Home သတင်း ကားလမ်းဖွင့်ရန် အ‌ကြောင်းပြကာ ‌ငွေ‌ကောက်ခံ

ကားလမ်းဖွင့်ရန် အ‌ကြောင်းပြကာ ‌ငွေ‌ကောက်ခံ

1632
ဇန်နဝါရီလ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်ခရိုင်တွင် ‌ကေအဲန်ယူက လအတန်ကြာ သွားလာခွင့် ပိတ်ပင်ထားသည့် ကားလမ်းကို ပြန်လည်ဖွင့်နိုင်ရန် အ ‌ကြောင်းပြု၍ ဖာပွန်မြို့ အ‌ခြေစိုက် အမှတ်(၁) စစ်ဗျူဟာမှ ‌ဒေသခံပြည်သူများထံ ‌ငွေ‌ကြေးလိုက်လံ‌ကောက်ခံ‌နေသည်ဟု သတင်းရရှိသည်။

ကမ‌မောင်းမှ ဖာပွန်အထိ ‌ဖောက်လုပ်ထား‌သော ‌အောင်သိန္ဓိကားလမ်းကို ပြီးခဲ့သည့်နှစ်မကုန်ခင်ကတည်းက ‌ကေအဲန်ယူမှ သွားလာခွင့် ပိတ်ပင် ခဲ့ပြီး ၎င်းကားလမ်းကို ပြန်လည်အသုံးပြုခွင့်‌ပေးရန်အတွက် ‌ကေအဲန်ယူဘက်မှ ကျပ်‌ငွေသိန်း ၂၀ဝ ‌ငွေ‌တောင်းသည်ဟုဆိုကာ အမှတ်(၁) စစ်ဗျူ ဟာမှူးကိုယ်တိုင် ယခုလဆန်းပိုင်းမှစ၍ ယ‌နေ့အထိ ‌ဒေသခံများထံမှ ‌ငွေ‌ကြေး‌ကောက်ခံ‌နေခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ စည်းရုံး ‌ရေးဌာနမှ တာဝန်ရှိသူတဦးက ‌ပြောသည်။

