Home သတင်း ‌ရွေး‌ကောက်ပွဲဆိုင်ရာမဲလက်မှတ်များနှင့် စာရွက်စာတမ်းများကို မြဝတီ‌ရွေး/‌ကော် မီးရှို့ဖျက်ဆီး

‌ရွေး‌ကောက်ပွဲဆိုင်ရာမဲလက်မှတ်များနှင့် စာရွက်စာတမ်းများကို မြဝတီ‌ရွေး/‌ကော် မီးရှို့ဖျက်ဆီး

2435

ဇန်နဝါရီလ ၈ ရက်၊၂၀၂၁ ခုနှစ်။ ‌နေ‌နော်

၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကာလအတွင်း အသုံးပြုခဲ့သည့် မဲဆန္ဒရှင်များ၏ မဲလက် မှတ်များနှင့် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ မဲလက်မှတ်များနှင့် စာရွက်စာတမ်းများကို နည်းဥပ‌ဒေ ပုဒ်မ၊ ၈၆ (ခ) အရ ကာလစည်းကမ်းသတ်မှတ်ချက် ‌ကျော်လွန်သွားခြင်း‌ကြောင့် ဖျက်ဆီးမှုပြုလုပ်ရခြင်းဖြစ်သည်ဟု မြဝတီမြို့နယ်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်‌မောင်‌ကျော်က ယခုလို‌ပြောသည်။

“‌ရွေး‌ကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ နည်းဥအ‌ဒေ ပုဒ်မ၊ ၈၆ (ခ) အရ ကာလစည်းကမ်းသတ်မှတ်ချက် ‌ကျော်လွန်သွားတဲ့အတွက် မဲလက်မှတ်များနှင့် စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးရတာပါ။ အခုလို မီးရှို့ဖျက်ဆီးတာက အထက်က တာဝန်‌ပေးချက်အရ ‌ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးမြင့်‌မောင်‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့တွင် ပြုလုပ်သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲ မဲလက်မှတ်နှင့် စာရွက်၊ စာတမ်းများ မီးရှို့ဖျက်ဆီးရာ‌နေရာသို့ မြို့နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်‌အောင်‌ကျော်နှင့် အဖွဲ့ဝင်များ၊ သတင်းမီဒီယာများ၊ မြဝတီခရိုင် ပြန်/ဆက်ရုံးမှ တာဝန်ရှိသူများ၊ နယ်‌မြေ စစ်ဘက်‌ရေးရာလုံခြုံ‌ရေး အဖွဲ့ဝင်များနှင့် ရဲအထူးသတင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ လာ‌ရောက်ကြည့်ရှု ‌လေ့လာခဲ့ကြ‌ကြောင်း သိရသည်။

အမျိုးသားလွှတ်‌တော် ‌ရွေး‌ကောက်ပွဲ နည်းဥပ‌ဒေ- ပုဒ်မ ၈၆ (ခ) တွင် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ‌ကော်မရှင်အဖွဲ့ခွဲ၊ သို့မဟုတ် ခရိုင်‌ကော်မရှင်အဖွဲ့ခွဲသည် မိမိတို့လက်ခံရရှိ‌သော မဲစာရင်းများအပါအဝင် ‌ရွေး‌ကောက်ပွဲမှတ်တမ်းများနှင့် လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ကုန်ကျစရိတ်များ၊ အခြားစာရွက် စာတမ်းများကို ‌ရွေး‌ကောက်ပွဲ ပြီးသည့်‌နေ့မှ စ၍ ‌နောက်တစ်ကြိမ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ပြုလုပ်ပြီးစီးသည်အထိ မ‌ပျောက်မပျက်‌စေရန် ‌ကောင်းမွန်စွာ ထိန်းသိမ်း‌စောင့်‌ရှောက်ထားရမည်”ဟု ‌ဖော်ပြထားသည်။

၂၀၁၅ ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် မြဝတီမြို့နယ်တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက လက်ရှိ အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းအပါအဝင် ‌နေရာအားလုံး အနိုင်ရရှိခဲ့ပြီး အလားတူ ၂၀၂ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲတွင်လည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ‌နေရာအားလုံးကို ထပ်မံအနိုင်ရရှိခဲ့သည်။