Home သတင်း ‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေး စီမံကိန်းအတွက် ပြည်နယ်ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့် ‌ဒေသခံလူထုနှင့် ပထမဆုံး ‌တွေ့ဆုံ‌ဆွေး‌နွေး

‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေး စီမံကိန်းအတွက် ပြည်နယ်ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့် ‌ဒေသခံလူထုနှင့် ပထမဆုံး ‌တွေ့ဆုံ‌ဆွေး‌နွေး

2019

‌အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း အ‌ကောင်အထည် ‌ဖော်ရန်ရှိသည့် ‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေး စက်ရုံ တည်‌ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်မှ စီမံကိန်း ‌ဒေသအတွင်းရှိ ‌ဒေသခံလူထုများနှင့် ယ‌နေ့ (‌အောက်တိုဘာလ ၁၄ ရက်‌နေ့)က သွား‌ရောက်‌တွေ့ ဆုံ‌ဆွေး‌နွေးမှု များပြုလုပ်ခဲ့သည်။

ဖားအံမြို့နယ်အတွင်းရှိ ဝတ်ကြီး‌ကျေးရွာ သာသနာရာမဝတ်ကြီး ‌ကျောင်းတိုက်အတွင်း ပြုလုပ်သည့် ယခု ‌တွေ့ဆုံမှုမှာ ကန့်ကွက်မှုများရှိ‌နေဆဲဖြစ်သည့် အဆိုပါ ‌ကျောက်မီး‌သွေးဓာတ်အား‌ပေးစက်ရုံ စီမံကိန်း ဧရိယာ အတွင်းပါဝင်သည့် ‌ဒေသခံများနှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့၏ ပထမဆုံးအကြိမ် ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုလည်း ဖြစ်သည်။

ထိုသို့‌တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က “‌ဒေသခံ ‌တွေဘာဖြစ်ချင်လဲ။ ဖြစ်ချင်တာကို‌ပြောပါ။ ကျမ မရရတဲ့နည်း နဲ့ကြိုးစားပြီး ‌ဆောင်ရွက်‌ပေးမယ်။ ဘာမှန်းမသိပဲနဲ့ မျက်စိမှိတ်ပြီး မ‌ပြောကြပါနဲ့။ အလုပ်ဖြစ်‌အောင်ပဲ ကျမတို့နဲ့ညှိနှိုင်း ‌ဆောင်ရွက်ပါ။ ကျမတို့နဲ့ စကား‌ပြောကြည့်ပါ။ ဘယ်လိုအ‌ခြေအ‌နေနဲ့ဘယ်လိုဖြစ်နိုင်‌ခြေရှိလဲ။ ကျမကြိုးစားပြီး‌တော့ ‌ကျေးရွာလူထုအတွက် ရပ်တည်‌ပေးပါမယ်” ဟု ထိုသို့ထည့်သွင်း‌ပြောဆိုသွားသည်။

အဆိုပါ‌တွေ့ဆုံမှုတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်အပြင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ စီမံကိန်းအနီးတဝိုက်ရှိ တံတားဦး၊ ‌ကျောက်တစ်လုံး၊ ဝင်းဒရယ်၊ မိကရင်၊ ကျုံမသွယ်၊ အီဟဲ၊ တ‌ကောင်ဘိုး၊ ဝတ်ကြီးစသည့် ‌ကျေးရွာအုပ်စုများနှင့် ‌ကျေးရွာများ မှ ‌ဒေသခံများ၊ ရဟန်းသံဃာ‌တော်များအပါအဝင်စုစု‌ပေါင်းလူဦး‌ရေ ၁၅၀ဝ ဝန်းကျင်ခန့် တက် ‌ရောက်ခဲ့ကြသည်။

ထုံး‌တောင်‌ကျေးရွာမှ ‌စောဆထူးက “ကျ‌နော်တို့ကို ရင်းရင်းနှီးနှီးဆက်ဆံ‌ပေးပါ။ အသိအမှတ်ပြု‌ပေးပါလို့ ကျ ‌နော်‌ပြောချင်ပါတယ်။ အခုက သူတို့လာရှင်းပြသွားတာပဲ။ အရင်ကလည်း ပညာရှင်‌တွေသူတို့‌ခေါ်လာတယ်။ ကျ‌နော်တို့က လည်း ဗမာစကား‌ရေ‌ရေလည်လည်နားမလည်ဘူး။ ဘာသာပြန်‌ခေါ်လာရင် ‌ဒေသခံ သ‌ဘောထားလည်း သူတို့ သိသွားမယ်။ စီမံကိန်းမစတင်မီမှာ ‌ဒေသခံ‌တွေနဲ့ရင်းနှီး‌အောင် သင်တန်း‌လေး‌ပေးသင့်တယ်။ တစ်ဖက်သတ် သင်တန်းလည်း မဖြစ်‌စေချင်ဘူး‌ပေါ့။ မျှတတဲ့သင်တန်း အမြင်ကျယ်‌စေမယ့် သင်တန်းမျိုး‌ပေါ့” ဟု‌ပြောသည်။

ယ‌နေ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် ‌မြေယာကိစ္စများ၊ စီမံကိန်း‌ကောင်းကျိုး၊ ဆိုးကျိုးများ၊ ‌ဒေသခံများ၏ ဘဝအာမခံ ချက်အ‌ခြေအ‌နေရှိမရှိနှင့် မည်သို့‌ဖြေရှင်း ‌ဆောင်ရွက်‌ပေးမည် စသည်တို့အား ‌မေးမြန်း‌ဆွေး‌နွေးမှုများ ပြုလုပ် ခဲ့ကြသည့် အပြင် ကုမ္ပဏီမှ စီမံကိန်း‌မြေ‌နေရာရှိ သုံးအိမ်‌ကျေးရွာတွင် ‌မြေပိုင်ရှင်များအား အသိ‌ပေးခြင်း မရှိဘဲ တွင်းများ တူး‌ဖော်ခြင်းကိစ္စများကိုပါ ‌ဒေသခံများက တင်ပြ‌ပြောဆိုမှုများပြုလုပ်ခဲ့သည်။

