Home ရွေးကောက်ပွဲသတင်း လာမည့်အစိုးရသက်တမ်းတွင် ကရင်လူထုဖွံ့ြှဖိုး‌ရေးပညာ‌ပေးလုပ်ငန်းများဦးစား‌ပေး လုပ်‌ဆောင်မည်ဟု ဂါ့မိုး မြတ်မြတ်သူ‌ပြော

လာမည့်အစိုးရသက်တမ်းတွင် ကရင်လူထုဖွံ့ြှဖိုး‌ရေးပညာ‌ပေးလုပ်ငန်းများဦးစား‌ပေး လုပ်‌ဆောင်မည်ဟု ဂါ့မိုး မြတ်မြတ်သူ‌ပြော

2450

နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂ဝ ခုနှစ်။ စဖန်း‌ရှောင်း

လာမည့်အစိုးရသက်တမ်းကာလအတွင်း ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မိမိတို့ကရင်တိုင်းရင်းသားများ၏ အသိပညာပိုင်းဆိုင်ရာ ပိုမိုဖွံ့ဖြိုးလာ‌စေ‌ရေးအတွက် ပညာ‌ပေး‌ရေးလုပ်ငန်းများကို အဓိကဦးစား‌ပေးလုပ်‌ဆောင် ‌ပေးသွားမည်ဖြစ်‌ကြောင်း ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီးဂါ့မိုးမြတ်မြတ်သူက ‌ပြောသည်။

ဂါ့မိုးမြတ်မြတ်သူမှာ နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီတိုင်း ‌ဒေသကြီးလွှတ်‌တော် ကရင်‌ရေးရာအတွက် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် -NLD ကိုယ်စားပြုပြီး ဒုတိယ အကြိမ် ‌မြောက် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ အများဆုံးဖြစ်သည့် မဲရလဒ်‌ပေါင်း ၄ သိန်း ၆ ‌သောင်း‌ကျော်ဖြင့် ပြိုင် ဘက်ပါတီများအား အနိုင်ရခဲ့သူလည်းဖြစ်သည်။

၎င်းက “ ကျမအ‌နေနဲ့အခုလာမယ့်ကာလ‌တွေမှာ ဖွံ့ဖြိုး‌ရေးက နံပါတ်တစ်‌ပေါ့။ အဓိကဦးစား‌ပေးလုပ်သွားမယ့် အလုပ်လည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့ ကရင်လူမျိုး‌တွေက မျက်စိပိတ်နားပိတ်ခံလာ ခဲ့ရတာ ကြာလှပြီ။ အသိပညာဗဟုသုတ‌တွေ အားနည်းခဲ့‌တော့ ကိုယ့်အခွင့်အ‌ရေး‌တွေ လက်လွတ်ဆုံး ရှုံးခဲ့ရတာ ‌တွေက အများကြီးရှိခဲ့တယ်။ အဲဒီအတွက် ကိုယ့်ကရင်လူမျိုး‌တွေရဲ့အခွင့်အ‌ရေး‌တွေ ပိုပြီးသိလာ ‌အောင်အပြင်ကို နိုင်ငံတကာနဲ့ယှဉ်ပြီး အသိပညာဗဟုသုတ‌တွေ ပိုပြီးဖွံ့ဖြိုးလာဖို့ ပညာ‌ပေးမှုလုပ်ငန်း‌လေး ‌တွေလုပ်‌ပေးသွားမယ်” ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခြား‌သောဖွံ့ဖြိုး‌ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ ဖွံ့ဖြိုး‌ရေး လုပ်ငန်း များကိုလည်း ဦးစား‌ပေး လုပ်‌ဆောင်သွားမည်ဖြစ်ပြီး အရှိန်ရ‌နေသည့် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာ ဖွံ့ဖြိုး‌ရေးကို ဒုတိယဦးစား‌ပေးအ‌နေဖြင့်ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ဂါ့မိုးမြတ်မြတ်သူက ဆက်‌ပြော သည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း လူမှုဖွံ့ဖြိုး‌ရေး အကျိုးပြုလုပ်ငန်းများကို အများဆုံးကူညီလုပ်‌ဆောင်‌ပေး ‌နေ သည့် လူမှုအဖွဲ့အစည်း‌ပေါင်း ၆ဝ ထက်မနည်းရှိ‌နေ‌ကြောင်းသိရပြီး အစိုးရအ‌နေဖြင့် အဆိုပါလူမှုအဖွဲ့ အစည်း များနှင့် ချိတ်ဆက်လုပ်‌ဆောင်မှုများ အားနည်း‌နေ‌သေးသည်ဟုလည်း ‌ဒေသတွင်းလူမှုအဖွဲ့အစည်းများဘက်က ‌ပြောဆိုမှုများရှိ‌နေသည်။

