Home ထိပ်တန်းသတင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသား ၅ဝဦး ထိုင်းတပ်ဖွဲ့အတွင်း ရက်တို‌လေ့လာမှုပြုခဲ့

‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းသူ‌ကျောင်းသား ၅ဝဦး ထိုင်းတပ်ဖွဲ့အတွင်း ရက်တို‌လေ့လာမှုပြုခဲ့

2103
စက်တင်ဘာလ ၂၆ရက်။ ‌နော်ခိုင် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်ရှိ CDC နှင့် ဆာသူး‌လေ မြန်မာ‌ရွှေ့‌ပြောင်းအထက်တန်း‌ကျောင်းများမှ အထက်တန်း‌ကျောင်း သူ‌ကျောင်းသား ၅ဝဦးမှာ ထိုင်းနယ်ခြား‌စောင့် ရဲတပ်ဖွဲ့(‌တော‌ချော‌ဒေါ-၃၆) တပ်ထဲတွင် စက်တင်ဘာ ၂၃ရက်မှ ၂၅ရက်‌နေ့အ ထိ သုံးရက်တာ စခန်းသွင်း ‌လေ့လာသင်ယူမှုများ ပြုလုပ်ခဲ့ကြသည်။

Photo-KIC (မဲ‌ဆောက်ရှိ ‌တော‌ချော‌ဒေါတပ်ဝင်း အဝင်ဝ)

၎င်းအစီအစဉ်ကို ထိုင်းစာကို သင်ကြား‌ပေးသည့် ဆရာ၊ ဆရာမများ၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု Children Development Center-CDC အထက်တန်း‌ကျောင်း၏ ဒု ‌ကျောင်းအုပ်ဆရာ ဦး‌နေမျိုး‌အေးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“က‌လေး‌တွေနဲ့ ထိုင်းစစ်သား‌တွေ ‌တွေ့ဆုံရုံသက်သက် မဟုတ်ပါဘူး။ ဒီပွဲကို စီစဉ်တဲ့ ဆရာ၊ဆရာမ‌တွေ ‌ပြောတာက‌တော့ က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေးအတွက် ‌လေ့ကျင့်ပညာ‌ပေးတာပါပဲ။ ထိုင်းစစ်သား‌တွေရဲ့ ဘဝကို‌လေ့လာပြီး အ‌ခြေခံစစ်ပညာ‌လောက်‌တော့ ‌လေ့ကျင့်ရတာ‌ပေါ့။”ဟု ဆရာ‌နေမျိုး‌အေးက ‌ပြောသည်။

ယင်းသို့ သွား‌ရောက်ရာတွင် ဆရာ၊ ဆရာမများက ၉တန်းနှင့် ၁ဝတန်း ‌ကျောင်းသူ‌ကျောင်းသားများထဲမှ ထိုင်းစကား‌ပြော တတ်သူ၊ ထိုင်းစာ‌ရေးတတ်သူများကို ဦးစား‌ပေး‌ရွေးချယ်ကာ စီဒီစီနှင့် ဆာသူး‌လေ‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသား ၂၅ ဦးစီကို ‌စေလွှတ်ခဲ့ခြင်းဖြစ်သည်။

CDC ‌ကျောင်းမှ ‌စော‌ကျော်အဲက သူ ‌တွေ့ကြုံလုပ်‌ဆောင်ခဲ့ရပုံများကို ယခုလို ‌ပြောပြသည်။

“ကျ‌နော်တို့‌တွေ တပ်ဝင်းထဲ ‌ရောက်တာနဲ့ ‌ဆေးလိပ်‌သောက်တတ်သူရှိမရှိ ‌မေးတယ်။ ‌နောက်ပြီး ကျ‌နော်တို့ကို အုပ်စု ၅စုခွဲ ‌ပေးတယ်။ အနီ၊ အစိမ်း၊ အပြာ၊ အဝါနဲ့ ခရမ်း‌ရောင် အုပ်စု‌တွေ‌ပေါ့။ ‌နောက် သူတို့ စစ်သား‌တွေ ‌နေထိုင်သလိုပဲ မနက်ဆို စစ် ‌ရေးပြဆင်းရတယ်။ သတ်မှတ်ထားသလို အချိန်နဲ့ အိပ်၊ ‌ရေချိုး၊ စား‌သောက်တာကအစ ဝီစီနဲ့မှုတ်ပြီး အမိန့်အတိုင်း လုပ်ရ တယ်။ ကျန်တဲ့အချိန်မှာ ကျ‌နော်တို့ကို ‌ဖော်‌ဖော်‌ရွေ‌ရွေ ဆက်ဆံ‌ပေမဲ့ တာဝန်ချိန်က‌တော့ ခပ်ပြင်းပြင်းပဲ။”ဟု ဆိုသည်။

