မန်းမင်းရဲထွေး
ဒီဇင်ဘာ၊ ၂၀၁၈
အင်အား (ပါဝါ)သည် စည်းလုံးညီညွတ်ခြင်းမှ လာသည်။ (Unity to the Victory)။ စည်းလုံးညီညွတ်ခြင်းသည် တူညီ သော လားရာမှ အစပြုသည်။ “လူတိုင်း ငြိမ်းချမ်းရေး လိုချင်ကြသည်” ဟူသောမျှော်မှန်းချက်သည် တူညီသောလားရာ ဖြစ် သည်။ တူညီသော လားရာကို ရှေ့ရှုရာတွင်လည်း တူညီသော အခြေခံစည်းမျဉ်း၊ တူညီသော ရည်ရွယ်ချက်များ ရှိရပေမည်။ လားရာတူသော်လည်း နှစ်ဖက်သဘောတူညီခဲ့သော အခြေခံစည်မျဉ်းကို ဖောက်ဖျက်ခဲ့လျှင် စည်းလုံးညီညွှတ်မှု ပျက်ပြားနိုင် သည်။ အင်အား (ပါဝါ) သည် ယုတ်လျော့မည်။ အင်အား ပါဝါ လျော့ကျသွားသည်နှင့် တစ်ဖက်ရန်သူ၏ အနိုင်ယူမှုကို ခံရပေ မည်။
လူအုပ်စုများ၊ လူ့အဖွဲ့အစည်းများ၊ နိုင်ငံသားများစည်းလုံးလျှင် အင်အားရှိသည်ဟု ယေဘုယျ ထင်မှတ်ယူဆခဲ့ကြ သည်။ “စည်းလုံးခြင်းသည် အင်အား” ဟူသည့် ဆောင်ပုဒ်ပင်ရှိခဲ့သည်။ သို့ရာတွင် လူ၏ စွမ်းဆောင်ရည်မှ ထွက်ပေါ်လာသော ပါဝါအင်အား၏ အစွမ်းသည် ယနေ့မျက်မှောက်ကမ္ဘာတွင် အရေးပါ အရာရောက်လျက်ရှိပေသည်။ အီရတ်စစ်ပွဲ လိပ်ခဲတည်း လည်း ဖြစ်ပေါ်နေသောအချိန်တွင် “ပါဝါဘာလဲ” ဟူသော မေးခွန်းများကို အဖြေထုတ်ရန်အတွက် “နယူးစ်ဝိခ်” (News Week) မဂ္ဂဇင်းကြီးက “ပါဝါဂိမ်း”တစ်ခု ဖေါ်ထုတ်ခဲ့သည်။ ပါဝါကဏ္ဍကြီး (၇)ခုကို တည်ဆောက်နိုင်သောနိုင်ငံများသည် ကမ္ဘာ့အင်အား ကြီးနိုင်ငံများ ဖြစ်လာကြသည်။
ပါဝါကဏ္ဍကြီး (၇)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) စစ်အင်အား (Military Power)
စစ်အင်အားကို အောက်ပါ ကဏ္ဍငယ်သုံးရပ်ဖြင့် ဖော်ပြထားသည်။
၁။ စစ်အသုံးစရိတ်
၂။ နျူကလီးယားထိပ်ဖူး အရေအတွက်
၃။ လက်နက်တင်ပို့ တို့ဖြစ်သည်။
(၂) စီးပွားရေးပါဝါ (Economic Power)
ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြီးနှင့်အတူ စီးပွားရေးအင်အားသည်လည်း အရေးကြီးသော ပါဝါအရင်းအမြစ်တစ်ခု ဖြစ်လာပါ သည်။ ထိုစီးပွားရေးပါဝါကို ကဏ္ဍငယ်သုံးခုဖြင့် ဖော်ပြပါသည်။
၁။ စုစုပေါင်းပြည်တွင်းထုတ်ကုန်
၂။ ယှဉ်ပြိုင်နိုင်စွမ်း
၃။ ပို့ကုန်တန်ဘိုးတို့ ဖြစ်ပါသည်။
(၃) သဘာဝအရင်းအမြစ်ပါဝါ (Resource Power)
လူဦးရေတိုးပွားနေပြီး သဘာဝအရင်းအမြစ် လျော့နည်းလိုက်လာသော ကမာ္ဘအတွက် သဘာဝအရင်းအမြစ်ပါဝါမှာလည်း အား ကြီးသော အင်အားတစ်ခု ဖြစ်လာပါသည်။
