Home ရွေးကောက်ပွဲသတင်း ကရင်အချင်းချင်း စည်းလုံးမှုပျက်ပြား‌စေသည့် မဲဆွယ်မှုများမလုပ်ရန် ရန်ကုန်ကရင်စာယဉ် သ‌ဘောထားထုတ်ပြန်

ကရင်အချင်းချင်း စည်းလုံးမှုပျက်ပြား‌စေသည့် မဲဆွယ်မှုများမလုပ်ရန် ရန်ကုန်ကရင်စာယဉ် သ‌ဘောထားထုတ်ပြန်

2716

‌အောက်တိုဘာ ၂၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်းများအ‌နေဖြင့် မဲဆွယ်စည်းရုံး‌ရေးကာလအတွင်း ကရင်လူမျိုး အချင်းချင်း အမျိုးသား‌ရေးစိတ်ဝမ်းကွဲ‌စေမည့် စကားအသုံးအနှုန်းများနှင့် မဖြစ်နိုင်‌သော ကတိကဝတ်များ‌ပေးပြီး မဲဆွယ်စည်းရုံးခြင်းမပြုကြရန် ရန်ကုန်‌တောင်ပိုင်းနှင့်‌မြောက်ပိုင်းခရိုင် စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများက သ‌ဘောထားထုတ်ပြန်‌ပြောဆိုလိုက်သည်။

မဲဆွယ်စည်းရုံး‌ရေးကာလအတွင်း ကရင်ကိုယ်စားလှယ်‌လောင်းများ၏ဝန်းရံသူအချို့၏ မလိုလားအပ်‌သော မဲဆွယ်စည်းရုံး‌ရေးကိစ္စရပ်များ‌ကြောင့် ကရင်လူမျိုးများအကြား စည်းလုံးမှုပျက်ပြားလာသည့် အ‌ခြေအ‌နေဖြစ် ‌ပေါ်‌နေသည့်အတွက် ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့က သ‌ဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီတာဝန်ရှိသူများက ‌ပြောသည်။

ရန်ကုန်‌တောင်ပိုင်းခရိုင် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီအတွင်း‌ရေးမှူး စမင်းမင်းက “ အခုလက်ရှိ ကိုယ် စားလှယ် ‌လောင်း‌တွေကို ကိုယ်စားပြုပြီးမဲဆွယ်‌ပေးသူ‌တွေက မလိုလားအပ်တဲ့ အမုန်းစကား‌တွေ၊ ဥပမာ ကရင် ကိုယ်စား‌လောင်း ‌တွေကို ပုဂ္ဂိုလ်‌ရေးအရ တိုက်ခိုက်တာ‌တွေက ‌အောက်‌ခြေမှာအချင်းချင်း ထိုးနှက်ပြီးမဲဆွယ် ‌နေကြတယ်။ ဒီလိုမျိုး‌တွေ လုပ်‌တော့ ကရင်ပြည်သူ‌တွေက ထင်‌ယောင်ထင်မှားနဲ့ အခြမ်းခြမ်းအစိတ် စိတ်ကွဲ ကုန်ပြီ။ အဓိကက‌တော့ စည်းလုံး ညီညွတ်မှုနဲ့ပြို ကွဲ‌အောင်မရှိ‌အောင်၊ ဖိအား‌တွေ‌ကြောင့် မဲ‌ပေးရတဲ့ပုံစံမဟုတ်ဘဲ ဒီမိုက‌ရေစီယဉ်‌ကျေးမှုအရ လွတ်လပ်စွာ‌အောင်မဲ‌ပေးနိုင်‌အောင် ရည်ရွယ်တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်အမျိုးသားတို့၏ စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးစံ၊ ဘာသာ‌ရေးနှင့်မဖြစ်နိုင်‌သောစီးပွား‌ရေးလုပ် ငန်း များအ‌ပေါ် ခုတုံးလုပ် မဲဆွယ်ခြင်းအပြင် ရည်ရွယ်ချက်ရှိရှိဖြင့် ကရင်ပါတီအချင်းချင်း၊ လူပုဂ္ဂိုလ်အချင်းချင်း အမုန်းစ ကားအ‌ခြေခံ မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ကြရန် သ‌ဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်း‌ပြောဆိုထားသည်။

ကရင်‌ရေးရာတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ‌စောထွန်းထွန်းက “ဒီအချိန် နိုင်ငံ‌ရေးအခန်းကဏ္ဍမှာပါတီ အသီးသီးက ကျ‌နော်တို့မဲဆွယ်စည်းရုံးတဲ့အခါမှာ ကရင်လူမျိုးနဲ့ပတ်သက်တဲ့အဖွဲ့စည်းအသီးသီးက ဦး‌ဆောင်တဲ့ ‌နေရာ‌တွေမှာရှိ တယ်‌လေ။ အဲဒီ‌တော့စာယဉ်သည်လည်း ကိုယ့်ကရင်စာ‌ပေယဉ်‌ကျေးမှုကို ဦး‌ဆောင်နိုင်တဲ့ အဖွဲ့ အစည်းတစ်ရပ်ဖြစ် တဲ့အတွက် ဒီလိုဦး‌ဆောင်လမ်းညွှန်ပြီး လုပ်‌ဆောင်‌ပေးတာက ‌ကောင်းတယ်။ နားလည် လက်ခံသလို ကြိုဆိုလည်း ကြိုဆိုပါတယ်။ ထိုနည်းတူစွာပဲ အခြား‌သော အဖွဲ့အစည်း‌တွေကလည်း ဒီလိုမျိုးအား‌ပေးတာမျိုး၊ ထုတ်ပြန်တာမျိုး‌တွေ လည်း လုပ်သင့်ပါတယ်။” ဟု‌ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်‌နေ့တွင်ကျင်းပမည့် ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်‌တောင်ပိုင်းခရိုင် ၁ဝ မြို့နယ် အတွင်း ကရင် ‌ရေးရာမဲဆန္ဒရှင်ဦး‌ရေ ၆၉,၀၂၃ ဦးနှင့် ‌မြောက်ပိုင်းခရိုင် ၉ မြို့နယ်အတွင်း ၁၁၃,၂၀ဝ ဦးရှိ‌ကြောင်း ‌အောက်တိုဘာလ ၁ ရက်‌နေ့ ရန်ကုန်တိုင်း‌ဒေသကြီး‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ခွဲစာရင်းများအရ သိရသည်။

ထို့အတူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာအတွက် NLD မှ ကိုယ်စားလှယ်‌လောင်း ‌နော်စူစဲန်နာလှလှစိုး၊ ပြည်သူ့‌ရှေ့‌ဆောင်ပါတီ -PPP မှ ‌နော်လင်းသဂင်္ီထွန်း၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ -USDP မှ ‌စောဂျက်‌ကော့ထူး၊ ကရင်ပြည်သူ့ပါတီ -KPP မှ မန်းသန်းဝင်းဦး၊ ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါတီမှ ‌နော်အုန်းလှနှင့် ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီ -UBP မှ ‌ဒေါ်သင်းသင်းခိုင် တို့အသီသီး ဝင်‌ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။