Home သတင်း KYO ဦး‌ဆောင်သည့် အ‌ခြေခံ‌ကျေးလက်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းပြုလုပ်

KYO ဦး‌ဆောင်သည့် အ‌ခြေခံ‌ကျေးလက်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းပြုလုပ်

1393

ဧပြီ ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူငယ်အစည်းအရုံး-KYO နှင့် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ‌ကောလိပ်‌ကျောင်းသားများပါဝင်သည့် ‌ကျေး လက်‌နေလူငယ်များ ဖွံ့ဖြိုး‌ရေးသင်တန်းတစ်ခုကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ ဖားအံခရိုင်တွင် ကယ့်‌ဝေါ်၊ ‌ညောင်‌လေးပင်ခရိုင်တွင် လယ်ဝါး၊ ‌လော‌ဝေါပ‌လောနှင့် ‌တောင်ငူခရိုင်တွင် ထိုလွီဝါးအထက်တန်း‌ကျောင်း စသည့်‌ဒေသများတွင် ဧပြီလဆန်းမှစ၍ ပြုလုပ်‌ပေး‌နေသည်ဟု သိရသည်။

‘Karen Youth rural reconstruction’ (‌ကျေးလက်‌နေ ကရင်လူငယ်များ ပြန်လည်ထူ‌ထောင်‌ရေး)‌ခေါင်းစဉ်ဖြင့် ‌ကျေးလက်အ ထက်တန်း ‌ကျောင်းသူ‌ကျောင်းသား လူငယ်များအား အ‌ခြေခံအသိပညာ၊ အတတ်ပညာများ နားလည်တတ်ကျွမ်းရန်၊ ‌ကျေး လက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးတွင် ပူး‌ပေါင်းပါဝင်နိုင်ရန်နှင့် ‌ကျေးလက်‌နေပြည်သူများ၊ ‌ခေါင်း‌ဆောင်များနှင့် ဆက်ဆံ‌ရေး ပိုမို ‌ကောင်းမွန်ပြီး သမိုင်း‌ပေးတာဝန်များကို ပခုံး‌ပြောင်းတာဝန်လွှဲယူနိုင်ရန်အတွက် ရည်ရွယ်သည်ဟု KYO ဥက္ကဌ ‌စောလယ်နယ် ‌ပြောသည်။

သူက “အခု ကျ‌နော်တို့မြင်‌တွေ့‌နေရတာ ကျ‌နော်တို့ ‌ကျေးလက်‌နေ ကရင်လူငယ်‌တွေအတွက် ပညာ‌ရေးမြှင့်တင်ဖို့ အ‌ရေးတကြီး လိုအပ်‌နေတဲ့အချိန်ဖြစ်တယ်။ တစ်ချိန်ထဲမှာ ကျ‌နော်တို့ရဲ့ လက်‌တွေ့ကွင်းဆင်းလှုပ်ရှားမှု‌တွေ ဘယ်လိုလုပ်‌ဆောင်ရမလဲဆိုတာ ကို လက်‌တွေ့ကျကျ သိရှိနိုင်ဖို့အတွက် ဖြစ်တယ်။ ဒီအတွက် ‌ကောလိပ်‌ကျောင်းသား‌တွေနဲ့ ကျ‌နော်တို့ အဖွဲ့‌တွေပူး‌ပေါင်းပြီး သင် ပြ‌ပေးခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အတန်းမြင့် ပညာတတ်‌မြောက်ထားသည့် ‌ကောလိပ်‌ကျောင်းသားများမှ အတန်းငယ် ကရင်လူငယ်များကို ပညာ‌ရေး လက်ဆင့်ကမ်းသင်ကြားမျှ‌ဝေ‌ပေးနိုင်ရန်၊ ‌ကျေးလက်‌နေ ပြည်သူများနှင့် ဆက်ဆံ‌ရေးပိုမိုရှိလာရန်အပြင် လူငယ်များ ‌ခေါင်း ‌ဆောင်ဖြစ်လာလျှင် ‌ကျေးလက်‌ဒေသ၏ လိုအပ်ချက်များကို လက်‌တွေ့ကျစွာသိရှိနိုင်ရန်အတွက် သင်တန်းပြုလုပ်‌ပေးခြင်းဖြစ် သည်ဟုလည်း ‌စောလယ်နယ်က ဆက်‌ပြောသည်။