ပန်းတ‌နော်အ‌ခြေစိုက် အဖြူ‌ရောင်လူမှုဖွံ့ဖြိုး‌ရေးအဖွဲ့ဒါရိုက်တာ မန်းဂီးဒယန်က “ ဝန်ကြီး‌ပြောတာကို ကျ‌နော် တို့ အ‌နေနဲ့လက်ခံကြိုဆိုတယ်။ ဒါ‌ပေမယ့် သူတို့ချည်းပဲလုပ်ရင်‌တော့ သိပ်ထိ‌ရောက်မှုမရှိဘူး‌ပေါ့။ ဘာဖြစ်လို့လဲ ဆို ‌တော့ ပြီးခဲ့တဲ့သက်တမ်းကာလအတွင်းမှာ သူတို့ဖာသာပဲသူတို့လုပ်တယ်။ လူထုကဘာမှမသိရဘူး။ ‌ပြောချင် တာက ပါတီဆိုဒ်က‌နေမသွားဘဲနဲ့ အဓိက‌ကျေးရွာ‌တွေမှာရှိတဲ့ ‌ဒေသခံ‌တွေ CSO အဖွဲ့‌တွေနဲ့ အတူ တူလက်တွဲ လုပ်မယ်ဆို ပိုပြီးထိ‌ရောက်နိုင်တာ‌ပေါ့။ ‌နောက်ပြီးလူထုအသံကိုနား‌ထောင်ပြီး CSO ‌တွေရဲ့ အခန်း ကဏ္ဍကိုမြှင့် တင်‌ပေးဖို့လည်းလိုအပ်တယ်” ဟု ‌ပြောသည်။

ထို့အတူ လာမည့်အစိုးရသက်တမ်းကာလအတွင်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းများဦးစား‌ပေးလုပ်‌ဆောင်သွားမည်ဆိုသည့် ဂါ့မိုးမြတ်မြတ်သူ၏ ‌ပြောကြားချက်အ‌ပေါ် ကြိုဆို‌ထောက်ခံမှုများရှိ‌သော်လည်း အဆိုပါ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများမှာ မိမိတို့ကရင်လူထုအ‌ပေါ်ထိခိုက်လာ‌စေသည့် ဖွံ့ဖြိုး‌ရေး‌ဆောင်ရွက်ချက်များမဖြစ်ရန် ‌မျှော်လင့်‌ကြောင်းလည်း မန်းဂီးဒယန်က‌ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ဧရာဝတီတိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး တာဝန် ထမ်း‌ဆောင်ခဲ့သည့် ဂါ့မိုးမြတ်မြတ်သူအ‌နေဖြင့် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုဆိုင်ရာများတွင် အစွမ်းကုန်ကူညီ ‌ဆောင်ရွက်မှုများရှိခဲ့‌သော်လည်း ကရင်အမျိုးသား‌ရေးဆိုင်ရာကိစ္စများလုပ်‌ဆောင်ရာတွင် ကန့်ကွက်မှုများရှိခဲ့ သည့်အတွက် ကရင်ပြည်သူလူထု၏ ‌ေ‌ဝေဖန်မှုကိုလည်း ခံခဲ့ရသည်။