ထိုသဘာဝအရင်းအမြစ်ပါဝါကို ကဏ္ဍငယ်သုံးခုဖြင့် ဖေါ်ပြပါသည်။
၁။ မထုတ်ဖော်ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့
၂။ သောက်သုံးရေ ရရှိနိုင်မှု
၃။ လယ်ယာထွက်ကုန် တင်ပို့တို့ ဖြစ်သည်။
(၄)နည်းပညာပါဝါ (Technology Power)
အင်ဖေါ်မေးရှင်း တက္ကနိုလော်ဂျီခေတ်နောက်ပိုင်း အထူးအရေးပါလာသော ပါဝါအရင်းအမြစ်ဖြစ်သည်။ နည်းပညာတီ ထွင်မှုဖြင့် လူအများသည် နည်းပညာကို လွတ်လပ်စွာ သုံးစွဲနိုင်စွမ်းဖြင့် နည်းပညာပါဝါကို တိုင်းတာရမည်ဟု ဆိုသည်။
ထိုနည်းပညာပါဝါကို ကဏ္ဍငယ်လေးခုဖြင့် ဖော်ပြပါသည်။
၁။ သိပ္ပံနိုဘယ်ဆုရ အရေအတွက်
၂။ မူပိုင်ခွင့်ရရှိပြီး သူပေါင်း
၃။ အင်တာနက် အသုံးပြုသူပေါင်း
၄။ တစ်ကိုယ်ရည်သုံး ကွန်ပြူတာ အရေအတွက် ဖြစ်သည်။
၅။ သံခင်းတမန်ခင်းပါဝါ (Diplomatic Power)
အီရတ်စစ်ပွဲမှ သင်ခန်းစာပေးလိုက်သည်မှာ မည်မျှအင်အားကြီးသော ပါဝါဖြစ်ပါစေ တစ်နိုင်ငံတည်းအင်အားဖြင့် မရ နိုင်တော့သော အနေအထားဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးမှာ ရှောင်လွဲမရသော လမ်းကြောင်းမှန် ဖြစ် နေပါတော့သည်။
သို့နှင့်အမျှ “သံခင်းတမန်ခင်းပါဝါ” မှာလည်း အရေးကြီးသော ပါဝါအရင်းအမြစ်တစ်ခု ဖြစ်လာပါသည်။ ထိုသံခင်းတမန် ခင်း ပါဝါကို ကဏ္ဍငယ်သုံးခုဖြင့် ဖေါ်ပြပါသည်။ ယင်းတို့မှာ
၁။ နိုင်ငံခြားအကူအညီပံ့ပိုးမှု
၂။ လုံခြုံရေးကောင်စီတွင် အနေအထား
၃။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာချုပ်များဖြစ်ပါသည်။
၆။ ရုပ်ရှင်ပါဝါ (Movie Power)
ရုပ်ရှင်လုပ်ငန်းမှာ နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်သည်သာမက လူသန်းပေါင်းများစွာ၏ စိတ်အာဟာရကို ဖြည့်ဆည်းပေး ရာရောက်သည်။ သို့အတွက် ရုပ်ရှင်ကိုလည်း ပါဝါအရင်းအမြစ်တစ်ခုအနေနှင့် ထည့်သွင်းစဉ်းစားလာကြသည်။
ထိုရုပ်ရှင်ပါဝါကို ကဏ္ဍငယ်သုံးခုဖြင့် ဖေါ်ပြပါသည်။ ယင်းတို့မှာ
၁။ ရုပ်ရှင်ကားထုတ်လုပ်မှု
၂။ ရုပ်ရှင်လုပ်ငန်းရင်းနှီးမြှုပ်နှံမှု
၃။ တစ်နှစ်ရောင်းရသော လက်မှတ်အရေအတွက်တို့ ဖြစ်ပါသည်။
၇။ လူမှုပါဝါ (Social Power)
