Hay Htoo
ကော့မှူးရှိ ပြည်တော်သာမဲရုံမှ ဖယောင်းသုတ်မဲ လဲလှယ်ခွင့်မရ
ဧပြီလ ၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကော့မှူးမြို့နယ် ပြည်တော်သာမဲရုံ ၁တွင် မဲပြားပေါ်တွင် ဖယောင်းသုတ်ထားသဖြင့် မဲဆန္ဒရှင်မှ လဲလှယ်ပေးရန် တောင်းဆိုမှုကို သက် ဆိုင်ရာမှ ငြင်းပယ်လိုက်ကြောင်း သိရသည်။
“ဖယောင်းသုတ်ထားတော့ မှင်မထင်ဘူး။ ထင်အောင်ထပ်ခြစ်တော့ နှစ်ကြောင်း ဖြစ်တယ်။ ပယ်မဲဖြစ်မှာစိုးလို့ ကော်မရှင်ကို လက်မှတ်လဲ...
လားရှိုးမြို့ရှိ မဲရုံများ လုံခြုံမှုရှိကြောင်း NLD ပြော
ဧပြီလ ၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ရှမ်းပြည်နယ် လားရှိုးမြို့ရှိ မဲရုံအများစုသည် လုံခြုံမှုရှိပြီး ဝန်ထမ်းများ ချထားကြောင်း အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်(NLD) က ပြောသည်။“မဲရုံဝမှာက ရပ်ကွက်က အရပ်ဝတ် လုံခြုံရေး ချထားတာပါ။ မဲရုံထဲမှာ မဲရုံမှူးတွေ ရွေးကောက်ပွဲရုံ မဲရုံကိုယ်စား...
ဒေါ်အောင်ဆန်းစုကြည် တစ်ရွာဝင် တစ်ရွာထွက်ပြီး မဲရုံများလိုက်လံကြည့်ရှု
ဧပြီလ ၁ရက်၊၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ရန်ကုန်တိုင်း ကော့မူးမြို့နယ်တွင် ဝင်ရောက်အရွေးခံသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် ၉နာရီခွဲခန့်မှာ ဝါးသခင်္ကျေးရွာမှ ကော့မူးပြန်အထွက်တွင် တရွာဝင်တစ်ရွာထွက်ပြီး မဲရုံရှိသည့် နေရာများ၌ လိုက်လံကြည့်ရှုနေသည်ဟု သိရသည်။
NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လိုက်လံဆောင်ရွက်ပေးနေသူတစ်ဦးက “ဒေါ်စုကတော့...
မဂင်္လာတောင်ညွှန့် တွင်ဒေါ်ဖြူဖြူသင်း ဖျော်ဖြေရေး ကားဖြင့် ပြည်သူများကို လှည့်လည်နှုတ်ဆက်
မတ်လ ၃၁ရက်၊ ၂၀၁၂။ စောလားကပေါ် (အလွတ်သတင်းထောက်)
ရန်ကုန်တိုင်း၊ မဂင်္လာတောင်ညွှန်ြ့မို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဖြူဖြူသင်းက မတ်လ ၃ဝရက်နေ့ညနေပိုင်းတွင် ပြည်သူများအား ဖျော်ဖြေရေးကားဖြင့် လှည့်လည်နှုတ်ဆက်ခဲ့သည်။
“ကျမ အခုလို ပြည်သူတွေကို ဖျော်ဖြေရေးကားနဲ့ လိုက်ပြီး နှုတ်ဆက်ရတာကတော့ ပြည်သူတွေကို ကျေးဇူးတင်လို့ပါ။ ဒီ ၃ဝရက်နေ့ည...
ဒေါ်စုတည်းခိုမည့် ဝါးသခင်္အိမ်တွင် ကရင်လူငယ်များလုံခြုံရေးတာဝန်ယူ
မတ်လ ၃၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ဒေါ်အောင်ဆန်းစုကြည် ညအိပ်ခရီး သွားရောက်နေထိုင်မည့် ဝါးသခင်္ကျေးရွာရှိ နေအိမ်တွင် ဒေသခံကရင် လူငယ်အယောက် (၃၀) က လုံခြုံရေးတာဝန်ယူထားသည်။
“အန်တီနေမကောင်းလို့ နောက်ပြီး သူတည်းမယ့် အိမ်တစ်ခုထဲအတွက်မဟုတ်ဘူး။ သူသွားတဲ့နေရာမှာ နှုတ် ဆက်သူ တွေ လမ်းတစ်လျှောက်လုံး လမ်းမပိတ်အောင်...
