Home ကဗျာ ‌တော်လှန်‌ရေးသစ္စာသည်သာ

‌တော်လှန်‌ရေးသစ္စာသည်သာ

2034

KNLA soldierညီငယ်တို့‌ရေ………
“ပြည်တွင်းစစ် အလိုမရှိ”
ကမ္ဘာသိ‌ရေး အစဉ်‌တွေးကာ
‌ကြွေး‌ကြော်ချပြခဲ့‌သော်ငြား
အာဏာပါးဝ‌နေသူ
အုပ်စိုးသူ မဟာရူး‌တွေ‌ကြောင့်
ဆူး‌ညှောင့်‌တွေ‌ကျော်ဖြတ်
ငါ..လက်နက်ကိုင်‌တော်လှန်ခဲ့ရတယ်။

‌တော်လှန်‌ရေးသမား‌လေ…….
သစ္စာ‌တွေခိုင်ခိုင် လက်နက်ကိုင်ကာ
ပန်းတိုင်ကို မ‌ရောက်မချင်း
ခရီးပြင်းနှင်‌နေတဲ့
ငါတို့ရဲ့စိတ်‌တွေ
အ‌ကြွေမလွယ်ခဲ့ပါဘူး။
ငြိမ်းချမ်း‌ရေး လွတ်လပ်‌ရေး
မျှတ‌ရေး တန်းတူ‌ရေးတို့အတွက်
‌ရွေးစရာလမ်းက
တလမ်းထဲသာ ကျန်‌တော့တာမို့
ငါတို့…
ပထမနဲ့ ‌နောက်ဆုံးထား
တရား‌သောစစ်ကိုဝင်
ဆင်နွဲခဲ့ရတာပါ အ‌မောင်။ ။

ညီငယ်တို့‌ရေ…………
တက်လမ်းတိုးလှစ်
မျက်ကန်းမျိုးချစ်‌တော့မဟုတ်ဘူး
ဇာတ်လမ်း ချိုးပစ်ခံရ
မှတ်တမ်းချိုးညစ်ခံရတဲ့အခါ
ခုခံကာကွယ်‌ရေး‌တွေအတွက်
မျိုးဆက်‌တွေအတွက်
‌ပြေးထွက် ‌ပေးဆပ်ခဲ့တာပါ အ‌မောင်။ ။

မုန်တိုင်းထန်ထန် ‌လေ၊ ‌ရေဆန်ထဲ
အမှန်သတိ သံမဏိစိတ်ထားရင်း
တဗိုလ်ဆင်း တဗိုလ်ခင်း
မပြိုယွင်း လမ်းစဉ်နဲ့
ကျွမ်းဝင်တဲ့အနစ်နာခံလို့
ငါတို့…..သစ္စာ‌တော်လှန်‌ရေးကို ဆက်ခဲ့ကြပါတယ်။ ။

‌သွေး‌ကြွေးမယ်
‌ဆွေး‌နွေးစရာလိုသလား အ‌မောင်
ညီ‌နောင်သားချင်းအလား
သ‌ဘောထားတတ်ခဲ့ရင်
မကြားအပ်၊ မဖြစ်အပ်စရာ
ဒီကမ္ဘာမီးဟာ ‌လောင်လာစရာအ‌ကြောင်းမမြင်
ဘုရင်ရူး၊ သခင်ရူး
အာဏာရူး‌တွေကို‌တော်လှန်တဲ့လမ်းအမွန်
ညီ‌ရေ…..ကျွန်စိတ်မရှိရင် လိုက်ခဲ့ပါ‌တော့။ ။
(လကင်္ာဒီပ)