Hay Htoo
မဲပုံးသယ်လာသည့် နအဖ စစ်တပ် အပစ်ခံရ၍ ၂ဦးသေ ၃ဦး ဒဏ်ရာရရှိ
အောက်တိုဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် တောင်စွန်းရွာမှ ချောင်းဆုံရွာသို့ မဲပုံးသယ်ယူလာသည့် နအဖ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ယမန်နေ့ မနက် ၁ဝး၄ဝနာရီအချိန် ၌ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖ တပ်သား ၂ဦးသေဆုံး ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ဒု-ဗိုလ်မှူးကြီး...
ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာ စာတမ်းကို DAB ထောက်ခံ
အောက်တိုဘာလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)က စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၂၂ နှစ်မြောက် ဇိုမီးအမျိုးသား ကွန်ဂရက် အခမ်းအနားမှ ထုတ်ပြန်ခဲ့သည့် ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်း သဘောထား ကြေညာချက်တစောင် ယနေ့ ထုတ်ပြန်လိုက်သည်။
လက်ရှိ...
နအဖ၏ နိုင်ငံတော် အလံသစ် NCGUB အလံနှင့် တထပ်တည်း တူနေ
အောက်တိုဘာလ ၂၅ရက်။ ကေအိုင်စီ
နအဖ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲသတ်မှတ်လိုက်သည့် မြန်မာနိုင်ငံတော်အလံသစ်သည် ပြည်ပအ ခြေစိုက် မြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ(NCGUB)၏ အလံနှင့် တထပ်တည်းတူနေသည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
နအဖ စစ်အစိုးရသည် အောက်တိုဘာလ ၂၁ရက်၊ မွန်းလွဲ ၃း၃ဝနာရီအချိန်တွင် အဝါရောင်၊ အစိမ်းရောင်၊...
မိုးရွာသွန်းမှုများလာခြင်းကြောင့် ဖာပွန်ပြည်သူများ စပါးရိတ်ရန် အခက်ကြုံ
အောက်တိုဘာလ ၂၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းတွင် ပြီးခဲ့သောအပတ်မှစ၍ ယခုအချိန်ထိ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရိတ်ချိန်တန် သည့် တောင်ယာစပါးနှင့် လယ်ယာစပါးများမှာ မရိတ်နိုင်ဘဲ အခက်ကြုံနေရသည်ဟု ဖာပွန်ခရိုင် ဒေသခံများက ပြောသည်။
ဖာပွန်ခရိုင် ဘူးသိုမြို့နယ်၊ ဒေးပူနိုရွာသားတဦးက “ကျနော့် တောင်ယာစပါးက ရိတ်ချိန်ရောက်ပြီ။ ရိတ်ဖို့အတွက်...
သံတောင်ကြီးမြို့ရှိ ပြည်သူ ၅ဝဦးကို စစ်တပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်း
အောက်တိုဘာလ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့) အခြေစိုက် နအဖ စစ်တပ်က အဆိုပါမြို့ရှိ ရပ်ကွက်(၅)ခု မှ ပြည်သူ ၅ဝဦးကို အောက်တိုဘာလ ၁၈ရက်နေ့က ပြည်သူ့စစ်သင်တန်းပေးနေသည်ဟု ကေအို်င်စီက စုံစမ်းသိရှိရသည်။
သံတောင်ကြီးမြို့တွင် နအဖ စစ်တပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ(၁၂၄)နှင့်...
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မယ်လဒုက္ခသည်စခန်း လာရောက်
အောက်တိုဘာ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရွန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ လာရောက်ပြီး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူအား လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရွန်းနှင့် ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ယနေ့ မွန်းလွဲ ၂နာရီကျော်အ...
ရွေးကောက်ပွဲဆန့်ကျင်စာများလိုက် ကပ်မှုကြောင့်ကြာအင်းဆိပ်ကြီး မြို့တွင် လုံခြုံရေး တင်းကြပ်
အောက်တိုဘာလ ၂၂ရက်၊ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အတွင်းရှိ လူထုအကြားတွင် ယမန်နေ့ညနေက ရွေးကောက်ပွဲဆန့် ကျင်သည့် စာရွက်စာတမ်းများ လိုက်ကပ်ဖြန့်ဝေမှုကြောင့် လက်ရှိအချိန်တွင် မြို့တွင်း၌ လုံခြုံရေး တင်းကြပ်လျှက်ရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ဒေသခံတဦးက “မနေ့ညက မြို့တွင်းမှာ သူများစာတွေ လိုက်ဖြန့်တယ်။ လိုက်ကပ်တာကို...
မဲပေးနိုင်ရန်အတွက် ယာယီ မှတ်ပုံတင်ထုတ်ပေးလျှက်ရှိ
အောက်တိုဘာ ၂၂ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
မွန်နှင့် ကရင်ပြည် နယ်စပ် ဘုရားသုံးဆူမြို့၌် လာမည့် ရွေးကောက်ပွဲတွင် မဲပေးပေးနိုင်ရန်အတွက် မှတ်ပုံ တင် မရှိသူများကို လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးက ယခုရက်သတ္တပတ်မှစ၍ ရွေးကောက်ပွဲမတိုင်ခင် အထိ (ယာယီ)မှတ်ပုံတင်များ ထုတ်ပေးလျှက်ရှိသည်ဟု မြို့ခံများက ပြောသည်။
ဘုရားသုံးဆူမြို့ရှိ ရပ်ကွက်လူကြီးတဦးက “မှတ်ပုံတင်မရှိတဲ့လူတွေ...
အပစ်ရပ် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲကို လုံးဝ လက်မခံဟု ကြေညာ
အောက်တိုဘာလ ၂၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၁ဝ ရွေးကောက်ပွဲ ဆယ်ရက်ကျော်သာ လိုတော့သည့်အချိန်ကာလတွင် အပစ်ခတ်ရပ်စဲရေး ယူထားသော မွန်ပြည်သစ်ပါ တီ(NMSP)က နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှမှု မရှိသည့်အတွက် လုံးဝ လက်မခံနိုင် ကြောင်း အောက်တိုဘာလ ၁၈ရက်နေ့တွင် သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
စစ်အာဏာရှင်စနစ်...
ကြံ့ဖွံ့ပါတီ မဲပေးရန် ကျေးရွာတာဝန် ရှိသူများ ဖိအားပေးခံရ
အောက်တိုဘာ ၂၁ရက်၊ နန်းထူးစံ (ကေအိုင်စီ)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက်အရွေးခံမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ် စားလှယ်များသည် စစ်တပ်နှင့်ပေါင်းပြီး ၎င်းတို့ပါတီကို မဲပေးရန် ရွာသူကြီးများကို ဖိအားပေးမှုများ ရှိနေသည်ဟု ကျောက် ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရွာသူကြီးတဦးက ပြောသည်။
သူက...