အားလုံးစည်းကမ်းလိုက်နာလျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ကြံ့ခိုင်ရေးပြော
မတ်လ ၃၁ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ( ကေအိုင်စီ)
နိုုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသည့် စည်းကမ်းများလိုက်နာ ကြလျှင် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)က ပြောကြားသည်။
“လိုက်နာရမယ့် စည်းမျဉ်း၊စည်းကမ်းများတွေကို အားလုံးလိုက်နာကြမယ်ဆိုရင်တော့ တရားမျှတမှာပါပဲ” ဟု USDP မှ...
ဒေါ်စုပါတီ၏ မဲဆွယ် စည်းရုံးရေးကို ကော့မှူးလူထုအားလုံး ကြိုဆို
မတ်လ ၃၁ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ပါတီဆိုင်းပုဒ်တင်ပွဲနှင့် မဲဆွယ်စည်းရုံးရေးကို ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် NLD မဲအောင်နိုင်ရေး အဖွဲ့ဝင်များက မတ်လ ၃ဝရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်လူထုအားလုံး ကြိုဆိုကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတစ်ဦးက “ဒီနေ့ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာမှာ...
မြန်မာသကြင်္န်ပြန်ဆင်နွဲမည့်ရွှေ့ပြောင်း အလုပ်သမားများအကြပ်ကိုင်ငွေညှစ်ခံရ
မတ်လ ၃၁ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
သကြင်္န်ပွဲ ဆင်နွဲရန် ထိုင်း-မြန်မာနယ်စပ် မဲဆောက် -မြဝတီလမ်းကြောမှ တဆင့် နေရပ်ပြန်ကြသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားများကို နှစ်ဖက်နယ်စပ်တွင် အုပ်စုဖွဲ့ကျက်စားနေကြသည့် မြန်မာအချို့က လိုရာခရီး ပို့ဆောင်ပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး အကြပ်ကိုင် ငွေညှစ်ခြိမ်းခြောက်မှု မျာပြုလုပ်နေကြောင်းမြန်မာအလုပ်သမားများက ပြောသည်။
ဘန်ကောက်ပြန် မြန်မာအလုပ်သမား...
တိုက်သောင်း ခြိမ့်အုန်း ကြားစေသတည်း
M. ထက်ခေါင်
(၁)
ဗမာပြည်တွင်းမှာ စာဖွဲ့လောက်စရာ ပြောင်းလဲမှုတစုံတရာ မဖြစ်သေးသည့်အပြင် ဗမာပြည်သားတို့ ရှေ့ဆက် လျှောက်လှမ်းရမည့် ဇာတ် မျောကြီးကို အရိပ်အယောင်မျှ မြင်လိုက်သောကြောင့် အမျိုးသားဒီမိုကရေစီရေး ရေရှည်တိုက်ပွဲအတွက် တနည်းတဖုံ ပြင်ဆင်ထားရန် ကျနော် ဆုံးဖြတ်သည်။ ဆောင်းပါးရေးခြင်းမှ တစ်လ နှစ်လခန့် ခေတ္တနားမည်။ လက်ရှိ ဖြစ်ပျက်နေသည့်...
ကော့မှူးတွင် USDP နယ်လှည့် စည်းရုံးရေးဆင်း
မတ်လ ၃ဝရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP သည် ၎င်းတို့၏ နယ်လှည့် စည်းရုံးရေး ခရီးစဉ်အတွက် ယနေ့မနက် ၉နာရီခန့်တွင် ကော့မှူးမြို့မှ ကား၊ ဆိုင်ကယ်များဖြင့် ကျေးရွာများသို့ စတင် ထွက်ခွာသွားပြီးဖြစ်သည်။
ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးက “ကားအစီး ၂၀လောက်၊ ဆိုင်ကယ်အစီး...





