Home သတင်း ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်း ဆက်လုပ်ရန် မသင့်ဟု သွား‌ရောက်စစ်‌ဆေးခဲ့သည့် ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်‌ပေး

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်း ဆက်လုပ်ရန် မသင့်ဟု သွား‌ရောက်စစ်‌ဆေးခဲ့သည့် ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်‌ပေး

1915

‌အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

ဖားအံမြို့နယ် ‌ကော့ရင်းအထက်အုပ်စုနှင့် ‌နောင်ကျန်အုပ်စုအကြား လုပ်‌ဆောင်‌နေသည့် ‌တောင်က‌လေး‌တောင်‌ကျောက်ထုတ်လုပ်ငန်းကို ဆက်လုပ်ရန် မသင့်ဟု စက်တင်ဘာကုန်ပိုင်းက သွား‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့သည့် ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး ခွန်မျိုးတင့်နှင့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင် ကိုယ်စားလှယ်အဖွဲ့က မှတ်ချက်‌ပေးခဲ့‌ကြောင်း သိရှိရသည်။

ယင်း‌ဒေသရှိ ‌ကျေးရွာနှစ်ခုမှ ‌တောင်က‌လေး‌တောင်‌ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်‌ပေးရန် နိုင်ငံ‌တော် အကြီးအကဲ သမ္မတအပါအဝင် ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော်ထံ လိပ်မူ၍ စာတင်ပြပြီး ‌နောက် လုပ်ငန်း‌နေရာသို့ သွား‌ရောက်စစ်‌ဆေးခဲ့သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှ ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး ခွန်မျိုးတင့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“(သီတာ‌အေးလှိုဏ်ငူ ဘုန်း‌တော်ကြီး‌ကျောင်း အ‌ဆောက်အဦး)‌ခေါင်းမိုး ‌ပေါက်တာ လက်‌တွေ့ကွင်းဆင်း ကြည့်‌တော့ ‌တွေ့ရတယ်။ (မိုင်း‌ဖောက်ခွဲတဲ့အခါ) ‌ကျောက်လွှင့်စင်လို့ ထိတာ မဟုတ်ဘူး။ တုန်ခါလို့ (‌ကျောက်‌တောင်)အ‌ပေါ်က ‌ကျောက်ကျတာ။ ဟိုး…‌စောမှာ‌တော့ လွှင့်စင်ပြီး‌တော့ ထိတဲ့ ‌နေရာ‌တော့ ရှိတယ်။ အဲဒါ‌ကြောင့် ဒီမိုင်း‌ကြောင့် ဆက်လုပ်ခွင့်မပြု‌တော့ပါဘူးလို့ မှတ်ချက်ကို‌တော့ ‌ပေးလိုက်တာ‌ပေါ့ ‌လေ”ဟု ၎င်းက ‌ပြောသည်။

‌တောင်က‌လေး‌တောင်‌ကျောက်ထုတ်လုပ်ငန်း၌ လုပ်ငန်းရှင်ဖြစ်သည့် ဦးခင်‌မောင်‌ကျော် ‌ဖောက်ခွဲ‌နေသည့် ‌ကျောက်မိုင်း‌ဖောက်ခွဲမှုခွင့်ပြုချက်ကာလမှာ ‌ကျော်လွန်ပြီဖြစ်‌ကြောင်း၊ ကျန်လုပ်ငန်းရှင်ဖြစ်သူ ဦးလူခင်၏ ခွင့်ပြုချက်ကာလ သက်တမ်းမကုန်ဆုံး‌သေး‌သော်လည်း ‌ဒေသခံများ၏ ကန့်ကွက်သည့်အတွက် ဆက်လုပ်ခွင့်မသင့်‌တော့‌ကြောင်း မှတ်ချက်‌ပေးခဲ့ခြင်းဖြစ်‌ကြောင်းနှင့် မှတ်ချက်အား ‌နေပြည်‌တော်သို့ ပြန်ယူ‌ဆောင်လိုက်ပြီဖြစ်‌ကြောင်း ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး ခွန်မျိုးတင့်က ဆက်‌ပြောသည်။

