Home သတင်း ရန်ကုန်တိုင်းအတွင်း ကရင်စာ‌ပေသင်ကြား‌ရေး ခက်ခဲမှုများစွာ ကြုံ‌တွေ့‌နေ

ရန်ကုန်တိုင်းအတွင်း ကရင်စာ‌ပေသင်ကြား‌ရေး ခက်ခဲမှုများစွာ ကြုံ‌တွေ့‌နေ

2216

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်စာ‌ပေသင်ကြား‌ရေး အခက်အခဲများစွာ ကြုံ‌တွေ့‌နေရသည်ဟု ‌ဖေ‌ဖော်ဝါရီ ၂၃ရက်‌နေ့တွင်၊ အင်းစိန်မြိုနယ်၊ ဟိုက်ပတ်၊ သာယာ‌အေး(၂)လမ်းရှိ မရာနာသာခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ် ‌ကျေးမှု‌ကော်မတီ အစည်းအ‌ဝေးတွင် မြို့နယ်အသီးသီးမှ စာယဉ်တာဝန် ရှိသူများက ထုတ်‌ဖော်‌ပြောဆိုခဲ့ကြသည်။

လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး၊ မြို့နယ်စာယဉ်အချို့မှ ကရင်‌ကျောင်းသားအများစုရှိသည့် ‌ကျောင်းများ၌ ကရင် စာသင်ကြားနိုင် ‌ရေးအတွက် လုပ်‌ဆောင်‌သော်လည်း တရားဝင်ခွင့်ပြုချက် မရရှိခြင်း၊ တိုင်းစာယဉ်နှင့် မြို့နယ်စာယဉ်တို့ ချိတ်ဆက်မှုအားနည်း ခြင်း၊ ‌ကျောင်းချိန်ပြင်ပတွင် သင်ကြားရမည်ဆိုပါက ‌ကျောင်းသူ၊ ‌ကျောင်းသားများ စိတ်ဝင်စားမှုနည်းပါးခြင်း စသည့်အခက်အခဲ များ ကြုံ‌တွေ့‌နေရသည်ဟု မြို့နယ်စာယဉ်တာဝန်ရှိသူ များက ယခုလို ‌ပြောသည်။

“‌မှော်ဘီမြို့နယ်မှာ ကရင်‌ကျောင်း‌ပေါင်း ၂၉‌ကျောင်းရှိပါတယ်။ မြို့နယ်စာယဉ်က ဆိုင်ရာ‌ကျောင်း တာဝန်ရှိသူ‌တွေနဲ့ ‌တွေ့ပြီး ‌တော့ ကရင်‌ကျောင်းသားစာရင်းလုပ်တယ်။ ပြီး‌တော့ ကရင့်‌ရေးရာဝန်ကြီးကို ‌ပေးလိုက်ပါတယ်။ အ‌ခြေခံပညာ(၃)ကိုလည်း မိတ္တူ‌ပေးပါတယ်။ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၁၄ရက်‌နေ့မှာ ‌ပေးတာပါ။ ဒါ‌ပေမဲ့ မြို့နယ်ပညာ‌ရေးမှူးကို တခါ‌မေးလည်း မကျလာ ‌သေးဘူး။ ထပ်‌မေးလည်း မကျလာ‌သေးဘူး ‌ပြောတယ်။ အခုချိန်ထိကို မကျလာ‌သေးပါဘူး။ အဲ့‌တော့ ကျ‌နော်တို့ စိတ်ဓါတ်ကျ ပြီး‌တော့ ဘာမှဆက် မလုပ်‌တော့ဘူး”ဟု ‌မှော်ဘီမြို့နယ်၊ စာယဉ်အတွင်း‌ရေးမှူး ‌စော‌ဌေး‌ဌေးထွန်းက ‌ပြောသည်။

ထို ့အပြင် အမှတ(၃) အခြခံပညာဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပါက စတင်သင်ကြားနိုင်ရန် ဆရာဆရာမ ၈၂ဦးကို မွမ်းမံသင်တန်း ‌ပေးခြင်း၊ ကရင်ဖတ်စာအုပ်များကို မိတ္တူကူးထားခြင်းများ ပြုလုပ်ထားပြီးဖြစ်သလို အထက်လူကြီးများအား မ‌ပေးကမ်းခဲ့၍ ‌အောင်မြင်မှုမရှိခဲ့‌ကြောင်း၊ လူကြီးများအ‌နေဖြင့် ကရင်စာသင်ကြား‌ရေးကို အား‌ပေးလုပ်ကိုင်‌ပေး‌စေလိုသည်ဟု ‌စော‌ဌေး‌ဌေးထွန်း က ဆက်‌ပြောသည်။

