Home ထိပ်တန်းသတင်း ‌ကေဒဗလျူအို၏ ၂၅နှစ်‌မြောက် ‌ငွေရတုသဘင်‌နေ့ အခမ်းအနား ကျင်းပခဲ့

‌ကေဒဗလျူအို၏ ၂၅နှစ်‌မြောက် ‌ငွေရတုသဘင်‌နေ့ အခမ်းအနား ကျင်းပခဲ့

1702
ဧပြီလ ၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)၏ ၂၅နှစ်‌မြောက် ‌ငွေရတုသဘင်‌နေ့ အခမ်းအနားကို ယမန်‌နေ့က ထိုင်း-မြန်မာ နယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုအခမ်းအနားကို ကရင်ပြည်နယ်အတွင်းရှိ ခရိုင် (၇)ခုနှင့် အထူး‌ဒေသ (၂)ခုမှ ကရင်အမျိုးသမီးကိုယ်စားလှယ်များ၊ ဧည့် သည်‌တော်များ စုစု‌ပေါင်း (၅၀၀)ဦး တက်‌ရောက်ခဲ့ကြပြီး ၂၅နှစ်တိုင်တိုင် ‌ကေဒဗလျူအို၏ လုပ်ငန်းများကို အချိန်ပြည့် တာဝန် ထမ်း‌ဆောင်လျှက်ရှိ‌သော အမျိုးသမီး ၈ဦးကိုလည်း အခမ်းအနားတွင် မှတ်တမ်းတင် ဂုဏ်ပြုခဲ့‌ကြောင်း ယမန်‌နေ့ထုတ် ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ငွေရတုသဘင် အခမ်းအနား မကျင်းပခင် သုံးရက်အလိုတွင် အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များ၊ ‌ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ခြင်းနှင့်အတူ လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေများကို ‌ဆွေး‌နွေးသုံးသပ်ကာ နအဖ စစ်အစိုးရတို့ ကျင်းပပြုလုပ်မည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲသည် ၎င်းတို့ အာဏာတည်တံ့‌ရေးသာ ဖြစ်သဖြင့် ‌ကေဒဗလျူအိုအ‌နေဖြင့် ဆန့်ကျင်ရှုတ်ချ‌ကြောင်း အတွင်း‌ရေး မှူး နန်းဒါးအဲကလယ်က ‌ပြောသည်။

သူမက “လက်ရှိ နအဖတို့ ကျင်းပမဲ့ ‌ရွေး‌ကောက်ပွဲဟာ သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်‌နေတာဖြစ်တယ်။ တရားမျှတတဲ့ ‌ရွေး‌ကောက်ပွဲတရပ် မဟုတ်တဲ့အတွက်‌ကြောင့် ကျမတို့ ‌ကေဒဗလျူအို အမျိုးသမီးထုအ‌နေနဲ့ ရှုတ်ချတယ်။ ကျမတို့ လုပ်နိုင် သမျှ ဆန့်ကျင်သွားမယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ငွေရတုသဘင် အခမ်းအနားတွင် ဂုဏ်ပြုခံရသည့် အမျိုးသမီး‌ခေါင်း‌ဆောင်အချို့

ထို့အပြင် အစည်းအ‌ဝေးတွင် အမျိုးသမီးများ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ နိုင်ငံ‌ရေးအသိအမြင် ပိုမိုတိုးတက် မြင့်မား လာ‌စေ‌ရေးနှင့် ကရင်အမျိုးသမီးများ၏ စွမ်းရည်မြှင်တင်‌ရေး လုပ်ငန်းစဉ်များ ဆက်လက် အ‌ကောင်အထည်‌ဖော်သွားရန် ‌ရှေ့ လုပ်ငန်းစဉ်အဖြစ် ဗဟို‌ကော်မတီဝင် ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး (‌ကေဒဗလျူအို)ကို ၁၉၈၅ခုနှစ် ဧပြီလ ၅ရက်‌နေ့တွင် စတင်တည်‌ထောင်ခဲ့ပြီး ပြီးခဲ့သည့် ‌ဖေ ‌ဖော်ဝါရီလ ၂၅ရက်‌နေ့က ထုတ်‌ဝေသည့် အစီရင်ခံစာ အပါအဝင် ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ ‌တွေ့ကြုံရင်ဆိုင် ခံ စားမှုများကို ‌ဖော်ထုတ်သည့် အစီရင်ခံစာ သုံးအုပ် ထုတ်‌ဝေခဲ့ပြီးဖြစ်သည်။