Home သတင်း ကားမိုင်းထိ၍ ရွာသားတဦး ‌သေဆုံး နှစ်ဦးဒဏ်ရာရ

ကားမိုင်းထိ၍ ရွာသားတဦး ‌သေဆုံး နှစ်ဦးဒဏ်ရာရ

1853
ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖတပ်များသည် ယခုလဆန်းပိုင်းအတွင်း ‌တောင်ငူ‌ဒေသတွင် တပ်ရိက္ခာများ သယ်ယူပို့‌ဆောင်ရန်အတွက် ရွာသားကားများကို ‌ချောဆွဲ‌ခေါ်ယူရာ ကားတစီးမှာ မိုင်းထိ၍ ရွာသားတဦး ‌သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

ယခုလ (၃)ရက်‌နေ့က ‌တောင်ငူမြို့၏ အ‌နောက်ဘက်ခြမ်း နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၅) အ‌ခြေချရာ ‌ဘောဂလိနှင့် ‌ရေသိုးကြီး‌ကျေးရွာတို့တွင် စကခမှူး ဗိုလ်မှူးကြီး ခင်‌မောင်ဆင့်က ‌ကျေးရွာအတွင်းရှိ ကားပိုင်ရှင်များကို ‌ခေါ်ယူပြီး ‌ဘောဂလိစခန်း မှ ‌မောင်းတိုင်ကြီးစခန်းသို့ ရိက္ခာပို့ရန် သွားခိုင်းရာ ‌ရေသိုးကြီးနှင့် ခူ‌လောင်အကြား ‌ရောက်ရှိ‌နေစဉ် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး ရွာသားပိုင် ကားတစီး မိုင်းထိရာမှ ရွာသားများ ယင်းသို့ ထိခိုက်‌သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ‌တောင်ငူ‌ဒေသခံတဦး က ‌ပြောသည်။

“ဒီလ ၃ရက်‌နေ့မှာ နအဖ စကခ (၅)မှူး ခင်‌မောင်ဆင့် ကိုယ်တိုင်က‌နေပြီး‌တော့ အဲဒီ‌ဘောဂလိ၊ ‌ရေသိုးကြီးမှာရှိတဲ့ ကားပိုင်ရှင်‌တွေ ကို‌ခေါ်ပြီး ကား‌တွေ ‌ချောဆွဲတယ်။ ‌ဘောဂလိစခန်းက‌နေ ‌မောင်းတိုင်ကြီးစခန်းကို ရိက္ခာပို့ခိုင်းတယ်။ အဲဒီ‌နေ့မှာ ကား(၈)စီး သွားပို့ ရတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်‌တော့ ရွာသူ ‌နော်ချယ်ရီရဲ့ ကားတစီးကို မိုင်းထိပြီး အကုန်လုံး ပျက်စီးသွားတယ်။ ကား‌နောက်လိုက်တဲ့ စပယ်ယာတ‌ယောက်က ပွဲခြင်းပြီး ‌သေဆုံးသွားတယ်။ ကား‌မောင်းတဲ့သူတ‌ယောက်နှင့်  အခြားရွာသားတ‌ယောက်က ဒဏ်ရာရ သွားတယ်”ဟု ‌တောင်ငူ‌ဒေသခံ ‌စောအယ်ဝါးက ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ နအဖတပ်သည် ယခုလ (၄)ရက်‌နေ့ကလည်း ‌ဘောဂလိနှင့် ‌ရေသိုးကြီး‌ကျေးရွာသားများ ပိုင်ဆိုင်‌သော ကား(၆)စီးကို ထပ် မံ‌ခေါ်ယူပြီး ‌မောင်းတိုင်ကြီးစခန်းသို့ ရိက္ခာများ ပို့‌ဆောင်ရန်သွားရာမှ ‌မောင်းတိုင်ကြီး‌ကျေးရွာအနီးတွင် ‌ရောက်ရှိစဉ် ကားတစီး ‌ချောက်ထဲသို့ ကျသွားသဖြင့် ကား‌မောင်းသမားတဦး ဒဏ်ရာရှိခဲ့ပြီး ကားလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

‌တောင်ငူ‌ဒေသအတွင် အ‌ခြေချလှုပ်ရှားသည့် စကခ(၅) လက်‌အောက်ခံ တပ်ရင်းစစ်‌ကြောင်းများက ပြီးခဲ့‌သော နိုဝင်ဘာလ‌နှောင်း ပိုင်းကစ၍ ၎င်းတို့တပ်စခန်းတည်ရှိရာ ‌နေရာများသို့ တပ်ရိက္ခာသယ်ယူပို့‌ဆောင်ရန် ‌ဒေသခံရွာသူရွာသားများကို ‌ခေါ်ယူခိုင်း‌စေ သည့်အပြင် ရွာသားပိုင် ကားများ၊ ဆိုင်ကယ်များကိုလည်း ‌ခေါ်ယူအသုံးပြုခဲ့ကြသည်။

ယင်းသို့ ရိက္ခာများ သယ်ယူပို့‌ဆောင်‌ရေးအတွက် သွားလာလှုပ်ရှားရာမှ ‌ဒေသခံ ‌ကေအဲန်အယ်လ်‌အေတပ်ရင်းများနှင့် ယခု ဒီဇင် ဘာလဆန်းမှစ၍ ‌နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိ‌နေသဖြင့် ယခုလို ရွာသူရွာသားများ ထိခိုက်‌သေဆုံးမှုများ ဖြစ်လာရခြင်း ဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

ယခုလ ၃ရက်‌နေ့တွင် ထို‌ဒေသအတွင်းရှိ သံ‌တောင်မြို့သစ်‌ခေါ် ၁၃မိုင်နှင့် ‌ရွှေ‌ညောင်ပင်အကြားတွင် သွားလာလှုပ်ရှားသည့် နအဖ တပ်နှင့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့တို့ ၁၅မိနှစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ၂ဦးကျဆုံးခဲ့သည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်‌နေ့ကလည်း အဆိုပါ စကခ(၅)လက်‌အောက်တပ်များက ‌ကေအဲန်အယ်လ်‌အေနှင့် တိုက် ပွဲဖြစ်ပွားမှု‌ကြောင့် ‌ရေသိုး‌လေးဂွင်ရှိ ရွာသူကြီးများဖြစ်ကြ‌သော ‌စော‌ကျော်‌လောင်း၊ ‌စောမြစိုးတို့ မိသားစုများနှင့် ‌စောမူး‌ဖော၊ ‌စောမွီ ‌ဖောတို့ကို ၎င်းတို့ဌာနချုပ်ရှိရာ ‌ဘောဂလိစခန်းသို့ ‌ခေါ်‌ဆောင်သွားခဲ့ပြီး‌နောက် ယခုချိန်ထိ မည်သည့်သတင်းမှ မကြားရ‌သေး ‌ကြောင်း ‌ကေအဲန်ယူက ယခုလ ၅ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။