Tag: စည်းလုံးညီညွှတ်ရေး
၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲမှ ကြေညာချက်ထုတ်ပြန်
မေလ ၂၄ရက်။ ကေအိုင်စီ
နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂၀၁ဝ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင် သက်ဆိုးရှည်ရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားမပါဝင်သည့်အတွက် ဆန့်ကျင်ရှုတ်ချကြောင်း (၇)အကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲက မေလ ၂၁ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မေလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ကရင့်တော်လှန်ရေး...





