Home သတင်း KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူ ကွယ်လွန်

KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူ ကွယ်လွန်

1931

ဇွန်လ ၂ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၏ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူ သည် ဇွန်လ ၁၉ရက် ည ၁ဝး၅ဝနာရီအချိန်တွင် ကွယ်လွန်သွားပြီဖြစ်‌ကြောင်း တပ်မဟာအသိုင်းအဝိုင်းက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူသည် ကွယ်လွန်ချိန်တွင် အသက် ၇ဝရှိပြီဖြစ်ပြီး လက်ရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၏ညီဖြစ်သူလည်း ဖြစ်သည်။

ကွယ်လွန်သူ တပ်မဟာ(၇)မှူး၏ မိသားစုဝင်များမှာ ဩစ‌တြေးလျားနိုင်ငံသို့ ‌ရောက်ရှိ‌နေပြီး ၎င်း၏ဈာပနအခမ်း အနားကို ဇွန်လ ၂၁ရက်‌နေ့တွင် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း နီးစပ်သူများ၏‌ပြောဆိုချက်များအရ သိရသည်။