Home သတင်း ‌ကောင်စီနှင့် ၂ဝဝ၈ ‌ခြေဥ အုပ်ချုပ်မှုယန္တရားများ လက်ခံမည်မဟုတ်ဟု KNU ဒူးပလာယာ ခရိုင် ထုတ်ပြန်

‌ကောင်စီနှင့် ၂ဝဝ၈ ‌ခြေဥ အုပ်ချုပ်မှုယန္တရားများ လက်ခံမည်မဟုတ်ဟု KNU ဒူးပလာယာ ခရိုင် ထုတ်ပြန်

3739

‌ဖေ‌ဖေါ်ဝါရီ ၂၅ရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး‌ကောင်စီမှ နယ်‌မြေအတွင်း ချမှတ်လာမည့် အုပ်ချုပ်မှုယန္တရားများနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အသက်သွင်းရန် အ‌ကောင်အထည်‌ဖော်‌နေသည့် ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ(CRPH)၏ ‌နောက် ဆက်တွဲ အုပ်ချုပ်‌ရေးယန္တရားများကိုလည်း လက်မခံမည်မဟုတ်‌ကြောင်း KNU ဒူးပလာယာခရိုင်က ‌ဖေ‌ဖော်ဝါရီ ၂၅ ရက်‌နေ့တွင် သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

တပ်မ‌တော်၏ အာဏာသိမ်းမှုအ‌ပေါ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်သည့် လူထုလှုပ်ရှားမှုမှန်သမျှကို ဝန်းရံပံ့ပိုးသွားမည် ဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ဖမ်းဆီတရားစွဲဆိုခြင်းများအား မပြုလုပ်ရန်နှင့် ဖယ်ဒရယ်ပြည်‌ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအသစ်တစ်ရပ် ‌ပေါ်‌ပေါက်လာနိုင်ရန်လည်း မိမိတို့အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု အဆိုပါထုတ် ပြန်ချက်တွင် ‌ဖော်ပြထားသည်။

“ကျ‌နော်တို့က ကိုယ်ပိုင်ပြန်ဌာန်းခွင့်နဲ့ လိုချင်တာ‌လေ။ ဖယ်ဒရယ်စနစ်ကို ချီတက်မယ်။ အာဏာရှင်စနစ်ဆိုရင် လုံးဝ ဆန့်ကျင်တယ်။ ကျ‌နော်တို့အုပ်ချုပ်မှုယန္တရားလည်း ရိုက်ချိုးခြင်းခံခဲ့ရတယ်။ နယ်‌မြေမှာ နှစ်ဖက်စလုံးရဲ့ ဝင်‌ရောက် လာမယ့် အုပ်ချုပ်မှုယန္တရားကိစ္စကို‌တော့ မူအတိုင်းပဲ ရပ်တည်သွားမယ်။ ဘဝတူတိုင်းရင်းသားအားလုံး တန်းတူညီတူ ရပြီး‌တော့ အားလုံးလက်ခံတဲ့ စနစ်တစ်ခုကို သွားမယ်။”ဟု KNU ဒူးပလာယာခရိုင်၊ အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ထို့အပြင် မြို့နယ်၊ ‌ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများအ‌နေဖြင့် စစ်အာဏာသိမ်းမှုအ‌ပေါ် ၎င်းတို့ယန္တရားလုပ်ငန်း များ၌ ပါဝင်ပတ်သက်မှု မပြု‌တော့ရန်နှင့် ၂ဝဝ၈ ‌ခြေဥအား ပြန်လည်အသက်သွင်းရန် အ‌ကောင်အထည်‌ဖော်‌နေသည့် CRPH ‌ကော်မတီ၏ ‌နောက်ဆက်တွဲ အုပ်ချုပ်‌ရေးဆိုင်ရာ ယန္တရားများကိုလည်း ကန့်ကွက်သွားမည်ဟု KNU ၏ ထုတ် ပြန်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

CRPH ‌ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ကရင်ပြည်နယ်၏ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောရှား‌ဖောင်အွာက “KNU ရဲ့ ထုတ်ပြန်ချက်အ‌ပေါ်မှာ ကျ‌နော်တို့သ‌ဘောထားနဲ့ တစ်ထပ်တည်းဖြစ်ပါတယ်။ သ‌ဘောထားကွဲလွဲစရာ မရှိပါ ဘူး။ CRPH ရဲ့ ထုတ်ပြန်တဲ့ဟာက လက်စွဲတစ်ခုပါ။ တိုင်းရင်းသားထိန်းချုပ်နယ်‌မြေများအတွက် ရည်ရွယ်ထုတ်တာ မဟုတ်ဘူး‌ပေါ့‌နော်။ စစ်‌ကောင်စီ အုပ်ချုပ်မှုသက်‌ရောက်တဲ့ ‌ဒေသ‌တွေကိုသာ ဆိုလိုတာပါ။ မူအားဖြင့် ဖယ်ဒရယ်ပြည် ‌ထောင်စုကို သွားလိုတာဖြစ်တဲ့အတွက် တရားမဝင်တဲ့ စစ်‌ကောင်စီရဲ့ယန္တရားကို ပူး‌ပေါင်း‌ဆောင်ရွက်မှုမပြုဖို့ရာ အ‌ရေး ကြီးပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂ဝခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့တွင် တပ်မ ‌တော်က နိုင်ငံ‌တော်၏ အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေး အာဏာများအား သိမ်းယူပြီး‌နောက် နိုင်ငံ‌တော် စီမံအုပ်ချုပ်‌ရေး‌ကောင်စီအဖြစ် ပြဌာန်းလိုက်ပြီး‌နောက်တွင် ‌ရွေး‌ကောက်ပွဲအနိုင်ရထားသည့် ပြည်‌ထောင်စုလွှတ်‌တော် ကိုယ်စားလှယ်များကလည်း ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ(CRPH)ကို ဖွဲ့စည်းကာ နိုင်ငံ့အ‌ရေးအရာ ကိစ္စရပ်များကို ဦး‌ဆောင်ဆုံးဖြတ် ‌ဆောင်ရွက်လျှက်ရှိသည်။

ထို‌နေ့တစ်ရက်တည်းတွင် KNU ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)ဘက်ကလည်း အလားတူ ၎င်းတို့၏ သ‌ဘောထား‌ကြေ ညာချက်ကို ထုတ်ပြန်ခဲ့‌သေးသည်။ KNU ၏ ဖွဲ့စည်းပုံအရ အုပ်ချုပ်‌ရေးပိုင်း၏ နိုင်ငံ‌ရေးဦး‌ဆောင်မှု‌အောက်တွင် တပ် ပိုင်းဆိုင်ရာပါရှိပြီး ဒူးပလာယာခရိုင် လက်‌အောက်တွင် တပ်မဟာ(၆)ကို နယ်‌မြေတူ ပူးတွဲဖွဲ့စည်းထားသည်။