၉တန်း‌ကျောင်းသူ မအိသူချိုက‌တော့ “သမီးတို့ကို က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေးအတွက် အုပ်စုခွဲပြီး ‌ဆွေး‌နွေး ခိုင်းပါတယ်။ ‌ဆွေး‌နွေးတာ မြန်မာလိုပဲ ‌ရေးရတာပါ။ စိတ်ဝင်စားစရာ‌ကောင်းပါတယ်။ စစ်‌ရေး‌လေ့ကျင့်တာက‌တော့ နည်းနည်း ပင်ပမ်းပါတယ်။ မနက် ၅နာရီ ထရတယ်။ ထမင်းစားခါနီးလည်း ချက်ချင်းမစားရဘူး။ စစ်ပုံစံနဲ့ပဲ စားရတယ်။ ထိုင်ရင်လည်း မတ်မတ်ထိုင်ရပါတယ်။ ပုံစံမကျရင် ထိုင်ထ အကြိမ် ၅ဝ ပြစ်ဒဏ်‌ပေးပါတယ်။”ဟု ‌ပြောသည်။

ထိုအစီအစဉ်အတွက် ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းများတွင် ပညာ‌ရေးကိစ္စများ ဆက်စပ်လုပ်‌ဆောင်‌နေသည့် Help without Frontier-HWF နှင့် Ministry of Education-MOE အဖွဲ့တို့မှ တာဝန်ယူ ‌ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

ဆရာဦး‌နေမျိုး‌အေးကလည်း “က‌လေး‌တွေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ်။ စစ်သား‌တွေရဲ့ဘဝကို ‌လေ့လာခွင့်ရတယ်ဆို ‌တော့ ‌ကောင်းပါတယ်။ ကျ‌နော်ဆို ဒီအစီအစဉ်ကို အစက အံ့‌တောင်အံ့ဩသွားတယ်။ သူတို့‌တွေဘက်က အဲလိုလက်ခံလုပ် ‌ပေးတာ‌လေ။ ကိုယ့်အ‌ခြေအ‌နေနဲ့ဆို ဆန္ဒရှိ‌တောင် ‌တောင်းဆိုရဲမှာ မဟုတ်ဘူး။”ဟု ‌ပြောသည်။

ထိုသို့ သွား‌ရောက်ခဲ့သည့် အထက်တန်း‌ကျောင်းသူ‌ကျောင်းသားများက မိမိတို့အတွက် ပထမဆုံး အ‌တွေ့အကြုံဖြစ်၍ အကျိုး ရှိသလို ၎င်းတို့အထဲမှ ၃ဝဦးကို ပြန်လည်‌ရွေးချယ်ကာ ယခုထက်ပို အဆင့်မြင့်သည့် သင်တန်းမျိုးလည်း ပြုလုပ်‌ပေးသွားမည် ဖြစ်‌ကြောင်း ပြန်လည်‌ရောက်ရှိလာသည့် ‌ကျောင်းသူ‌ကျောင်းသားများက ‌ပြောသည်။

‌တော‌ချော‌ဒေါတပ်သည် နယ်စပ်တစ်‌လျှောက် လုံခြုံ‌ရေးကို တာဝန်ယူရသည့် စစ်စိမ်း‌ရောင်ဝတ်စုံဝတ်တပ်ဖွဲ့ဖြစ်ပြီး မဲ‌ဆောက် ရှိ အမှတ်(၃၆)တပ်ခွဲမှာ ထိုင်းနိုင်ငံသား ‌ကျောင်းသားများကိုလည်း ယခုလိုပင် နှစ်စဉ် အလှည့်ကျ စခန်းသွင်း ‌လေ့ကျင့်မှုများ ပြုလုပ်‌ပေး‌လေ့ရှိသည်ဟု သိရသည်။