Home သတင်း ကရင်ရိုးရာဝတ်စုံဖြင့် အလှဓာတ်ပုံအွန်လိုင်းပြိုင်ပွဲ Season-1 ဆု‌ရွေးချယ်မှု ‌ရေပန်းစား‌နေ

ကရင်ရိုးရာဝတ်စုံဖြင့် အလှဓာတ်ပုံအွန်လိုင်းပြိုင်ပွဲ Season-1 ဆု‌ရွေးချယ်မှု ‌ရေပန်းစား‌နေ

7012

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

Covid ကာလ ကရင်လူငယ်များ စိတ်‌ပျော်ရွှင်ရန်နှင့် ကရင်ရိုးရာဝတ်စုံများကို ‌ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက် ဖြင့် လတ်တ‌လောတွင် လူမှုကွန်ယက်စာမျက်နှာ‌ပေါ်၌ ‌ရေပန်းစားလျှက်ရှိသည့် ကရင်လူငယ်များစုစည်းရာ(KYC)၏ အွန်လိုင်း အလှဓာတ်ပုံပြိုင်ပွဲ Season-1 ကို ‌အောက်တိုဘာလ ၂၈ရက်‌နေ့က ဆု‌ရွေးချယ်ခဲ့ပြီးဖြစ်သည်။

၎င်းပြိုင်ပွဲတွင် ကရင်ရိုးရာသင်တိုင်းများ ဝတ်ဆင်ကာ ဟန်ပန်ကျကျ ရိုက်ယူထားကြသည့် အလှဓာတ်ပုံနှစ်ပုံစီဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်‌နေကြခြင်းဖြစ်ပြီး ယှဉ်ပြိုင်သူ ကရင်လူငယ်များအတွက် Karen Youth Winner, Karen Youth Queen, Karen Youth Popular, Karen Youth Attractive, Karen Youth Best Style, Karen Youth Best Smile, Karen Youth Best Dress, Karen Youth Natural Karen, Youth Best Photo ဆုအမျိုးအစား ၁ဝဆုကို KYC – ကရင် လူငယ်များစုစည်းရာ လူမှုကွန်ယက်စာမျက်နှာက ‌ရွေးချယ်ချီးမြှင့်‌ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကျယ်ပြန့်လာသည့် အွန်လိုင်းမီဒီယာကို အသုံးချပြီး ဓာတ်ပုံပြိုင်ပွဲများစွာ ဖန်တီး‌နေကြချိန်တွင် ကရင်လူငယ်‌မောင်မယ်များအတွက် အကျိုးရှိသည့် ပြိုင်ပွဲတစ်ခုကို ဖန်တီး‌ပေးရန် ရည်ရွယ်ချက်နှင့် ကရင်ရိုးရာဝတ်စုံ ဖြင့် ဝင်ပြိုင်ရသည့် ပြိုင်ပွဲကို ယခုလို ဖန်တီး‌ပေးထားခြင်းဖြစ်‌ကြောင်း KYC – ကရင်လူငယ်များစုစည်းရာစာမျက်နှာ တည်‌ထောင်သူ ‌စောအယ်က‌ပေါ်စိုးက ‌ပြောသည်။

၎င်းက “အခုလို လုပ်လိုက်ခြင်းအားဖြင့် သူတို့‌တွေမှာ လူမျိုး‌ရေးနဲ့ပတ်သက်တဲ့ စိတ်ဓာတ်‌လေး‌တွေ နိုးကြားလာတာ ‌တွေ့ရတယ်။ ပြီး‌တော့ ကရင်ရိုးရာယဉ်‌ကျေးမှုကိုလည်း ပိုပြီး‌တော့ ချစ်မြတ်နိုးလာမယ်။ အခုဆိုရင် ပြိုင်ပွဲဝင်တဲ့လူ ‌တော်‌တော်များများက သူတို့ FB page မှာ ကရင်ဝတ်စုံ‌တွေနဲ့ ဓာတ်ပုံ‌တွေ ပြန်တင်တာ‌တွေ့ရတယ်။ အဓိက‌တော့ ကရင်ရိုးရာဝတ်စုံ‌တွေကို ကမာ္ဘက သတိထားမိဖို့ပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြိုင်ပွဲ၌ ကရင်ရိုးရာ ဝတ်စုံဝတ်ထားသည့် မည်သူ့ကိုမဆို ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်‌ပေးထားပြီး ယခုအချိန်တွင် ပြည်တွင်း ၌သာမက ပြည်ပရှိ ကရင်လူငယ်များကလည်း စိတ်ဝင်စားဖွယ် အလှဓာတ်ပုံများဖြင့် ယှဉ်ပြိုင်ကြသလို ပြည်တွင်းရှိ ကရင်ရိုးရာဝတ်စုံကို ကြိုက်နှစ်သက်‌သော အခြားတိုင်းရင်းသားများလည်း ဝင်‌ရောက်ယှဉ်ပြိုင်ကြသည်ဟုလည်း ‌စောအယ်က‌ပေါ်စိုးက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါပြိုင်ပွဲ၌ Karen Youth Winner ဆုကို ရရှိသွားသည့် ကရင်ပြည်နယ်၊ ဖားအံမြို့မှ နန်းနန္ဒာဝင်းက “အဓိကဝင် ပြိုင်တာက အ‌ပျော်သ‌ဘောပါပဲ။ ဒါ‌ပေမယ့် ညီမကိုယ်တိုင်ကလည်း အနုပညာ နည်းနည်းဝါသနာပါတယ်။ ပြီး‌တော့ ဝင်‌ကြေး နှစ်‌ထောင်(၂၀၀၀)ပဲဆို‌တော့ ‌ပေးနိုင်တယ်‌လေ။ အဲဒီဝင်‌ကြေး‌တွေကိုလည်း သူတို့ ပြန်လှူမယ်လို့ ‌ပြောထား တာပါတယ်ဆို‌တော့ ဝင်ပြိုင်ဖြစ်တာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူဦး‌ရေ ၁၅ဝဦးအထိသာ ကန့်သတ်ထားသည့် ၎င်းပြိုင်ပွဲကို အသက် ၁၃နှစ်နှင့်အထက် မည်သူမဆို ဝင်ပြိုင်နိုင်သလို ယှဉ်ပြိုင်သူများအ‌နေဖြင့် ဝင်‌ကြေး နှစ်‌ထောင်ကျပ်‌ပေးသွင်းရမည်ဖြစ်ပြီး ဝင်‌ကြေးမှ ရရှိသည့်‌ငွေများကို လက်ရှိ ‌ဆေးရုံ တက်‌ရောက်ကုသ‌နေသူများထဲက ‌ဆေးကုသမှုစရိတ် လိုအပ်သူများကို ပြန်လည်လှူဒါန်းသွားမည်ဖြစ်‌ကြောင်းလည်း KYC ၏ လူမှုကွန်ယက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ယင်းလူမှုကွန်ယက်စာမျက်နှာအ‌နေဖြင့် ကရင်လူငယ်ဓာတ်ပုံပြိုင်ပွဲ Season-2 အတွက် ပြိုင်ပွဲဝင်များကို ဖိတ်‌ခေါ်ကာ ယှဉ်ပြိုင်‌နေ‌စေပြီဖြစ်ပြီး ဆုအဖြစ် ‌ရွှေလက်စွပ် (၃)ကွင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ‌ငွေသားဆုနှင့် ဆုဒိုင်းများကို ‌ပေးအပ် သွားမည်ဟု ‌ဖော်ပြထားသည်။