ပညာခေတ်တွင် တိုင်းပြည်တစ်ခု၏ ဘက်ပေါင်းစုံအောင်မြင်မှုမှာ ပညာရေးရင်းနှီးမြှုပ်နှံမှုပေါ်တွင် အဓိက တည်မှီနေ သည်။ ပညာရည်မြင့်မားလာသည်နှင့်အမျှ ဘဝအရည်အသွေး (Quality of life) လည်း မြင့်မားလာမည်ဖြစ်ရာ နိုင်ငံရေးတည် ငြိမ်မှုအတွက် အဓိကအကျဆုံးသော အာမခံချက်ဟု သဘောယူလာကြသည်။ သို့ဖြစ်၍ “လူမှုပါဝါ” မှာလည်း အထူးအရေးကြီး
သော ပါဝါအရင်းအမြစ်တစ်ခု ဖြစ်လာပါတော့သည်။
ထိုပါဝါကို ကဏ္ဍငယ်သုံးခုဖြင့်ဖေါ်ပြပါသည်။ ယင်းတို့မှာ
၁။ တက္ကသိုလ်ကျောင်းသားဦးရေ
၂။ ဘဝအရည်အသွေး (Quality of life)၏
၃။ နေရေးအခန်းတစ်ခုကိုပိုင်သော အရေအတွက်တို့ ဖြစ်ပါသည်။
ပါဝါအဆင့်လိုက် နိုင်ငံများ
ကဏ္ဍအလိုက် အဆင့်များကို စုစည်း၍ ဆန်ကာတင် ရွေးထုတ်လိုက်ရာ ခေတ်ပြိုင်ကမ္ဘာ၏ အင်အားကြီး ဆယ်နိုင်ငံ
စာရင်းကို ဤသို့ရရှိလိုက်သည်။
အကယ်၍ ဥရောပနိုင်ငံများ (EU) အနေနှင့် ပေါင်းစည်းလာလျှင် အမေရိကန်နေရာကို ခြိမ်းခြောက်နိုင်စရာရှိသည်ဟု ဆိုသည်။ ဤ’ပါဝါဂိမ်း’ကို အခြေခံ၍ ခေတ်ပြိုင်ပါဝါ ချိန်ခွင်လျှာကို စိစစ်လိုက်ပါက အောက်ပါကောက်ချက်များ ချနိုင်စရာရှိသည် ဟု ဆိုပါသည်။
၁။ ပါဝါအရင်းအမြစ်တွင် စီးပွားရေး၊ စစ်ရေး၊ သယံဇာတနှင့် လူမှုရေးတို့သည် ပါဝါအမာများဖြစ်ကြ၍ နည်းပညာ၊ သံခင်း တမန် ခင်းနှင့် ရုပ်ရှင်တို့သည် ပါဝါအပျော့များဖြစ်ကြသည်။
၂။ ပါဝါမှာ စုစည်းလာခြင်းမဟုတ်။ ပြန့်ကားလာသည့် သဘောရှိသည်။ ကမာ္ဘကြီးမှာ ဝင်ရိုးတစ်ခုတည်းတွင် လည်ပတ်နေသည် မဟုတ်ဘဲ ဝင်ရိုးပေါင်းစုံပေါ်တွင် ထိန်းညှိလည်ပတ်နေသည်ကို အထင်အရှား တွေ့နိုင်ပါသည်။
၃။ သို့အတွက် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အာမခံချက်ဖြစ်ပါသည်။ မည် မျှပင် အင်အားကြီးသောနိ်ုင်ငံဖြစ်ပါစေ တစ်ကိုယ်တော် ထင်ရာစိုင်း၍ ရနိုင်တော့မည်မဟုတ်ပါ ဟူ၍ဖြစ်ပါသည်။
အထက်ပါ ပါဝါဂိမ်း စုစည်းကောက်နှုတ်ချက်များသည် မန်းသိန်းရွှေ (KNP-ဥက္ကဌ)၏ နယူးစ်ဝိခ်မဂ္ဂဇင်းကြီးမှ ကောက် နှုတ်ဖော်ပြထားသော စာတမ်းများ ဖြစ်ပါသည်။
ပါဝါဂိမ်းကိုအခြေပြု၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့အင်အားကို စုစည်းသင့်သည်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူရည်တူရှိခြင်း စသော လောကပါလတရားများဖြင့် အစချီကာ မည်မျှ ပင်ပြောလာသော်လည်း ဆွေးနွေးပွဲတွင် တန်းတူရည်တူ မရှိမှုက အထင်အရှား တွေ့မြင်ရသည်။ ထို့ကြောင့် ပါဝါချိန်ခွင်လျှာ မျှဘို့လိုသည်။ ထိုသို့မမျှလျှင် တစ်ကိုယ်တော်ထင်ရာစိုင်းသည့် အဖွဲ့အစည်းကြောင့် ငြိမ်းချမ်းရေးခရီးဝေးနေမှာ အမှန်ဖြစ်သည်။