ယင်း‌ကျောက်ထုတ်လုပ်ငန်း၌ ‌တောင်အ‌ရှေ့ဘက်ခြမ်းတွင် ဦးခင်‌မောင်‌ကျော်နှင့် ‌တောင်အ‌နောက်ဘက် ခြမ်းတွင် ဦးလူခင်တို့က လုပ်ကိုင်လာခဲ့ပြီး လုပ်ငန်းအတွင်း ‌ကျောက်မိုင်းခွဲခြင်း‌ကြောင့် ‌တောင်‌ခြေရှိ လယ်ကွင်းများ ပျက်စီးခြင်း၊ ‌တောင်ကမ်းပါးရှိ သီတာ‌အေးလှိုဏ်ဂူဘုန်းကြီး‌ကျောင်း အ‌ဆောက်အဦးများနှင့် ဘုရားဆင်းတု‌တော်များ ‌ကျောက်ခဲလွှင့်စင်ပျက်စီးခြင်း၊ ‌မြေတုန်ခါခြင်း၊ ‌ဒေသခံများ ထိတ်လန့်ခြင်း၊ ပတ်ဝန်းကျင် ဆူညံခြင်း ဖြစ်‌ပေါ်ခဲ့‌ကြောင်းလည်း ‌တောင်နှင့် အနီးဆုံး‌နေထိုင်သည့် ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယခုကိစ္စအ‌ပေါ် ‌တောင်က‌လေး‌တောင်ရှိ သီတာ‌အေးလှိုဏ်ငူ ဘုန်း‌တော်ကြီး‌ကျောင်း ဆရာ‌တော် ဦးဝါရိန္ဒက “အဲဒီ စစ်တဲ့အဖွဲ့လာ‌တော့ အ‌ခြေအ‌နေ ဦးဇင်း လိုက်ပြတယ်။ အဲဒါအပြင် မိုင်း‌ဖောက်လို့ ‌တောင်‌ခြေမှာ ကျလို့ ‌ကျောက်ခဲ‌ကြောင့် လယ်ကွင်း‌တွေ ထွန်ယက်စိုက်ပျိုးလို့ မရ‌တော့တာ ရှင်းပြတယ်။ အခု လာစစ်ခဲ့ တယ်ဆို‌ပေမယ့် ‌တောင်အ‌နောက်ဘက်ခြမ်းက‌တော့ ‌ကျောက်မိုင်း‌တွေ ‌ဖောက်‌နေတာ ရှိတယ်။ ‌တောင်အ‌ရှေ့ဘက်ခြမ်းက‌တော့ လက်ကျန် ‌ကျောက်ခဲ‌တွေကို ကားနဲ့ က‌လော်ချတာ၊ သယ်ယူတာ‌တွေပဲ ‌တွေ့ရပါတယ်”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ် ‌ကော့ရင်းအထက်(‌ကော့ရိ)‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန်(‌ဖောက‌လော့) ‌ကျေးရွာအုပ်စုအကြား လုပ်‌ဆောင်‌နေသည့် ‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းတွင် ထိခိုက်မှုများရှိသဖြင့် ရပ်တန့်‌ပေးရန် ယင်း‌ဒေသရှိ ‌တောင်ကုန်း (လယ်‌ကော်ခို့)‌ကျေးရွာ နှင့် ‌နောင်ကျန်(‌ဖောက‌လော့)‌ကျေးရွာတို့က နိုင်ငံ‌တော် သမ္မတ၊ ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော်ထံ လိပ်မူ၍ စက်တင်ဘာ ၁၉ ရက်‌နေ့က တရက်တည်း စာ‌ပေးပို့ခဲ့သည်။

ထို့‌နောက် စက်တင်ဘာ ၃ဝ ရက်‌နေ့တွင် ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး ခွန်မျိုးတင့်နှင့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင် ကိုယ်စားလှယ်အဖွဲ့က ‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်လုပ်ငန်းခွင်ရှိရာသို့ သွား‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့သည်။