အလားတူ ထန်းတပင်မြို့နယ်အတွင်း ကရင်စာသင်ကြား‌ရေးအတွက် နီးစပ်ရာမြို့နယ်များနှင့် ချိတ်ဆက်ပြီး ဆရာဆရာမများ မွမ်းမံသင်တန်း‌ပေးထားပြီးဖြစ်သလို ခွင့်ပြုချက်မရ‌သေးသည့် မသင်ကြားနိုင်‌သေးဘဲ သင်ခွင့်ရရန် ဝိုင်းဝန်းလုပ်‌ဆောင်‌ပေး‌စေ လိုသည်ဟု မြို့နယ်စာယဉ် ဥက္ကဌ ‌စော‌မောင်တူးက ‌ပြောသည်။

ထို့အပြင် လှည်းကူးမြို့နယ်စာယဉ်မှ ကရင်စာသင်ကြား‌ရေးအတွက် မြို့နယ်အတွင်း လိုက်လံလုပ်‌ဆောင် ‌နေ‌သော်လည်း တိုင်း စာယဉ်မှ မည်သည့်ညွန်ကြားချက်မျှ မ‌ပေးသည့်အတွက် လက်ရှိ လုပ်ငန်းရပ်ထားသည်ဟု စာယဉ်အတွင်း‌ရေးမှူး ‌စော‌ကော်ခူး ‌ဂေးက ဆိုသည်။

ယခုလို မြို့နယ်အသီးသီးမှ တင်ပြသည့် အ‌ခြေအ‌နေများကို တိုင်းစာယဉ်အ‌နေဖြင့် မှတ်တမ်းတင်ထားကာ လာမည့် မတ်လအ တွင်း ထပ်မံ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး စုစည်းညီညွတ်စွာ လုပ်ကိုင်သွားမည်ဖြစ်သည်ဟု တိုင်းစာယဉ်ဥက္ကဌ၊ ကရင့်‌ရေးရာဝန်ကြီး‌စော ထွန်း‌အောင်မြင့်က ‌ပြောသည်။

လက်ရှိ ကရင်စာကို သင်ကြားခွင့်‌ပေးသည်မှာ ‌ကျောင်းချိန်ပြင်ပဖြစ်၍ က‌လေးငယ်များ စိတ်ဝင်စားမှု မရှိခြင်း၊ မိဘလုပ်ငန်းများ ကို ကူညီ‌ပေးရခြင်းများ‌ကြောင့် ‌ပေးထား‌သော အခွင့်အ‌ရေးမှာ ထိ‌ရောက်မှုမရှိဘဲ ဖြစ်‌နေ‌ကြောင်း၊ ထို့အတွက် ‌ကျောင်းချိန်အ တွင်း သင်ကြားနိုင်‌ရေး ‌တောင်းဆိုသင့်‌ကြောင်းလည်း ကရင်စာယဉ် တာဝန်ခံများက ‌ပြောဆို‌နေကြသည်။

ယမန်‌နေ့က ‌နေ့ဝက်ကြာပြုလုပ်သည့် တိုင်းစာယဉ်အစည်းအ‌ဝေးသို့ စ‌ကောနှင့် ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် စာယဉ်ဌာန တာဝန်ခံဆရာ၊ ဆရာမများ၊ ‌ကော့မှူး၊ ကွန်းခြံကုန်း၊ တွံ့‌တေး၊ တိုက်ကြီး၊ ‌မှော်ဘီ၊ ထန်းတပင်၊ လှိုင်သာယာ၊ ‌ရွှေပြည်သာ၊ လှည်း ကူး စသည့်မြို့နယ်များမှ စာယဉ်တာဝန်ရှိသူများ တိုင်း‌ဒေသကြီးစာယဉ် ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း ‌အောင်မြင့်နှင့် ဗဟို‌ကော်မတီဝင်များ စုစု‌ပေါင်း ၂၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ၂၀၁၄ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ၎င်းတိုင်း ‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီးက တာဝန်ယူထားသလို ဒုဥက္ကဌအဖြစ် ‌စောလှထွန်းနှင့် အတွင်း‌ရေးမှူးအဖြစ် မန်းဖိုး‌စောတို့ဖြစ် ‌ကြောင်း သိရသည်။