မိမိတို့ ရှိသင့်ရှိထိုက်သည့် ဖြည့်သင့်ဖြည့်ထိုက်သည့်ပါဝါကို ဖြည့်ဆည်းထားရမည်။ ဒီမိုကရေစီပြည်ထောင်စုကို တည် ဆောက်မည်ဟု မည်မျှပင် ကြွေးကြော်နေသော်လည်း အင်အားကြီးအစုအဖွဲ့က အနိုင်ကျင့် ဗိုလ်ကျ တစ်ဖက်သတ် ဆုံးဖြတ်နေ လျှင် ငြိမ်းချမ်းရေး နောက်ပြန်လှည့်သွားနိုင်ပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ်တွင် ပြည်သူအများ စိတ်ပျက်ငြီးငြူစ ပြုလာကြသည်။ ထွက်လာသည့်အဖြေ (၅၁)ချက် က ၂၀၀၈အခြေခံဥပဒေကို ကျော်လွန်ဖောက်ထွက်နိုင်ခြင်း မရှိ၍ ဖြစ်သည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသအ လိုက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းကို တားဆီးပိတ်ပင်မှုများသည်လည်း နှစ်ဦးနှစ်ဖက်ယုံကြည်မှုက ပျက်ပြားစေနိုင် သည်ဖြစ်၍ ငြိမ်းချမ်းရေး အဟန့်အတားသဖွယ် ဖြစ်ပေါ်နေမှုများသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရှောင်ရှားရမည့် လုပ်ရပ်များ ဖြစ်သည်။
ငြိမ်းချမ်းရေး ဖင့်နှေးနေလျင် တိုင်းပြည်ထူထောင်ရေး (State Building) တွင် နောက်ကျနေခဲ့လိမ့်မည်။ ရှက်ဖွယ်ဖြစ် နေသည့် ကမ္ဘာ့နောက်အကျဆုံးနှင့် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် ရှက်ရွံ့ခြင်းမှ ကင်းဝေးအောင် ဆင်းရဲခြင်းနွံတွင်းမှ ရုန်းထနိုင်အောင် လုပ်ဆောင်ရမည့် တာဝန်ရှိသူများမှာ နိုင်ငံ့ခေါင်းဆောင်များပင် ဖြစ်ပါသည်။
အာဏာရှိ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပညာရှင်များ အတူတကွ ပူးပေါင်းဆောင်ရွက်ရေး သည် နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေပါသည်။
‘ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်’ သည်မျိုး မဖြစ်သင့်တော့ပါ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်သဘောထားများ ရှိနေလျှင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးပင်ဖြစ်ပေတော့မည်။ ယောမင်းကြီးဇရပ်က ဒေါက်တာသန့်မြင့်ဦး စကားနှင့်ပြောရ လျှင် မြန်မာနိုင်ငံကြီး ပျောက်ကွယ်သွားနိုင်သည်။