Home သတင်း ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ကိုဗစ်ဖြင့် ကွယ်လွန်

ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ကိုဗစ်ဖြင့် ကွယ်လွန်

1341
Photo: BGF

ဇူလိုင် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် နယ်ခြား‌စောင်တပ် (BGF) အမှတ် ၃ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ‌စော‌ကျော်မြင့်(ခ) ဗိုလ်ကတုံး(၆၂)နှစ်သည် ယ‌နေ့ နံနက်တွင် ကိုဗစ်‌ရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

‌စော‌ကျော်မြင့်(ခ)ဗိုလ်ကတုံးသည် ကိုဗစ်‌ရောဂါကူးစက်ခံရပြီး‌နောက် ၈ ရက်‌မြောက်‌နေ့ ဇူလိုင် ၂၉ ရက် ‌နေ့လည် ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် ကွယ် လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရစ်သည့် ရုပ်ကလာပ်ကိုမူ ‌ရွှေကုက္ကိုသုသာန်တွင် ယ‌နေ့ မွန်းလွှဲ ၁ နာရီက မီးသၤဂြိုဟ်ခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်၊ ‌နောင်ကိုင်းရွာ ဇာတိဖြစ်သူ နယ်ခြား‌စောင့်တပ် အမှတ် ၃ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ‌စော‌ကျော်မြင့်သည် ၁၉၉၄ ခုနှစ်၊ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) စတင်ဖွဲ့စည်းစဉ်ကပင် ၉၉၉ အထူးတပ်ရင်း၏ ဒုတိယတပ်ရင်းမှူးအဖြစ် ၂၀၁ဝ ခုနှစ်အထိ ‌ဆောင်ရွက်ခဲ့သည်။

၎င်း‌နောက် ၂၀၁ဝ ခုနှစ်တွင် DKBAမှ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF) အဖြစ် အသွင်‌ပြောင်းဖွဲ့စည်းရာတွင် အမှတ် ၃ တပ်နယ်မှူးအဖြစ် ၂၀၁ဝခုနှစ်၊ ဩဂုတ်လ ၁၈ရက်‌နေ့မှ ယခု ကွယ်လွန်ချိန်အထိ တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်သည်။

၎င်းကွယ်လွန်သွားပြီးဖြစ်၍ လစ်လပ်‌နေ‌သော တပ်နယ်မှူး ‌နေရာအား လတ်တ‌လောတွင် အစားထိုးခန့်အပ်ရန် မရှိ‌သေးဘဲ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူက ယာယီ ကိုင်တွယ်သွားမည်ဟု သိရသည်။

သူကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။