Home သတင်း ‌လေပြင်းတိုက်ခတ်မှု‌ကြောင့် မယ်လ ဒုက္ခသည်စခန်း၌ ‌နေအိမ်တစ်‌ထောင်‌ကျော် ပျက်စီးမှုဖြစ်

‌လေပြင်းတိုက်ခတ်မှု‌ကြောင့် မယ်လ ဒုက္ခသည်စခန်း၌ ‌နေအိမ်တစ်‌ထောင်‌ကျော် ပျက်စီးမှုဖြစ်

2674

ဧပြီလ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မယ်လ ကရင်ဒုက္ခသည်စခန်းတွင် ဧပြီလ ၃ ရက်‌နေ့က ဖြစ်‌ပေါ်ခဲ့သည့် မိုးသက်‌လေပြင်းကျ‌ရောက်မှု‌ကြောင့် လူ‌နေအိမ် တစ်‌ထောင်‌ကျော် ပျက်စီးမှု ဖြစ်‌ပေါ်ခဲ့‌ကြောင်း စခန်း တာဝန်ရှိသူများ ‌ပြောပြသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်‌နေ့ မွန်းလွဲ ၃နာရီ ‌ကျော်တွင် ကျ‌ရောက်ဖြစ်‌ပေါ်ခဲ့သည့် မိုးသက်‌လေပြင်း တိုက်ခတ် မှု‌ကြောင့် မယ်လ ဒုက္ခသည်စခန်း၏ ရပ်ကွက်တချို့၌ လူ‌နေအိမ်အပါအဝင် အ‌ဆောက်အဦး ‌ပေါင်း ၁,၃၃၂ လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်‌ပေါ်ခဲ့‌ကြောင်း စခန်းဥက္ကဋ္ဌ ‌စော‌အောနက်က ယခုလို‌ပြောသည်။

“ရပ်ကွက် (A)က ၁၇ လုံး၊ ရပ်ကွက် (B) က ၇၁၂ လုံး ရပ်ကွက် (C) က (၅၆၅) လုံး‌လောက်ရှိတယ်။ ‌ပြောရမယ်ဆိုရင် ဒါက အားလုံး‌ပေါင်းထားတာ။ ဒါ‌ပေမဲ့ အဲ့ထဲမှာ အမိုးပျက်စီးတာ တစ်ဝက်တစ်ပျက် ပျက်စီးမှု ဖြစ်တာ တစ်ခုလုံး ပျက်စီးတာ‌တွေ ပါတယ်။ စုစု‌ပေါင်းလိုက်ရင် ၁,၃၃၂ လုံးရှိတာ‌ပေါ့”ဟု ၎င်းက ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ ပျက်စီးဆုံးရှုံးသွားသည့် လူ‌နေအိမ်များအတွက် လတ်တ‌လောတွင် အစားထိုးကူညီ‌ပေးနိုင်ရန် စခန်းတွင်း တာဝန်ရှိသူများနှင့် ကူညီ‌ထောက်ပံ့သူများက ‌ဆွေး‌နွေးထားကြပြီး လာမည့် ဧပြီလ ၆ ရက် (နံနက်ဖြန်)မှစ၍ အစားထိုး ကူညီ‌ထောက်ပံ့မှုများ စတင်လုပ်‌ဆောင်သွားမည်ဟု ‌စော‌အောနက်က ဆက်‌ပြောသည်။

၎င်း‌လေပြင်းတိုက်ခိုက်မှု‌ကြောင့် ရပ်ကွက်‌နေ ပြည်သူအနည်းငယ် ထိခိုက်မှုရှိ‌သော်လည်း စိုးရိမ်ရသည့် အ‌နေအထားတွင် မရှိ‌ကြောင်းနှင့် အလားတူပျက်စီးဆုံးရှုံးသွားသည့် ဘုရား‌ကျောင်း၊ စာသင်‌ကျောင်း အ‌ဆောက်အဦးအမိုးအကာများအတွက်လည်း ရပ်ကွက်‌နေ လူထုများမှ ပြန်လည်ဝိုင်းဝန်း ပြုပြင်သွားမည်ဟု စခန်းတွင်း‌နေထိုင်သူများက ဆိုသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာအ‌ဝေးတွင်ရှိ မယ်ဒုက္ခသည်စခန်းတွင် လူဦး‌ရေ ၄ ခန့် ‌နေထိုင်ကြသည်။

ယခုရက်သတ္တပတ်အတွင်း ကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းတွက် ဖြစ်‌ပေါ်‌နေသည့် ‌လေဖိအားနည်း ရပ်ဝန်း ‌ကြောင့် မြန်မာနိုင်ငံ ‌တောင်ပိုင်း‌ဒေသများနှင့် ထိစပ်‌ဒေသများတွင် မိုးသက်‌လေပြင်းတိုက်ခိုက် မှုများ၊ မိုးအပြင်းအထန်ရွာသွန်းမှုများဖြစ်‌ပေါ်ခဲ့ပြီး ယ‌နေ့တိုင်းထွာမှုအရ ၎င်း‌လေဖိအားနည်း ရပ်ဝန်းမှ အား‌လျော့ သွားပြီး ဖြစ်သည်ဟု မိုး‌လေဝသသတင်း‌ဖော်ပြချက်များအရ သိရသည်။