Home သတင်း ရန်ကုန် ကရင်‌ရေးရာ ဝင်ပြိုင်မည့် သူများထဲတွင် အမျိုးသမီးပိုများ

ရန်ကုန် ကရင်‌ရေးရာ ဝင်ပြိုင်မည့် သူများထဲတွင် အမျိုးသမီးပိုများ

2329

ဩဂုတ် ၂၇ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝင်ပြိုင်မည့် ကိုယ် စားလှယ်‌လောင်းထဲတွင် အမျိုးသားများထက် အမျိုးသမီးများ ပိုမိုများပြား‌နေ‌ကြောင်း ပါတီအသီးသီးက ထုတ်ပြန်သည့် ကိုယ်စားလှယ်‌လောင်းများ စာရင်းအရ သိရသည်။

ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ မဲဆန္ဒနယ်တွင် ပါတီ ၇ ခုမှ ကိုယ်စားလှယ် ၇ ဦး ဝင်ပြိုင်ရန်ရှိ ရာ ယင်းတို့ထဲတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့ဖြစ်‌ကြောင်း သတင်းရရှိသည်။

အဆိုပါ အမျိုးသမီးကိုယ်စားလှယ်များမှာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)မှ လက်ရှိရန်ကုန်တိုင်း ‌ဒေသ ကြီး အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်စူစဲန်နာလှလှစိုး၊ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဒီမိုက ‌ရေစီပါတီ(UNDP)မှ ‌နော်အုန်းလှ၊ ပြည်သူ့‌ရှေ့‌ဆောင်ပါတီ(PPP)မှ ‌နော်လင်းသိဂင်္ီထွန်း၊ ပြည်သူ့‌ကောင်း ကျိုး‌ဆောင်ပါတီ (UBP)မှ နန့်သင်းသင်းခိုင်တို့ဖြစ်‌ကြောင်း အဆိုပါတီများက သတင်းထုတ်ပြန်ထားသည်။

“ကရင်လူမျိုး‌တွေ အခွင့်အ‌ရေးအပြည့်အဝရဖို့၊ တန်းတူအခွင့်အ‌ရေး ရဖို့လုပ်‌ဆောင်ချင်လို့ အခုလို ဝင်ပြိုင်တာ ဖြစ်တယ်” ဟု အမျိုးသမီး ကိုယ်စားလှယ်‌လောင်း တဦးဖြစ်သူ ‌နော်အုန်းလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌နော်စူစဲန်နာလှလှစိုးက ရန်ကုန်ရှိ ကရင်ပြည်သူများအ‌နေဖြင့် ကိုယ့်အတွက် ရပ်တည်‌ပေးမည့်သူ လုပ်ကိုင်နိုင်တဲ့သူကို ‌သေချာ‌ရွေးချယ်မဲ‌ပေးကြရန် ‌ပြောလိုသည်ဟု ‌ကေအိုင်စီသို့ ဩဂုတ် ၂၆ ရက်‌နေ့တွင် ‌ပြောသည်။

“အရင်ကထက် အမျိုးသမီး‌တွေ အများအပြား ပါဝင်လာတာကို ဝမ်းသာတယ်၊ ဒါ‌ပေမဲ့ အနိုင်အရှုံး‌ပေါ်မှာလည်း မူတည်‌သေးတယ်‌ပေါ့‌နော်။ ကျမတို့က‌တော့ သတင်းအချက်အလက်အရပဲ‌ပြော‌ပြော၊ လိုအပ်တဲ့တခြား နည်း လမ်း‌တွေပဲ‌ပြော‌ပြော ပံ့ပိုးသွားဖို့ရှိပါတယ်။ အထူးသဖြင့်‌တော့ တိုင်းရင်းသား‌ဒေသ‌တွေမှာ‌ပေါ့”ဟု အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာ)-WLB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်ဆဲဆဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ရန်ကုန်ကရင်‌ရေးရာကို ကရင်ပြည်သူ့ပါတီ (KPP)ကိုယ်စားပြု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦး၊ ပြည်‌ထောင်စုကြံခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီကိုယ် စားပြုကာ ကရင်ဥပ‌ဒေပညာရှင်များ လူမှုအ‌ထောက်အကူပြုအဖွဲ့အတွင်း‌ရေးမှူး ‌စောဂျက်‌ကော့ထူးတို့ ဝင်ပြိုင် သွားမည် ဖြစ်သည်။

အလားတူ ညီညွတ်‌သောဒီမိုကရက်တစ်ပါတီ-UDP (နှင်းဆီပါတီ)မှ အမျိုးသားကိုယ်စားလှယ် တဦးဝင်ပြိုင် သွားမည်ဖြစ်ကာ ကိုယ်စားလှယ်အမည်ကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က စိစစ်ပြီး‌နောက် ထုတ်ပြန်မှသာ ပါတီက ထုတ်ပြန်သွားမည်ဟု နှင်းဆီပါတီ ရန်ကုန်တိုင်းရုံးမှ သိရသည်။