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အ‌ပေါ် ၎င်းတို့‌ဒေသကို စွန့်ခွာထွက်‌ပြေးလာခဲ့ရာ ‌သောင်ရင်းမြစ် ဆုံဆင်းရာအတိုင်း ဝီး‌ခေါ့‌လေးတွင်‌ရောက်ရှိစဉ် စက်‌လှေ‌မှောက်ခဲ့ရာ သုံးနှစ်‌ကျော် က‌လေးနှစ်ဦးနှင့် ၈လ‌ကျော် က‌လေး‌ယောက်ျားတစ် ဦး ‌ရေနစ်‌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ‌မော်လီချိုင်း‌ကျေးရွာမှ အမျိုးသမီးတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“သူတို့(ရွာသူရွာသား)စီးလာတဲ့ စက်‌လှေက ‌လှေ‌မောင်းသူ အပါအဝင် လူ(၄၃)‌ယောက်နဲ့‌တောင် ပါတယ်‌လေ။ သူတို့ အိမ်က ယူလာတဲ့ ပစ္စည်း‌တွေလည်း ပါ‌သေးတယ်။ မိုးတွင်းဆို‌တော့ ‌ရေစီးကြမ်း‌တော့ ‌လှေက ‌မှောက်တဲ့အထိ ဖြစ်သွားတာပဲ။ ‌နောက် ‌လှေထဲမှာ ပါတဲ့သူ‌တွေက သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ က‌လေး‌တွေ အများဆုံးပဲဆို‌တော့ ‌လှေ‌မှောက်တဲ့အခါ က‌လေး‌တွေက ‌ရေမှ မကူးတတ်ပဲ။ ‌သေတာ‌ပေါ့။ ‌ယောက်ျား‌လေး‌တွေ ချဉ်းပဲ ‌သေတာ။ ‌လော‌လောဆယ် ၈လ‌ကျော်က‌လေးရဲ့ အ‌လောင်းတ‌လောင်းကိုပဲ ရှာ‌တွေ့‌သေးတယ်”ဟု သူမက ‌ပြောသည်။

ကွီးလယ့်ထုရွာတွင် ‌နေထိုင်သည့် အဆိုပါ ရွာသူရွာသားများသည် ရွာ၏အနီးတဝိုက်တွင် တိုက်ပွဲဖြစ်လာလျှင် ဒုက္ခ ‌ရောက်မည်ကိုစိုးရိမ်သဖြင့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)က ကြိုတင်‌ရှောင်ခိုင်းခြင်း‌ကြောင့် ယခုလို ထွက်‌ပြေးလာခြင်း ဖြစ်ပြီး ယခုချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်း ဖုတ်ဖရမြို့နယ် နယ်စပ်တ‌နေရာတွင် ခိုလှုံ‌နေလျှက်ရှိ‌ကြောင်း သိရသည်။

ဇူလိုင် ၂၅ရက်‌နေ့၌လည်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)နှင့် နအဖတပ်တို့အကြား တိုက်ပွဲ ဖြစ်လာနိုင်သည့် အ‌နေထား‌ကြောင့် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ‌ကျေးရွာ ၄ရွာမှ အိမ်‌ထောင်စု ၁၀၀‌ကျော်သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ် ‌မောကဲထာ့နှင့် ‌မော်လီချိုင်း‌ကျေးရွာအတွင်းသို့ ထွက်‌ပြေး‌ရောက်ရှိလာခဲ့‌သော်လည်း ‌နောက်တ‌နေ့မ နက်တွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။