Home သတင်း ထိုင်းပြန် အလုပ်သမားများကို လက်ခံချိန် ကန့်သတ်မည်

ထိုင်းပြန် အလုပ်သမားများကို လက်ခံချိန် ကန့်သတ်မည်

1988
Photo: Nay Naw

စက်တင်ဘာ ၂၃၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

မြဝတီနယ်စပ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်‌ရေးတံတား အမှတ် ၂ မှတစ်ဆင့် ‌နေရပ်ပြန် ‌ရွှေ့‌ပြောင်းအလုပ်သမားများ ကို စက်တင်ဘာ ၂၃ ရက်‌နေ့(ယ‌နေ့)မှစ၍ မွန်းလွဲ ၁ နာရီမှ ည‌နေ ၆ နာရီထိသာ စိစစ်လက်ခံ‌တော့မည်ဟု မြဝတီ ခရိုင်၊ အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ယခုလို အချိန်‌ပြောင်းလဲ စိစစ်လက်ခံရခြင်းမှာ ကိုဗစ် အ‌ရေး‌ပေါ်ကာလ ‌နေရပ်ပြန်လာသူ တဖြည်းဖြည်း နည်းလာ ခြင်း‌ကြောင့် ဖြစ်သည်ဟု ၎င်းက ‌ပြောသည်။

ယခင် မတ်လ အတွင်းက ကိုဗစ်စတင်ဖြစ်ပွားသည့် အချိန်တွင် မြဝတီနယ်စပ် အမှတ် ၁ တံတားကို အသွားအလာ ကန့်သတ်လိုက်ပြီး ကုန်စည်စီးဆင်းမှုအဓိက လုပ်‌ဆောင်‌နေသည့် အမှတ် ၂ တံတားမှတစ်ဆင့် ‌နေရပ်ပြန်များကို နံနက် ၆ နာရီမှ ည‌နေ ၆ နာရီထိ စိစစ်လက်ခံခဲ့သည်။

ထိုင်းမှ ‌နေရပ်ပြန်များကို ပြီးခဲ့သည့် မတ်လအတွင်းက စတင်စိစစ် ဝင်ခွင့်ပြုခဲ့ရာ ‌နေ့စဉ် ‌ထောင်နှင့်ချီအလုပ်သမား များ ပြန်ဝင်လာ‌သော်လည်း ယခု အချိန်တွင် ရာဂဏာန်းမျှသာ ရှိပြီး ပြန်လာသူများကို မြဝတီရှိ Quarantine centre များတွင် အသွားအလာ ကန့်သတ်‌စောင့်ကြည့် ခြင်းများ ပြုလုပ်လျှက်ရှိ‌ကြောင်း ခရိုင်အုပ်ချုပ်‌ရေး တာဝန်ရှိသူ များထံမှ သိရသည်။

ထိုင်းမှ ‌နေရပ်ပြန်များမှာ မတ် ၂၁ ရက်‌နေ့မှ စက်တင်ဘာ ၂၁ ရက်‌နေ့ထိ ၆ လအတွင်း အမျိုးသား ၇၃,၁၃၃ နှင့် အမျိုးသမီး ၄၅,၂၇၉ စုစု‌ပေါင်း ၁၁၈,၄၁၂ ဦး ပြန်လည်လက်ခံထားပြီး ဖြစ်သည်။