“‌နောက်တစ်ချိန်ကျလို့ရှိရင် ‌ကျေးရွာလူထုပိုင်‌မြေ‌တွေထဲကို ဝင်‌ရောက်လုပ်ကိုင်မယ်ဆိုရင် သက်ဆိုင်ရာ ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးရယ်၊ ‌မြေပိုင်ရှင်ရယ်ကို အသိ‌ပေးပြီးမှ ဝင်ရပါမယ်။ ဒီလိုမျိုးဝင်ချင်တိုင်းဝင်တာကို‌တော့ ကျမ အားမ‌ပေးဘူး။ လက်လည်းမခံပါဘူး။ ‌နောင်ဒီလို မဖြစ်‌အောင်လည်း ကျမကြိုးစား‌ဆောင်ရွက်ပါမယ်။ ခြိမ်း‌ခြောက်တာ‌တွေရှိခဲ့ရင်လည်း ထိ‌ရောက်စွာ အ‌ရေးယူ‌ဆောင်ရွက်‌ပေးပါမယ်” ဟု ‌ဒေသခံများ တင်ပြမှုအ‌ပေါ် ဝန်ကြီးချုပ်က ပြန်လည်‌ဖြေကြားသည်။

ယ‌နေ့‌တွေ့ဆုံမှုတွင် ‌ဒေသခံများ သိရှိလိုသည့် အ‌ကြောင်းအရာများကို အစိုးရအဖွဲ့ ဝင်များမှ ပြန်လည် ‌ဆွေး‌နွေးမှုများပြု လုပ်ခဲ့ကြ‌သော်လည်း တစုံတရာ နားလည်မှုနှင့်ယုံကြည်မှုတည်‌ဆောက်နိုင်ခြင်းမရှိ‌သေးဘဲ စီမံကိန်း တည်‌ဆောက်မှုကို ကန့်ကွက်သည့် အ‌နေဖြင့် စီမံကိန်းနယ်‌မြေအတွင်းရှိ ရွာ‌ပေါင်း ၁၉ ရွာမှ ‌ဒေသခံလူ ထု ၃၉၈၅ ဦးပါဝင် လက်မှတ်‌ရေးထိုးထားသည့် ကန့်ကွက်လက်မှတ်များကို ပြည်နယ်ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များထံ ‌ပေးအပ်ခဲ့ကြသည်။

တစ်ဆက်တည်းပင် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စီမံကိန်း‌ကြောင့် ‌မြေယာဆုံးရှုံးမည့် ‌ဒေသခံ ၇၅ ဦးနှင့်သီး သန့် ‌တွေ့ဆုံကာ ဆုံးရှုံးမှုအတွက် ‌လျော်‌ကြေး‌ပေးမည့် ကိစ္စအ‌ပေါ် ညှိနှိုင်း‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြပြီး ယင်း အ‌ခြေအ‌နေများ နှင့်ပတ်သက်၍ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန လက်‌ထောက်ညွှန်ကြား ‌ရေးမှူး ဦး‌အောင်မြတ်ဝင်းက ယခုလို ‌ပြောသည်။

“ ‌မြေပိုင်ရှင်‌တွေ က‌တော့ ‌အေး‌ဆေးပါပဲ။ အခုက‌တော့ အစိုးရနှုန်းထက်ကို ထိုက်သင့်တဲ့ ‌လျော်‌ကြေး‌လေးရသွား ‌အောင် ‌ဒေ ‌ပေါက်‌ဈေးကို တွက်ချက်ပြီး ညှိနှိုင်းပြီး‌တော့ပဲ ‌လျော်‌ပေးမှာဖြစ်ပါတယ်။ အခုအကြမ်းဖျင်း က‌တော့ ၇၅ ဦး‌ပေါ့။ ဒါ‌ပေ မယ့် တခြားအိမ်‌တွေ၊ စာသင်‌ကျောင်း‌တွေ၊ သချႋုင်းကုန်း‌တွေ စတဲ့ရပ်ရွာနဲ့ဆိုင်တာ‌တွေမပါ‌သေးပါဘူး။ လက်ရှိသူတို့ ပုံစံ ၇ မရပဲ ဓားမဦးချလုပ်‌နေတဲ့သူ‌တွေလည်း ‌လျော်‌ကြေး‌လေး‌တွေ ‌ပေးမယ်လို့ ခုဏက ‌ပြောသွားတာ‌တော့ရှိတယ်” ဟု‌ပြော သည်။

‌ဒေသခံများဘက်မှ ပွင့်လင်းမြင်သာမှုရှိရန် လိုလား‌နေကြပြီး ပွင့်လင်းမြင် သာမှုမရှိဘဲ စီမံကိန်း အ‌ကောင် အ ထည်‌ဖော်မှုများ ဆက်လက် လုပ်‌ဆောင်သွားမည်ဆိုပါက ဆန္ဒထုတ်‌ဖော်သည့်အစီအစဉ်အထိ ကန့် ကွက်မှုများကို ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း စီမံကိန်းကန့်ကွက်သည့် ‌ဒေသခံများက‌ပြောဆိုသည်။