Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲရက်အနည်းငယ်အလို ဗုံး‌ပေါက်ကွဲမှု ပဲခူးမြို့ခံများစိုးရိမ်

‌ရွေး‌ကောက်ပွဲရက်အနည်းငယ်အလို ဗုံး‌ပေါက်ကွဲမှု ပဲခူးမြို့ခံများစိုးရိမ်

1859
Photo: Bago Weekly Journal Online Page

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

‌ရွေး‌ကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို ပဲခူးတိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရုံးဝင်းအတွင်း ယ‌နေ့ နိုဝင်ဘာလ ၆ ရက်‌နေ့ ‌နေ့လည် အချိန်ခန့်တွင် ဗုံးတစ်လုံး‌ပေါက်ကွဲမှုဖြစ်ပွားမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ခံများစိုးရိမ်မှုဖြစ် ‌ပေါ်‌နေ‌ကြောင်း သိရသည်။

အဆိုပါဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်မှာ ပဲခူးမြို့ ဥက္ကသာမြို့သစ်၊ ၇/ ၃ ရပ်ကွက်၊ အုန်း‌တောလမ်းရှိ ပဲခူးတိုင်း ‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်းရုံးဝန်းအတွင်း ‌နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ‌ပေါက်ကွဲမှုဖြစ် ‌ပေါ်ခဲ့ခြင်း လည်းဖြစ်သည်။
ပဲခူးမြို့ခံတစ်ဦးက “အသံက‌တော့ ‌တော်‌တော်ကျယ်တယ်။ ‌တော်‌တော်‌ဝေး‌ဝေးကလူ‌တွေ‌တောင်ကြားရတယ်။ ‌ဘေးပြတင်း‌ပေါက်မှန်ကွဲပြီး အထဲကစာရွက်စာတမ်း‌တွေ မီး‌လောင်ပြီးလွှင့်တယ်။ ကျ‌နော်တို့ပဲ ဝိုင်းပြီးမီးငြိမ်းသတ်‌ပေးရတာ။ အသက် ၅ဝ ‌လောက်ရှိပြီ။ မြို့ထဲမှာ ဒီလိုဖြစ်တာ အခုမှကြုံဖူး‌တော့ မဲ‌ပေးတဲ့‌နေ့ကျ‌တော့ နည်းနည်းစိုးရိမ်တာ‌ပေါ့ဗျာ” ဟု‌ကေအိုင်စီသို့‌ပြောသည်။

လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ရုံးမှန်အချို့သာပျက်စီးမှုများဖြစ်‌ပေါ်ခဲ့သည့် ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဗုံး‌ပေါက်ကွဲမှုအနီးဝန်းကျင် အနီးတဝိုက်လက်ရှိ ဗုံးရှင်းလင်း‌ရေး လုပ်ငန်းများ လုပ်‌ဆောင် ‌နေ‌ကြောင်းလည်း သိရသည်။

အဆိုပါ ဗုံး‌ပေါက်ကွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး “ ဗုံး‌ပေါက်တာ‌တော့ဟုတ်ပါတယ်။ ၂ နာရီ ၅၅ ‌လောက်မှာပါ။ ရုံးရဲ့တံစက်မြိတ်‌အောက်မှာတင်သွားတာ။ အသံမိုင်းသ‌ဘောမျိုးခွဲသွားတာ။ ဖုန်းကဒ်‌တော့ပါ တယ်ဗျ။ အထိအခိုက်‌တော့မရှိပါဘူး။ဘာမှ‌တော့‌ပြောလို့မရ‌သေးပါဘူး” ဟု တိုင်း‌ဒေသကြီး‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ အတွင်း‌ရေးမှူး ဦး‌အောင်‌ကျော်မိုးက‌ပြောသည်။