သူက “နအဖက အဲဒီလမ်းကို သူတို့ဖာသာ မထိုး‌ဖောက်နိုင်ဘူး‌လေ။ မထိုး‌ဖောက်နိုင်တဲ့အခါကျ‌တော့ ဒီလမ်းကို ပြန်ဖွင့်‌ပေးဖို့ ဗျူဟာမှူးက ပြည် သူ‌တွေကို လက်မှတ်ထိုးပြီး‌တော့ အကူအညီ‌တောင်းခိုင်းတယ်။ အဲဒီအ‌ပေါ်မှာ ‌ကေအဲန်ယူဘက်က လမ်းပြန်ဖွင့်‌ပေးဖို့ ‌ငွေကျပ်သိန်း နှစ်ရာ ‌တောင်းပါတယ်ဆိုပြီး ‌ငွေ‌တွေလိုက်‌ကောက်‌နေတယ်လို့ ကြားတယ်။ ‌ကေအဲန်ယူက မ‌တောင်းဘဲ ‌တောင်းတယ်ဆိုပြီး ပြည်သူ‌တွေကို ‌ငွေ ‌ကောက်ပြီး ဝါဒဖြန့်မယ်။ ‌ငွေ‌တွေက သူတို့လက်ထဲ‌ရောက်မယ်။ ‌ကေအဲန်ယူက နာမည်ပျက်မယ်။ အဲလို တချက်ခုတ် နှစ်ချက်ပြတ် လုပ်တာ”ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်‌နေ့စွဲဖြင့် ဖာပွန်မြို့ရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များမှ လက်မှတ်‌ရေးထိုးကာ ကားလမ်းပိတ်ဆို့မှုကို ပြန်လည်သုံး သပ်‌ပေးရန် ‌တောင်းဆိုစာတ‌စောင်‌ပေးပို့ခဲ့သည်။ ယင်းစာကို အ‌ခြေခံ၍ ‌ကေအဲန်ယူ တပ်မဟာ(၅)မှ အဆိုပါကားလမ်းကို ပိတ်ပင်ခြင်းထက် ခရီး သွားလာမှုအ‌ပေါ် စည်းကမ်းချက်ထုတ်ပြန်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီလ ၁ရက်‌နေ့တွင် ပြည်သူများထံ အသိ‌ပေးရှင်းလင်းချက် စာထုတ်ပြန်ခဲ့ ပြီး လာမည့် ရက်အနည်းငယ်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း ဖာပွန်ခရိုင် တာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“အဲဒီကားလမ်းကို တပ်မဟာ (၅) စစ်ဆင်‌ရေးမှူးကိုယ်တိုင် ညွှန်ကြားပြီး‌တော့ မကြာခင်ရက်အနည်းငယ်အတွင်းမှာ ပြန်ဖွင့်‌တော့မှာပါ။ ပိတ်ခဲ့ တုန်းကလည်း စည်းကမ်းချက်‌တွေ ချမှတ်ဖို့အတွက် ပိတ်ခဲ့တာပဲဖြစ်တယ်။ ဒီအ‌ပေါ်မှာ လူထု‌တွေကို ထိခိုက်မှု‌တွေ မရှိပါဘူး။ ဒီလမ်းကို အသုံးပြုပြီး နအဖက လူထုကို ဒုက္ခ‌ပေးနိုင်တာမို့ ကြိုတင်ပြင်ဆင်တဲ့အ‌နေနဲ့ လုပ်ခဲ့တာပါ။ ဒါကို နအဖ က ‌ကေအဲန်ယူ ‌ငွေ‌တောင်းတယ်လို့ ‌ပြောတယ်။ ‌ကေအဲန်ယူ လိုချင်တာက ‌ငွေမဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ပါပဲ”ဟု ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဖာပွန်မြို့နယ်အတွင်းရှိ ‌ဒေသခံ အမျိုးသမီးတဦးအား ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ သူမက “စစ်တပ်က‌တော့ ပိုက် ဆံ‌တွေ လာ‌ကောက်‌နေတာပဲ။ ဘာအတွက်လည်း‌တော့ ကျမတို့လည်း မ‌မေးဘူး။ တအိမ် သုံး‌ထောင်၊ ‌လေး‌ထောင်‌တောင်းရင် ထည့်လိုက်တာ ပဲ။ ဒီလို ‌ငွေ‌ကောက်‌နေတာ တလ‌ကျော်‌လောက်ရှိပြီ”ဟု ဆိုသည်။

အဆိုပါ ကားလမ်းကို ယမန်နှစ် စက်တင်ဘာလ ၁ရက်‌နေ့မှစ၍ ကား၊ ဆိုင်ကယ်၊ စက်ဘီး။ လှည်းနှင့် လူများ မသွားလာကြရန်နှင့် ကားလမ်း ‌ဘေးနှစ်ဖက် ကိုက် ၁၀ဝပတ်လည်အတွင်း သွားလာလှုပ်ရှားခြင်းမပြုရန် ‌ကေအဲန်ယူက စည်းကမ်းချက်ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်က ဖာပွန်မြို့၌ ကျင်းပပြုလုပ်သည့် ကရင့်နှစ်သစ်ကူးပွဲ‌တော်အတွင်း ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပွဲလာ‌ရောက်သူ ဆယ်ဦးထက်မနည်း ထိခိုက်‌သေ‌ကြေမှုရှိခဲ့သည်။

ဖာပွန်‌ဒေသတွင် နအဖ စစ်ဗျူဟာ အမှတ်(၁) တပ်ရင်း (၃)ရင်းနှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ (၃၃၃)၏ တခုတည်း‌သော တပ်ရင်းဖြစ်သည့် က‌ဆောဝါးတပ်ရင်းတို့ လှုပ်ရှား‌နေသလို ‌ကေအဲန်အယ်လ်‌အေ လက်‌အောက်ခံတပ်ရင်း (၁၀၂)မှ တပ်ခွဲ(၄)နှင့် တပ်ခွဲ(၅)တို့ လှုပ်ရှားလျှက်ရှိ သည်။