အဆိုပါသင်တန်း၌ အဂင်္လိပ်စာ၊ သချင်္ာ၊ သိပ္ပံဘာသာရပ်၊ အ‌ခြေခံကွန်ပျူတာ၊ ကရင့်သမိုင်း၊ အ‌ခြေခံနိုင်ငံ‌ရေးနှင့် အခြား အ‌ထွေ ‌ထွေ ဗဟုသုတ အသိပညာများကို ဧပြီလဆန်းပိုင်းမှ ‌မေလဆန်းအထိ တစ်လအကြာ သင်ကြား‌ပေး‌နေပြီး သင်တန်းသူ၊ သင် တန်းသား‌ပေါင်း ၃၀ဝနီးပါးတက်‌ရောက်သင်ယူ‌နေသည်ဟု သိရသည်။

‌တောင်ငူခရိုင်၊ ထိုလွီဝါးအထက်တန်း‌ကျောင်းမှ သင်တန်းတက်‌ရောက်‌နေသူ ‌နော်ဘလူး‌ဂေထူးက “ကျမတို့ ကွန်ပြူတာကို သင် ယူရတာ ကျမတို့အတွက် အရမ်းကို‌ကောင်းတယ်။ ဘာဖြစ်လဲဆို‌တော့ တကယ်လို့ ‌ရှေ့ဆက်ပြီး ‌ကောလိပ် ‌ကျောင်းကိုဆက် တက်ရင် ကျမတို့အတွက် အ‌ခြေခံအများကြီးရ‌စေတယ်။ ဒီလိုသင်တန်းမျိုးဆက်ရှိမယ်ဆိုရင် ကျမအ‌နေနဲ့ ဆက်ပြီးသင်ယူချင် တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ သင်တန်းမျိုး (Karen Youth rural reconstruction )ကို ယခင် ၁၉၆ဝခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကရင်‌ကျောင်း သားအဖွဲ့(Rangoon University Karen Student Association)မှ လုပ်‌ဆောင်‌ပေးမှုရှိခဲ့‌သော်လည်း ဦး‌နေဝင်း စစ်အာဏာသိမ်း ပြီး‌နောက် ၁၉၆၄ခုနှစ်မှစတင်ကာ ၎င်းလှုပ်ရှားမှုကို ရပ်တန့်လိုက်ရပြီး KYO မှ ယခုလို ပထမဦးဆုံးအကြိမ် ပြန်လည် စတင် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု KYO ဆိုသည်။

ကရင်ဗဟိုအဖွဲ့ချုပ် (KCO) ကို ဝန်းရံသွားရန် ရည်ရွယ်ကာ မန်းဘခိုင်၊ မန်းဝင်း‌မောင်၊ မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ကရင် လူငယ်အစည်းအရုံး (KYO)ကို ၁၉၄၆ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့‌သော် လူငယ်‌ခေါင်း‌ဆောင်များအကြား သ‌ဘောထား မတူညီဘဲ အကွဲအပြဲဖြစ်ပြီး‌နောက် KYO ၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားခဲ့သည်။

ထို့‌နောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို အ‌ထောက်အကူပြုရန်၊ ကရင်မျိုးဆက်သစ် လူငယ်‌ခေါင်း‌ဆောင်များကို ‌မွေးထုတ်ရန်၊ ကရင်လူငယ်များ ပညာသင်ကြား‌ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၈၉ခုနှစ်တွင် KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လော၌ KYO ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည်။